
သျှမ်းပြည်မြောက်ပိုင်း အမျိုးသားလွှတ်တော် လစ်လပ်နေအတွက် ကြားဖြတ်ရွေးကောက်ပွဲ မဲပေးမှုအခြေအနေနှင့် ပတ် သက်၍ အမေရိ ကန်သံရုံး၏ ပထမ အတွင်းဝန် က ကျားဖြူပါတီ၏ အကြီးအကဲများနှင့်တွေ့ဆုံမေးမြန်းခဲ့ကြကြောင်း ကျားဖြူ ပါတီ အသိုင်း အဝိုင်းက ပြောသည်။
“ ဒီကနေ့ မနက်မှာ ကျနော်တို့ ဥက္ကဌ စိုင်းအောင်ကြီး ၊အကြံပေးပုဂ္ဂိုလ် စိုင်းခမ်းလိုင်နဲ့အဖွဲ့ကို အမေရိကန်သံရုံးက ပထမ အတွင်းဝန် မစ္စ တာ ဒေါက်ဂလပ်စ်က လားရှိုးမိုတယ်မှာ တွေ့ဆုံခဲ့ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကျားဖြူ ပါတီရဲ့ အမြင် သဘောထား ကို မေးမြန်းခဲ့ပါတယ်။ ကျနော်တို့ နာယကကြီး စိုင်းခမ်းလိုင်က ၂၀၁၀ ထက်စာရင်တော့ အခု ရွေးကောက်ပွဲဟာ အနည်းငယ် ပိုလွတ် လပ်ပြီး တရားမျှတမှုရှိတယ်လို့ ပြောလို့ရပါတယ် လို့ပြန်ဖြေတယ်” ဟု ကျားဖြူပါတီ အောင်နိုင်ရေး လွတ်လပ်စွာမဲပေးခွင့်အတွက် စောင့် ကြည့်လေ့လာသည့် လူငယ်များ အဖွဲ့ဝင် စိုင်းလူက သျှမ်းသံတော်ဆင့် အားပြောပြ သည်။
ယနေ့နံနက် ၁၀ နာရီက လားရှိုးမိုတယ်၌ အမေရိကန် သံရုံး ပထမအတွင်းဝန် (Political and Economic Chief) Mr. Douglas Sonnek အား ကျားဖြူပါတီ ဥက္ကဌ စိုင်းအောင်ကြီး၊ အကြံပေးပုဂ္ဂိုလ်စိုင်းခမ်းလိုင်၊ အဖွဲ့ဝင်များဖြစ်ကြသော စိုင်းစံမင်း၊ စိုင်းထွန်းဟန်၊ စိုင်းဟန် အောင် နှင့် နန်းဆိုင်ဟန်တို့ သွားရောက်တွေ့ဆုံခြင်းဖြစ်ပြီး ၁ နာရီခန့်အကြာ ဆွေးနွေးပြောဆိုဖြစ်ခဲ့ကြကြောင်း ဆိုပါသည်။
“မနေ့က ရွေးကောက်ပွဲမှာ မဲရုံကိုယ်စားလှယ်တွေလဲ ကြိုတင်မဲတွေဘာတွေ တောင်းကြည့်လို့ရတယ်။ မဲရုံထဲဝင်လို့ရတယ်။ မီဒီယာနဲ့ထိ တွေ့ခွင့်ရတယ် ဒီအချက်ကိုကြည့်ခြင်းအားဖြင့် ၂၀၁၀ ကထက် အနည်းငယ် လွတ်လပ်ပြီးတရားမျှတမှုရှိတယ်။ သို့ပေမယ့် မသမာ မဲ တွေ တော့ ရှိတုန်းဘဲ” ဟု စိုင်းခမ်းလိုင်က မစ္စတာဒေါက်ဂလပ်စ်၏ အမေးကိုဖြေကြားကြောင်း စိုင်းလူက ပြော၏။
ကြားဖြတ်ရွေးကောက်ပွဲ နိုင်ရင်ဘာလုပ်မလဲဟူသော အမေရိကန်အရာရှိ၏ အမေးကိုမူ စိုင်းခမ်းလိုင်က “ ကြားဖြတ်ရွေး ကောက်ပွဲ နိုင် ရင်ဘာလုပ်မလဲ မပြောနိုင်သေးပေမယ့် ရှုံးခဲ့ရင်တော့ ၂၀၁၅ ရွေးကောက်ပွဲ အတွက် ကျနော်တို့ နိုင်ငံရေးပါတီ တခုအနေနဲ့ ဆက်လက် ရပ်တည်သွားမယ်။ အခုရွေးကောက်ပွဲအတွက်လည်း ကျနော်တို့ ကျားဖြူပါတီဝင်တွေ စေတနာ မေတ္တာရှေ့ထားတဲ့လူငယ်တွေက လစာ တပြားမှမရဘဲ ၃ ဖွဲ့ခွဲပြီး အင်တိုက် အားတိုက် နေ့မအား ညမနား စည်းရုံးရေး ဆင်းပေးတယ် ” ဟုဖြေခဲ့ကြောင်း သိရ၏။
ရှေ့ဆက်လုပ်ငန်းစဉ်အရ စာပေမတတ်ကျွမ်းသော ဒေသခံ သျှမ်းပြည်လူထုအများစုအား စာပေယဉ်ကျေးမှု အသိပညာ ပေးသည့် လုပ် ငန်းဆက်လုပ်သွားမည်ဖြစ်ကြောင်း၊ တခြားနိုင်ငံများထက်စာပါက ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေသော သျှမ်းပြည်လူထုအတွက် နိုင်ငံရေး နိုးကြားမှုရှိလာအောင် သျှမ်းစာ၊ ဗမာစာနှင့် အင်္ဂလိပ်စာပို့ချမည့်သင်တန်း ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း စိုင်း ခမ်း လိုင်နှင့်အဖွဲ့က ဖြေကြားခဲ့သည်ဟု စိုင်းလူက ပြောသည်။
နောက်ဆုံးအနေဖြင့် စိုင်းခမ်းလိုင်က တွေ့ဆုံပွဲအတွက်၊ မိမိတို့ အား အသိအမှတ်ပြုသည့်အနေဖြင့် အချိန်ပေးကာ အခက် အခဲများ ကို နား ထောင်ပေးသဖြင့် ပျော်ရွှင်ကျေနပ်ကြောင်း ပြောကြားကာ တွေ့ဆုံပွဲရုတ်သိမ်းခဲ့ကြကြောင်း ဆိုပါသည်။
No comments:
Post a Comment