Wednesday, April 4, 2012

အချုပ်ခန်း ဖောက်ပြေးပစ်ခတ်မှု၊ ၂ ဦးသေ ၁၀ ဦး ဒဏ်ရာရ

ကို​ထွေး

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရဲစခန်းမှာ အချုပ်ခန်းဖောက်ပြေးသူတွေကို ရဲက ပစ်ခတ် ဖမ်းဆီးတဲ့အတွက် အနည်းဆုံး ၂ ဦး သေဆုံးပြီး လူ ၁၀ ဦးလောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေန့ မနက် ၂ နာရီလောက်မှာ အမျိုးသား အချုပ်ခန်းက ရဲသားတွေနဲ့ အချုပ်သားတွေအြကား ဖြစ်ပွားခဲ့တာဖြစ်ပြီး ပစ်ဖောက်တဲ့ သေနတ်သံတွေကို အနီးပတ်ဝန်းကျင်က ကြားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အချုပ်သား အခန်းက အချုပ်သားဦးရေနဲ့ မမျှေအာင် ကျပ်တယ်လို့ ကြားရတယ်။ အဲဒီအချုပ်ခန်းက ဖောက်ထွက်တာကေန ကြိုးစားရာ
က နေ ပစ်ကြခတ်ကြတယ်လို့ နားလည်လိုက်တယ်။ ပစ်ခတ်တဲ့နေရာမှာ မီးရှို့တာတို့၊ နံရံတွန်းပြိုတာတို့ ကျေန်ာတဆင့်ကြားရတယ်။ ၂ ယောက်ကေတာ့ ပွဲချင်းပြီး သေသွားတယ်။ ညတွင်းချင်းပဲ သွားမြှုပ်လိုက်တယ်လို့ ပြောတယ်။ ကျန်တဲ့ ၁၀ ယောက်က မနက် ၆ နာရီ လောက်က ဆေးရုံတင်လိုက်ပြီး အတွင်းလူနာအြဖစ် ထားတယ်။ ပစ်လိုက်လို့ သေသွားတဲ့ အေလာင်း ၂ လောင်းကေတာ့ မနက်စော စောပဲ သွားမြှုပ်လိုက်တယ်လို့ ကြားရတယ်။ အခုနောက်ပိုင်း ပြန်ကြားတာက အဲဒီအေလာင် သွားပြန်ဖော်ပြီးတော့ အေလာင်းကို စစ်ဆေး တယ်လို့ကြားတယ်။”

သေဆုံးသူဟာ ၂ ဦးထက် ပိုနိုင်တယ်လို့လည်း ဒေသခံတွေက ခန့်မှန်း ပြောဆိုနြေကပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ မိုးညှင်းမြို့နယ် ရဲစခန်းနဲ့ ဆေးရုံကို ဖုန်းနဲ့ အြကိမ်ကြိမ် ဆက်သွယ် မေးမြန်းရာမှာ တာဝန်ယူဖြေဆိုဖို့ ငြင်းဆန် ကြ ပါတယ်။

မိုးညှင်း ရဲစခန်းမှာ အမျိုးသား အချုပ်ခန်း ၄ ခန်းနဲ့ အမျိုးသမီး အချုပ်ခန်း ၁ ခန်း ရှိတယ်လို့လည်း ရဲစခန်းနဲ့ နီးစပ်သူတွေက ပြောပါ တယ်။

No comments: