Thursday, April 5, 2012

မောင်တော တွင် ကျောက်စရစ်ခဲ ကျင်းများကို ဒဏ်အဖြစ် နစက ကောက်နေ

မောင်တော (ကုလားတန်)

နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး နှင့် ကွက်ကဲမှုဌာန(နစက)များ သည် ၎င်းနစက ဌာနချုပ်အနီးအနား တ၀ိုက်ရှိ ကျေးရွာများတွင် အ ဆောက်အဦး ပြုပြင်မှု ပြုလုပ်ခြင်း ရှိမရှိ ကို စစ်ဆေးပြီး၊ ဒဏ်ရိုက်သည့်အဖြစ် ကျောက်စရစ်ကျင်းများကို အတင်းအဓမ္မ တောင်းလျက် ရှိနေကြောင်း နွားရုံးတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ပြောပြချက်အရ သိရသည်။

နစက ဌာနချုပ်အနီးရှိ ကျေးရွာများဖြစ်သော နွားရုံးတောင်၊ မောင်နှမ နှင့် ကျီးကန်ပြင် ကျေးရွာများ သို့ သွားရောက်ပြီး တအိမ်တက် တ အိမ်ဆင်း အိမ်ပြုပြင်မှုကို စစ်ဆေးလျင်ရှိကြောင်း၊ ထို့သို့ စစ်ဆေးရာတွင် ပြုပြင် တွေ့ရှိပါက ၎င်းအဆောက်အဦးကို ဓါတ်ပုံရိုက် ယူထား သည့်အပြင်၊ ၎င်းရွာသားအား ဌာနချုပ်သို့ ခေါ်ယူ စစ်ဆေးလေ့ရှိကြောင်း သိရသည်။

နစက ဌာနချုပ်၌ ကျေးရွာတွင် တွေ့ရှိခဲ့သော အစီရင်ခံစာအတိုင်း စစ်ဆေးပြီး ဒဏ်အဖြစ်ကျောက်စရစ်ခဲကျင်း ၅ မှ ၁၀ ထိ ကောက်ခံ လျက် ရှိကြောင်း ကျေးရွာ လူကြီးတဦးက ပြောပြသည်။

တကျင်းတိုသည်မှာ အလျား ၉ ပေ၊ အနံ ၉ ပေ နှင့် အမြင့် ၁ ပေအတွင်းရှိသည့် ကျောက်စရစ်ခဲများကို ခေါ်ပြီး၊ ကာလာ ပေါက်ဈေးမှာ ၅၀၀၀ ကျပ်ရှိကြောင်း ၎င်းကပင် ပြောပြသည်။

ခင်ဗျားတို့ သွားလာရန်လမ်းဖောက်လုပ်နေရတယ်၊ ၎င်းအတွက် ကျောက်စရစ်ခဲများလိုနေတယ်၊အဲဒီလိုနေတဲ ကျောက်စရစ်ခဲများကို ခင် ဗျားတို့ပေးပါဟု အမှုစစ်ဆေးသည့် နစကအရာရှိက ပြောပြသည်။

သို့သော် ၎င်းနစက အရာရှိသည် တကယ်တန်းတွင် ကျောက်စရစ်ခဲများကို မယူဘဲ ကာလာပေါက်ဈေး ငွေများ ကိုသာ အတင်း တောင်း ယူ နေကြောင်း မောင်နှမကျေးရွာ မှ ကျောင်းဆရာ တဦး၏ ပြောပြချက်အရ သိရသည်။

လွန်ခဲ့သောလတွင် မြို့နယ်အုပ်ချုပ်ရေးမှူးသည် သူလက်အောက်ရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးများ အား အိမ်ဆောက် ပြုပြင် ပြုလုပ်ရန် ခွင့်ပြုမိန့်ပေးရာတွင် အသေးစိတ် ညွန့်ကြားပေးရန် ပြောပြီး ခွင့်ပြုမိန့်ပေးခဲ့ သော်လည်း ယခုတဖန် နစကများသည် ကျေးရွာများကို စစ်ဆေးပြီး ဒဏ်ရိုက်လျက် ရှိနေကြောင်း မောင်တောမြို့ မှ နိုင်ငံရေးတဦးက ပြောပြသည်။

No comments: