Monday, April 9, 2012

တနင်္သာရီတိုင်း ကော့သောင်းမြို့တွင် မွန် ဒေသလုံး ဆိုင်ရာ ဒီမို ကရေစီ ပါတီ ရုံးဖွင့်လှစ်

ကောင်းဝါသတင်းဌာန

မွန် ဒေသလုံး ဆိုင်ရာ ဒီမို ကရက် ပါတီက ကြားဖြတ် ရွေးကောက်ပွဲ အပြီးတွင် ၄င်း၏ ပထမ ဆုံးသော ရုံးခွဲ အသစ်ကို မြန်မာ နိုင်ငံ တောင်ပိုင်း တနင်္သာရီ တိုင်း ကော့သောင်း မြို့၌ ဧပြီလ (၆) ရက်နေ့တွင် ဖွင့်လှစ် လိုက်သည်။

မွန်ဒေသလုံး ဆိုင်ရာ ဒီမို ကရေစီပါတီ အတွင်း ရေးမှူး နိုင်သိုက်ဇွဲက တနင်္သာ ရီတိုင်းတွင် ရှိသော မွန် လူမျိုးများ ပြောရေး ဆိုခွင့်၊လုပ် ငန်း လုပ်ပိုင် ခွင့်များ ရရှိ ရန်လို့ငှာ ပါတီ၏ ရုံးခွဲကို ယခု ကဲ့သို့ဖွင့် လှစ်လိုက်ခြင်း ဖြစ်သည် ဟု ဆိုသည်။

မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ ရုံးဖွင့် ပွဲကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် နိုင်သိန်း အောင် မှဦးဆောင် ဖွင့်လှစ်ခဲပြီး မြို့နေ ပြည်သူ လူထု (၄၀၀) ကျော် တက်ရောက် ခဲ့သည် ဟု ဒေသခံ များက ပြောပါသည်။

ပါတီရုံးကို ကော့သောင်းမြို့ ရွှေဟင်္သာရပ်ကွက် မြရည်ပုလဲလမ်းတွင် ဖွင့်လှစ်ခဲ့သည်။

ဒီမိုကရက်တစ်ပါတီ(မြန်မာ)တိုင်းစည်းရုံးရေးမှူး ဦးသန်းထွန်း ကော့သောင်းမြို့တွင် မွန်ဒေသလုံး ဆိုင်ရာ ဒီမို ကရေစီ ပါတီရုံး ဖွင့်လှစ် ခြင်းကို ကြိုဆိုကြောင်း ပြောသည်။

“အခုလိုကျွန်တော်တို့ညီနောင်ပါတီကနေရုံးဖွင့်တာကိုကြိုဆိုပါတယ်။ မြန်မာနိုင်ငံရေး ပြောင်းလဲဖို့အတွက် ကျွန်တော်တို့ပါတီတွေ လက်တွဲပြီးလုပ်ဆောင်ရမဲ့တာဝန်ရှိပါတယ်။” ဟု ဦးသန်းထွန်းက ပြောပါ သည်။

ကော့သောင်းမြို့နှင့် ဆက်စပ်ရာဒေသတဝိုက်တွင် မွန်လူမျိုးနှင့် မွန်စကားမတတ်သော မွန်လူမျိုး သိန်းနှင့်ချီပြီးရှိနေသောကြောင့် ထိုမွန်ပြည်သူတို့အင်အားနှင့် လာမည့်(၂၀၁၅)ခုနှစ် ရွေးကောက် ပွဲတွင် ဝင်ပါယှဉ်ပြိုင်သွားမည်ဟု ကော့သောင်း မြို့နယ် မွန်ဒေသလုံး ဆိုင်ရာဒီမိုကရေစီပါတီ အတွင်းရေးမှူးနိုင်သိုက်ဇွဲက ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ ကိုယ်စားလှယ် (၃၄) ဦး ဝင်ရောက်ယှဉ်ပြိုင်အရွေးခံခဲ့ရာ (၁၆)ဦးအနိုင် ရခဲ့သည်။

ပြီးခဲ့သည့် ဧပြီလ (၁) ရက်နေ့ တွင် ကျင်းပသော ကြားဖြတ် ရွေးကောက် ပွဲတွင် မော်လမြိုင်မြို့နယ် မဲဆန္ဒ နယ်တွင် မွန်ဒီမိုကရေစီ ပါတီမှ မိမြင့်မြင့်ဝေက NLD ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ်အား ရှုံးနိမ့် ခဲ့သည်။

No comments: