Wednesday, April 11, 2012

ကုလသမဂ္ဂ အတွင်း​ရေး​မှူး​ချုပ် မြန်မာနိုင်ငံ လာမည်

နေသွင်

ကုလ သမဂ္ဂ အ​ထွေ​ထွေ အတွင်း ​ရေး​မှူး​ချုပ် ဘန်ကီမွန်း​ ဟာ ကြိုတင် ​ကြေညာ ထား​တဲ့​ အတိုင်း​ ဒီလ အတွင်း​ မြန်မာ နိုင်ငံကို ​ရောက်လာဖို့​ ရှိ​နေ ပါတယ်။ ဘန်ကီမွန်း​ ရဲ့​ မြန် မာ နိုင်ငံ ခရီး​စဉ် အတွက် ကြိုတင် ပြင်ဆင်မှု​ တွေလုပ်ဖို့​ အစိုး​ရ နိုင်ငံ ခြား​ရေး​ ဝန်ကြီး ​ဌာနက ရန်ကုန် အ​ခြေစိုက် ကုန်သည်/ စက်မှု အသင်း​ ချုပ်ကို ဖိတ်ကြား​ ထား​တယ်လို့​ အသင်း​ တာဝန် ရှိသူ တဦး​က ​ပြောပါ တယ်။

ရန်ကုန် အ​ခြေစိုက် ကုလ သမဂ္ဂ ဌာ​နေ ရုံး​က​တော့​ ကြိုတင်​ ကြေညာ ထား​တဲ့​ ခရီး​ စဉ်က ​သေချာ​ ပေမယ့်​ ​လော​လောဆယ် ရက်အ တိအကျ မ​ပြော နိုင်​သေး ​ဘူး​လို့​ ​ပြောပါ တယ်။

မတ်လ တုန်း​က မ​လေး​ ရှား​ကို ​ရောက်ခဲ့​ စဉ်မှာ ဘန်ကီမွန်း​က မြန်မာ ပြည်ကို ဧပြီလ ၁ ရက်​ နေ့​ ကြား​ဖြတ်​ ရွေး​ကောက်ပွဲ အပြီး​မှာ လာ​ရောက် မယ်လို့​ တရား​ဝင်​ ကြေညာ ခဲ့​ပါတယ်။

ဧပြီလ ၁ ရက်​နေ့​ မြန်မာ ပြည်က ကြား​ဖြတ်​ ရွေး​ကောက်ပွဲ အြပီး​ ​နောက် တရက်မှာ လည်း​ ဘန်ကီမွန်း​က ကြား​ဖြတ်​ ရွေး​ကောက်ပွဲကို မြန်မာ ပြည်မှာ ဒီမို က​ရေစီ​ ဖော်​ဆောင်​ ရေး​နဲ့​ ငြိမ်း​ချမ်း​ရေး​ အတွက် အ​ရေး ​ကြီး​တဲ့​ ​ခြေလှမ်း​ တရပ် အြဖစ် ကြိုဆို ခဲ့​ပါတယ်။

ကိုရီး​ယား​ လူမျိုး​ ကုလ သမဂ္ဂ အ​ထွေ​ထွေ အတွင်း​ ရေး​မှူး​ ချုပ်ဟာ ၂၀၀၈ ​မေလ နာဂစ် မုန်တိုင်း​ တိုက်ခတ်ပြီး ​နောက် နိုင်ငံတကာ အကူ အညီ​ တွေကို အစိုး​ရက ပိတ်ပင် ထား​တာကို ခွင့်​ပြုဖို့​ အဲဒီ အချိန် က စစ် အစိုး​ရ အြကီး​ အကဲ ဗိုလ်ချုပ် မှူး​ကြီး​ သန်း​ရွှေနဲ့​ လာ​ရောက် ညှိနှိုင်း ​စဉ်က တြကိမ်၊​ ၂၀၀၉ ခုနှစ်တွင် ဇူလိုင် လက တြကိမ် မြန်မာ နိုင်ငံကို ​ရောက်ခဲ့​ ဖူး​ပါတယ်။

No comments: