Tuesday, April 10, 2012

တောင်ဥက္ကလာ ဟေမ၀န်ဈေး မီးလောင်

ပီတာအောင်

ရန်ကုန်တိုင်း တောင်ဥက္က လာပြ မို့နယ် (၁၀) ရပ်ကွက်မှာ ရှိတဲ့ ဟေမ၀န်ဈေးမှာ ဒီနေ့ မနက် ပိုင်းက မီးလောင်မှုဖြစ်ပွား ခဲ့တာကြောင့် ဈေးတ ၀က်လောက် မီးထဲ ပါသွား တယ်လို့  မီးသတ် ဌာနက ပြောပါ တယ်။

တောင်ဥက္ကလာပ မီးသတ်ဌာနက တာဝန်ရှိသူတဦးက “မီးလောင်တာက မနက် ၁ နာရီ ၂၀ မိနစ်လောက်လို့ သိရပါတယ်။ မနက် ၁ နာရီ ၂၅ မိ နစ်လောက်မှာ သတင်းရပါတယ်။ မီးငြိမ်းသွားတာကေတာ့ ၂ နာရီ ၅၅ မိနစ်မှာ ငြိမ်းသွားတာပါ။ ဆိုင်ခန်းတွေ တော်တော်များများ ပါသွား တယ်။”

မီးလောင်မှုကြောင့် ဈေးဆိုင်ထွက်နေတဲ့ ဆိုင်ခန်းပေါင်း ၃၀၀ ကျော် မီး ထဲပါသွားပြီး ဈေးဆိုင်မထွက်တဲ့ ဆိုင်ခန်းတွေပါပေါင်းရင် ၃ ပေ ပတ် လည်နဲ့ ၅ ပေပတ်လည် ဆိုင်ခန်းပေါင်း ၈၀၀ ကျော်လောက် မီးထဲ ပါ သွား တယ်လို့ တောင်ဥက္ကလာပ မီးသတ်ဌာနက ပြောပါတယ်။

ဈေးရုံ ၂၄ ရုံမှာ ရုံ ၂၀ လောက် မီးလောင်ကျွမ်းသွားပြီး အထည်ဆိုင်တန်း၊ အလှကုန်၊ ရွှေဆိုင်၊ ကုန်စိမ်းတန်း၊ သားငါးတန်းနဲ့ ဘေထုတ်အ၀တ်အထည်တွေ ရောင်းချတဲ့ ဆိုင်တွေ မီးထဲ ပါသွားတယ် လို့ လည်း သိရပါတယ်။

မီးလောင်ရြခင်း အြေကာင်းအရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲပဲလို့ မီးသတ်ဦးစီးဌာနက ပြောပါတယ်။

No comments: