Tuesday, April 10, 2012

အေမရိကန် အမတ်နှင့် အန်အယ်လ်ဒီ နာယက တွေ့ဆုံမည့် အစီအစဉ် ဖျက်သိမ်း

ဇင်​မောင်

မြန်မာ နိုင်ငံ ရောက်ရှိ နေတဲ့ အမေ ရိကန် အထက် လွှတ်တော် အမတ် မစ္စတာ ဂျင်ဝက်ဘ်နဲ့ အမျိုးသား ဒီမို ကေရစီ အဖွဲ့ ချုပ်ရဲ့ နာယက ဦး တင်ဦးတို့ တွေ့ဆုံမယ့် အစီ အစဉ်ကို ဖျက်သိမ်း လိုက်ပါတယ်။

နှစ်ဖက် တွေ့ဆုံဖို့ ဒီနေ့ ချိန်းဆို ထားပေမယ့် မစ္စတာ ဂျင်ဝက်ဘ်က မ အား လပ်တဲ့ အတွက် အစီ အစဉ် ဖျက်သိမ်း လိုက်တာလို့ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်ရဲ့ ပြောရေး ဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်းက ပြောပါ တယ်။

မြန်မာ နိုင်ငံ ရောက်ရှိ နေတဲ့ အေမရိကန် အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်ဝက်ဘ်ဟာ ဒီနေ့ မနက်ပိုင်းက ပဲခူးမြို့ကို သွားရောက်ပြီး ကရင် အမျိုးသား အစည်းအရုံး (ကေအန်ယူ) နဲ့ မြန်မာ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စား လှယ်အဖွဲ့ တွေရဲ့ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲကို လေ့လာသွား တယ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင်တဦးက ပြောပါတယ်။

မစ္စတာ ဂျင်ဝက်ဘ်ဟာ ဧပြီ ၉ ရက် နေ့တုန်းက နြေပည်တော်မှာ သမ္မတ ဦးသိန်းစိန် အပါအ၀င် လွှတ်တော် အြကီး အကဲ တွေနဲ့လည်း တွေ့ဆုံ ခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့၊ ကဏ္ဍေ ပေါင်းစုံမှာ ပူးပေါင်း ဆောင်ရွက်ရေး၊ ပြည်တွင်း နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေနဲ့ ပက်သက်လို့ ဆွေးနွေး ခဲ့ကြောင်း ဒီနေ့ထုတ် နိုင်ငံပိုင် သတင်းစာ တွေမှာ ဖော်ပြ ထားပါတယ်။

ဂျင်ဝက်ဘ်ရဲ့ အခုခရီးစဉ်နဲ့ ပက်သက်ပြီး ဧပြီ ၁၁ ရက်နေ့မှာ သတင်း စာရှင်းလင်းပွဲကို အေမရိကန်သံရုံးတွင် ပြုလုပ်မှာ ဖြစ်ပါတယ်။

No comments: