Monday, April 23, 2012

မြန်မာ့​အထည်ချုပ်လုပ်ငန်း​ ဦး​မော့​လာမည်ဟု အထည်ချုပ်လုပ်ငန်း​အသင်း​ ​ပြော

ခင်မင်းဇော်

ဥ​ရောပသမဂ္ဂဘက်က မြန်မာနိုင်ငံအ​ပေါ် စီး​ပွား​ရေး​ဒဏ်ခတ်ပိတ်ဆို့​မှုရုပ် သိမ်း​လိုက်မယ်ဆိုရင် မြန်မာ့​အထည်ချုပ်လုပ်ငန်း​ ဦး​မော့​လာ​တော့​မယ် လို့​ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်း​ရှင်များ​အသင်း​က ​ပြောပါတယ်။

ဒီ​နေ့​ည​နေမှာ ဥ​ရောပသမဂ္ဂက စီး​ပွား​ရေး​ပိတ်ဆို့​မှု ရုပ်သိမ်း​ဖို့​ ရှိ​နေပြီး​ ပိတ်ဆို့​မှု​တွေ ဖယ်ရှား​မယ့်​ အ​ခြေအ​နေ​တွေ ရှိ​နေတာပါ။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း​ရှင်များ​အသင်း​ အတွင်း​ရေး​မှူး​ ဦး​မြင့်​စိုး​က “အခု ကျ​နော်တို့​ ဂျပန်နဲ့​ကိုရီး​ယား​ကို ကျ​နော်တို့​ပို့​နေတာ ​တောက်​လျောက် တိုး​တက်​နေပါတယ်။ အဲ​တော့​ ဥ​ရောပဘက်ကလည်း​ ဂျီအက်စ်ပီ အထူး​အခွင့်​အ​ရေး​တွေ ပြန်ပြီး​ပေး​မယ်ဆိုရင် ​ဈေး​ကွက် ပိုကျယ်ပြန့်​လာမှာ​ပေါ့​။ ​ဈေး​ကွက်ကျယ်ပြန့်​တာနဲ့​အမ်ွ ပိုပြီး​တော့​ တိုး​တက်မှုများ​လာမယ်။ အလုပ်အကိုင်အခွင့်​အလမ်း​တွေ များ​လာမယ်” လို့​ ​ပြောပါတယ်။

ဖွံ့​ဖြိုး​မှုအနည်း​ဆုံး​ (LDC) နိုင်ငံ​တွေဟာ စက်မှုနိုင်ငံကြီး​တွေက ​ပေး​တဲ့​ ပို့​ကုန်ဆိုင်ရာ မျက်နှာသာ​ပေး​တဲ့​ အထူး​အခွင့်​အ​ရေး​ (ဂျီအက် စ်ပီ) ကို ရရှိကြပါတယ်။

မြန်မာနိုင်ငံရဲ့​ လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှုအ​ခြေအ​နေ​တွေ​ကြောင့်​ ဥ​ရောပနိုင်ငံ​တွေက မြန်မာနိုင်ငံအတွက် ခွင့်​ပြုထား​တဲ့​ အထူး​အခွင့်​အ​ရေး​ (ဂျီအက်စ်ပီ)ကို ၁၉၉၇ ခုနှစ်မှာ ပိတ်ပင်ထား​တာပါ။ အခု မြန်မာနိုင်ငံရဲ့​ နိုင်ငံ​ရေး​ဖြစ်ထွန်း​ တိုး​တက်မှု​တွေ​ကြောင့်​ မြန်မာအ​ပေါ် ချမှတ်တဲ့​ စီး​ပွား​ရေး​ ဒဏ်ခတ်ပိတ်ဆို့​မှု​တွေကို ဥ​ရောပသမဂ္ဂက ဖယ်ရှား​ပေး​ဖို့​ ရှိ​နေပါတယ်။

အီး​ယူက အထူး​အခွင့်​အ​ရေး​ကို ရုပ်သိမ်း​ထား​တဲ့​အတွက် ပို့​ကုန်အ​ပေါ် အခွန် ၁၀ ရာခိုင်နှုန်း​က​နေ ၁၃ ရာခိုင်နှုန်း​ထိ ​ကောက်ခံ​နေတာ​ကြောင့်​ မြန်မာ့​ အထည်ချုပ်လုပ်ငန်း​ဟာ မထိုး​ဖောက်နိုင်ဘဲ ဖြစ်​နေတယ်လို့​ ဦး​မြင့်​စိုး​က ​ပြောဆိုပါတယ်။

အခုလတ်တ​လောမှာ မြန်မာပြည် အ​ခြေအ​နေ​တွေ​ကြောင့်​ အထည်ချုပ် လုပ်ငန်း​မှာ ရင်း​နှီး​မြှုပ်နှံဖို့​ လာ​ရောက်စုံစမ်း​မှု​တွေ တိုး​များ​လာ​နေတယ်လို့​ ဦး​မြင့်​စိုး​က ​ပြောပါတယ်။

“​ဈေး​ကွက်က ပိုကြီး​သွား​မှာ​ပေါ့​။ ပိုကျယ်ပြန့်​သွား​မှာ​ပေါ့​။ က​မ္ဘောဒီး​ယား​တို့​ လာအိုတို့​မှာ လုပ်​နေတဲ့​ပုံစံမျိုး​ ဒီဘက်ကိုလည်း​ မျက်စိ​တွေ ကျ​နေကြတာ။ အခု​တော့​ လာ​နေကြတာ။ ဝင်​မေး​မြန်း​တာ​တွေ လုပ်​နေကြတာ။ ပိတ်ဆို့​ ဒဏ်ခတ်တာ ရုပ်လိုက်ပြီး​ရင်​တော့​၊​ ရုပ်မယ်လို့​တော့​ ​ပြောလိုက်ပြီး​ပြီ။ သူက အခွင့်​အလမ်း​ လာရှာတာ။ စီး​ပွား​ရေး​သမား​က​တော့​ ဒီလိုပဲလုပ်ကြတာပဲ။ မဆိုး​ပါဘူး​။ စိတ်ဝင်စား​တဲ့​လူ​တွေ များ​နေတယ်။ အခု အီတလီ၊​ ဂျာမနီ၊​ စပိန်၊​ နယ်သာလန်၊​ အစုံပါပဲ။ အင်္ဂလန်၊​ အ​မေရိကန်က​တော့​ ကျဲပါတယ်။ ယူအက်စ်က နည်း​နည်း​ အချိန်​ပေး​ရဦး​မယ်” လို့​ပြောပါတယ်။

မြန်မာ့​အထည်ချုပ်​ဈေး​ကွက်ဟာ ကနဦး​ပိုင်း​က အ​မေရိကန်ပြည်​ထောင်စုနဲ့​ ဥ​ရောပသမဂ္ဂဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ်ခန့်​က မြန်မာ့​အထည် ချုပ်ရဲ့​ တဝက်​ ကျော်ဟာ အ​မေရိကန် ပြည်​ထောင် စုကို တင်ပို့​ခဲ့​ပြီး​ မြန်မာ့​ အထည်ပို့​ကုန် ၄၀ ရာခိုင် နှုန်း​က ဥ​ရောပ သမဂ္ဂကို တင်ပို့​ခဲ့​ တာဖြစ် ပါတယ်။ စီး​ပွား​ရေး​ ပိတ်ဆို့​မှု​ တွေ​ကြောင့်​ အထည် ပို့​ကုန်​ တွေဟာ ဂျပန်နဲ့​ ကိုရီး​ယား​ ဘက်ကို ဦး​တည် ခဲ့​ပါတယ်။

အ​မေရိကန်နဲ့​အီး​ယူရဲ့​ စီး​ပွား​ရေး​ဒဏ်ခတ်ပိတ်ဆို့​မှုဟာ မြန်မာ့​အထည်ချုပ်လုပ်ငန်း​ကို ထိခိုက်ခဲ့​ပြီး​ ​ထောင်​သောင်း​ချီတဲ့​ မြန်မာ အထည် ချုပ် လုပ်သား​ တွေဟာ လုပ်ခ ပိုမို ရရှိတဲ့​ အိမ်နီး​ချင်း​ ထိုင်း​ နိုင်ငံက အ ထည်ချုပ် စက်ရုံ​ တွေမှာ လုပ်ကိုင်​ နေကြ ပါတယ်။

No comments: