Thursday, April 12, 2012

ရှေ့​ဆက် ပူး​ပေါင်း​ဆောင်ရွက်​ရေး​ သမ္မတနှင့်​ ​ဒေါ်​အောင်ဆန်း​စုကြည်​ဆွေး​နွေး

ကို​ထွေး

အမျိုး​သား​ ဒီမို က​ရေစီ အဖွဲ့​ချုပ် ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ နိုင်ငံ​တော် သမ္မတ ဦး​သိန်း​စိန် ​တွေ့​ဆုံ ရာမှာ ​ရှေ့​ဆက် ပူး​ပေါင်း​ ဆောင်ရွက် နိုင်မယ့်​ နည်း​လမ်း ​တွေကို ​ဆွေး​နွေး ​ခဲ့​ကြ ပါတယ်။

ဧပြီ ၁၁ ရက်​ နေ့​က ၁နာရီ ခွဲနီး​ ပါး​ကြာ သမ္မတ အိမ်​တော်မှာ ​တွေ့​ဆုံ​ ဆွေး​နွေး​ ခဲ့​တာလို့​ ​ဒေါ်​အောင်ဆန်း​ စုကြည်ရဲ့​ လုံခြုံ​ရေး​ တာဝန်ခံ ဦး​ခွန် သာမြင့်​က ​ပြောပါတယ်။

“ကျ​နော် သိသ​ လောက် စ​ဆွေး​ နွေး​ဖို့​ သွား​တာ ကိုက ​ရှေ့​လေ်ွာက် ဘယ်လို လက်တွဲ ပူး​ပေါင်း​ ​ဆောင်ရွက် ကြမလဲ ဆိုတာကို ညှိနှိုင်း​ဖို့​ သွား​တာ ဆို​တော့​ အဲဒီ အ​ကြောင်း​ပဲ ​ဆွေး​နွေးြ ဖစ်ပါ တယ်။”

ဒီ​တွေ့​ ဆုံမှုဟာ အစိုး​ရသစ်​ နောက်ပိုင်း​ ဒုတိယ အကြိမ်​ တွေ့​ဆုံ တာဖြစ် ပါတယ်။ ကြား​ဖြတ်​ ရွေး​ကောက် ပွဲမှာ အမျိုး​သား​ ဒီမို က​ရေစီ အဖွဲ့​ချုပ် အနိုင်ရ ပြီး​တဲ့​နောက် လွှတ်​တော် အစည်း​အ​ဝေး ​တွေကို မတက်​ ရောက်မီ ပထမဆုံး​ အကြိမ် ပြန်လည်​တွေ့​ဆုံ တာပါ။

သမ္မတ ဦး​သိန်း​စိန်နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်တို့​ ၂ ဦး​တည်း​ သီး​သန့်​တွေ့​ဆုံတာဖြစ်ပြီး​ ​တွေ့​ဆုံ​ဆွေး​ ​နွေး​မှု အ​သေး​စိတ်​တော့​ ထုတ်​ဖော်​ပြောကြား​ခဲ့​ခြင်း​ မရှိပါဘူး​။

တွေ့​ဆုံ​ဆွေး​နွေး​မှုအပြီး​မှာ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ သမ္မတဦး​သိန်း​စိန်မိသား​စုတို့​ အတူ ​နေ့​လယ်စာ သုံး​ဆောင်ခဲ့​ပြီး​ ည​နေပိုင်း​မှာ ရန်ကုန်ကို ပြန်လည်ထွက်ခွာခဲ့​ပါတယ်။ ပထမအကြိမ် ​တွေ့​ဆုံမှုအပြီး​မှာ အစိုး​ရက ​ရွေး​ကောက်ပွဲဥပ​ဒေ ပြင်ဆင်တာ၊​ လွတ်ငြိမ်း​ချမ်း​သာခွင့်​ပေး​တာ စတာ​တွေကို ပြုလုပ်ခဲ့​ပါတယ်။

No comments: