Monday, April 9, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ တွေ့ဆုံမည်

နေသွင်

ရခိုင်ပြည်နယ် အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေြး ပီးနောက် ရန်ကုန်ကို ရောက်နေတဲ့ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (အေအယ်လ်ပီ) ကိုယ်စား လှယ်အ ဖွဲ့နဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ လာမယ့် ဧပြီ ၁၁ ရက် နေ့မှာ တွေ့ဆုံ မယ်လို့ သိရ ပါတယ်။

ပါတီရဲ့ ဒုဥက္ကဋ္ဌ ဦးခိုင် စိုးနိုင်အောင် ဦးဆောင်တဲ့ ရခိုင်ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဟာ ပြီးခဲ့တဲ့ အပတ်က စစ်တွေမှာ ပြည်နယ် အစိုးရ အဖွဲ့နဲ့ တွေ့ဆုံခဲ့ပြီး အပစ် ခတ်ရပ်စဲရေး သဘောတူ လက်မှတ် ထိုးနိုင် ခဲ့ပါ တယ်။

ဧပြီ ၁၁ ရက် တွေ့ဆုံ မှုဟာ နှစ်ပေါင်း ၄၀ ကျော်ကြာ နယ်စပ်မှာ လက်နက်ကိုင် လမ်းစဉ် ကိုင်စွဲ ထားတဲ့ ရခိုင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ ပထမဆုံး တွေ့ဆုံမှု ဖြစ်လာဖို့ ရှိပါတယ်။

လွန်ခဲ့တဲ့ နှစ်တွေက အများအားဖြင့် နေအိမ်အကျယ်ချုပ်ကျခံခဲ့ရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီ ၈ ရက်နေ့ကလည်း ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ငြိမ်း ချမ်းရေးအဖွဲ့တွေနဲ့ ရန်ကုန်က သူ့နေအိမ်မှာ တွေ့ဆုံခဲ့ပါတယ်။

အလားတူ ဖေဖော်ဝါရီလအတွင်းကလည်း ကရင်အမျိုးသားအစည်းအရုံးကနေ ခွဲထွက်အဖွဲ့တဖွဲ့ဖြစ်တဲ့ ဗိုလ်ချုပ်ထိန်မောင် ခေါင်းဆောင်တဲ့ အဖွဲ့ကိုလည်း ရန်ကုန်နေအိမ်မှာပဲ လက်ခံတွေ့ဆုံခဲ့ပါတယ်။

No comments: