Saturday, April 14, 2012

ဟားခါး ရုန်းတောင်ပေါ် ခရစ်ယာန် လက်ဝါးကားတိုင် ဖြိုလှဲမှု အရေး ဆိုမည်

KHONUMTHUNG NEWS

ယခုနှစ် ဖေဖေါ်ဝါရီလ အတွင်း “ အမျိုးနဲ့နယ်မြေအ တွက် ဟူသော ဆုတောင်း အသင်း ” က စိုက်ထူ ထားသည့် ချင်းပြည် နယ် မြို့တော် ဟားခါးရုန်း တောင်ရှိ လက်ဝါး ကားတိုင် ဖြိုလှဲသူ တရားခံ ယနေ့ထိ မသိရှိ ရသေး ကြောင်းသိ ရသည်။

အဆိုပါ ခရစ်ယာန် လက်ဝါးကား တိုင်ကို လက်ရှိ ချင်း ဘာသာရေး အကြား တရား ဒေသနာ ဟောကြား ရာ တွင် အထင်ရှား ဆုံးဖြစ်သည့် Tluangzauk group နှင့် ဓမ္မ ဆရာကြီး သိက္ခာ တော်ရ ဒေါက်တာ Van Ram Uk တို့ဦးဆောင် သည့် ယုံ ကြည် သူများက ရုန်းတောင်ပေါ် ဗျူဟာ တပ်စခန်း အနီးတွင် ၂၀၁၁ ခုနှစ် မတ်လ အတွင်းက စိုက်ထူ ထားခြင်း ဖြစ်သည်။

ယင်းကိစ္စ အတွက် ချင်းပြည်နယ် လွှတ်တော်ကိုယ် စား လှယ်များ၊ ခရစ်ယာန် ဘာသာရေး အသင်း အဖွဲ့က စုံစမ်း နေကြောင်း ပြည်နယ် လွှတ်တော် ကိုယ် စား လှယ်တဦး က ပြောသည်။

“ ဘယ်သူ့အမိန့်နဲ့ ကားတိုင်ကို ဖြိုလှဲ သလဲ၊ ဘယ်သူက ဖြိုလှဲသွားသလဲ ဆိုတာ အရေးယူဆောင် ရွက်ဖို့ လွှတ်တော်မှာ တင်မယ်၊ ဒါက ဥပဒေနဲ့ ဆန့်ကျင်တယ်” ဟု ပြောသည်။

၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁၁ ရက် နေ့မှ စတင် ကျင်းပ သည့် ပထမ အကြိမ် ချင်းပြည်နယ် လွှတ်တော် တတိယ ပုံမှန်အ စည်းအ ဝေးတွင် ချင်း အမျိုးသား ပါတီမှ ပြည်နယ် ကိုယ်စားလှယ် တဦး တင် သွင်းသည့် ကန်ပက်လက် မြို့နယ် အတွင်း ၂၀၁၁ ခုနှစ် ဇူလိုင် ၂၈ ရက်နေ့က ခရစ်ယာန် လက်ဝါး ကားတိုင် ဖျက်ဆီး သရော်မှု အရေးယူ ပေးရေး တိုင်ကြားချက် အပေါ် အရေး ယူမှု ရှိမရှိ အဆို ပယ်ချ ခံခဲ့ သည်။

အဆိုပါ လက်ဝါး ကားတိုင် မြို့နယ် ပြည်သူ့ ရဲမှူး ဗိုလ်ကြီး အဲရစ် ( ကွယ်လွန်) က သိသိချင်း လက်ဝါး ကားတိုင် ပြုလုပ်သူ လက်ရှိ ဟားခါးမြို့ ပြည်တော်သာ ရပ်ကွက်နေ ပူး ဗျက်ကျော်န်အား ခေါ်ယူပြီး သယ်ယူ ခိုင်းကြောင်း သိရသည်။

No comments: