Monday, April 9, 2012

ဒေါ်အောင်ဆန်းစုကြည် အသက်ကို ကယ်တင်ခဲ့သည်ဟု ဦးခင်ညွှန့် ပြော

ရွှေအောင်

ဒေါ်အောင်ဆန်း စုကြည်ရဲ့ အသက်ကို ကယ်တင်ခဲ့တယ်လို့ မြန်မာ ၀န် ကြီး ချုပ်ဟောင်းက ထုတ်ဖော် ပြောဆို တဲ့အြေကာင်း ဒီက နေ့ထုတ် ဗန်ကောက်ပို့စ် ထိုင်း သတင်း စာမှာ ဖော်ပြ ထားပါတယ်။

ဇန်န၀ါလက နေအိမ် အကျယ် ချုပ်က လွတ်မြောက် လာခဲ့တဲ့ မြန်မာနိုင်ငံ ၀န်ကြီး ချုပ်ဟောင်း ဦးခင်ညွှန့်ဟာ လွန်ခဲ့တဲ့ ၉ နှစ် လောက်က မြန်မာ့ ဒီမို ကေရစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ရဲ့ အ သက် အန္တရာယ်ကို ကယ်တင်ဖို့ ပုဂ္ဂိုလ်ရေး အရ ကြားဝင် ဆောင်ရွက် ခဲ့ရ တယ်လို့ ပြောဆို လိုက်ပါ တယ်။

၂၀၀၃ ခုနှစ် မေလ ၃၀ မှာ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် မြို့စွန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းကို တိုက်ခိုက်မယ့် စစ်အစိုးရကို လိုလားတဲ့အုပ်စုထံက ကယ်တင်ခဲ့ရတယ်လို့ ယခင် စစ်ထောက်လှမ်း ရေးတပ် အြကီးအကဲ ဦးခင်ညွှန့်က ပြောဆိုလိုက်တာပါ။

ဒီပဲယင်း လုပ်ကြံမှုမှာ သေဆုံးရမှုတွေကို အတည်ပြု ပြောကြားတာ မရှိသေး ပေမယ့် မြန်မာ အစိုးရ အတိုက် အခံတွေ ဘက်ကေတာ့ အဲဒီ တိုက်ခိုက် မှုမှာ လူ ၅၀ လောက်ထိ ရှိတယ်လို့ ပြောကြ ပါတယ်။

“အဲဒီညမှာ လူအုပ်ထဲကနေ သူ့ကို (ဒေါ်အောင်ဆန်း စုကြည်)ကို ကယ်ထုတ်လာခဲ့ဖို့ ကျနော့်လူတွေကို လွှတ်လိုက်ပါတယ်။ ပြီးတော့ သူတို့တွေက သူ့ကို အနီးအနားက နယ်မြေတပ်စခန်းကို လုံခြုံအောင် ခေါ် ဆောင်သွားခဲ့ပါတယ်”လို့ ဒီကေန့ ဘန်ကောက်စ်ပို့စ် သတင်းစာရဲ့အင်တာဗျူးမှာ ပြောထားပါတယ်။

ဦးခင်ညွန့်ရဲ့ အခုလို ပြောဆိုချက်အပေါ် အမျိုးသား ဒီမိုကေရစီ အဖွဲ့ချုပ်ရဲ့ သေဘာထားအမြင် မေးကြည့်တော့ ပါတီပြောခွင့်ရ ဦးဉာဏ်ဝင်းက “အမှန်တကယ်ပြောရင်တော့ အဲဒီဟာကို ကျနော်တို့ မကြား ဖူး ဘူး။ ကျေန်ာသိသေလာက်ပြောတာပါ။ အဲဒီ တိုက်ခိုက် မှုကို ထောက်လှမ်းရေးက လုပ်တာ မဟုတ် ဘူးလို့ ကျေနာ် တို့ကြား တယ်။ အဲဒီလို ကယ်ထုတ်တဲ့ အဆင့်တော့ မကြားဘူး။”

ဦးခင်ညွန့်ဟာ ဒေါ်အောင်ဆန်း စုကြည်ကို သူ့ညီမ ငယ်လို သဘောထားပြီး သူ့ရဲ့ ပြတ်သားမှု အတွက် မောင်နှ မရင်း ချာပမာ လေးစား အားရမှု ရှိပါတယ်လို့ ဘန်ကောက်ပို့စ်ကို ပြောသွား ပါသေးတယ်။

No comments: