Wednesday, April 11, 2012

မြန်မာပြည်အ​ပြောင်း​အလဲများ​ ​နောက်ပြန်မလှည့်​နိုင်​တော့​ဟု အိုင်စီဂျီအဖွဲ့​ဆို

ဒီဗွီဘီ

မြန်မာပြည်မှာ နှစ်​ပေါင်း​ ၅၀ ကြာ အာဏာရှင်စနစ်က​နေ လမ်း​ခွဲပြီး​ နိုင်ငံ​ရေး​၊​ လူမှု​ရေး​၊​ စီး​ပွား​ရေး​ ပြုပြင်​ပြောင်း​လဲမှု​တွေကို ရဲရဲရင့်​ရင့်​ လုပ်​ဆောင်​နေတာ​တွေဟာ ​နောက်​ကြောင်း​ပြန်စရာ အ​ကြောင်း​မမြင်​တော့​ဘူး​လို့​ အိုင်စီဂျီလို့​ အတို​ကောက်​ခေါ်တဲ့​ နိုင်ငံတကာ ပဋိပက္ခ​ဖြေရှင်း​ရေး​ သု​တေသနနဲ့​ အကြံ​ပေး​ အဖွဲ့​က ဆိုလိုက်ပါတယ်။

ဒါ​ကြောင့်​ မြန်မာပြည်အ​ပေါ် ဒဏ်ခတ်ပိတ်ဆို့​တာ​တွေကို မဆိုင်း​မတွ ချက်ချင်း​ ရုပ်သိမ်း​ပေး​ဖို့​နဲ့​ အ​ပြောင်း​အလဲကို ဝိုင်း​ဝန်း​ကူညီကြဖို့​ ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲမြို့​အ​ခြေစိုက် အဖွဲ့​က တိုက်တွန်း​လိုက်ပါ တယ်။

ဗုဒ္ဒဟူး​နေ့​မှာ ထွက်လာတဲ့​ “Reform in Myanmar: One Year On,” (မြန်မာပြည်က ပြုပြင်​ပြောင်း​လဲခြင်း​ ၁ နှစ်ခန့်​ကြာ​သောအခါ) အစီရင်ခံစာသစ်မှာ အား​လုံး​လွှမ်း​ခြုံတဲ့​ ဒဏ်ခတ်ပိတ်ဆို့​မှု​တွေ​ကြောင့်​ မြန်မာပြည်ရဲ့​ ပြုပြင်​ပြောင်း​လဲမှု​တွေကို ​နှောင့်​နှေး​စေလိမ့်​မယ်လို့​ သတိ​ပေး​ထား​ပါတယ်။

မြန်မာပြည်မှာ အ​ပြောင်း​အလဲ​တွေလုပ်ဖို့​ အတန်ကြာကတည်း​က ​တောင်း​ဆို​နေတဲ့​ အ​နောက်နိုင်ငံ​တွေအ​နေနဲ့​ အခုအချိန်မှာ တတ်နိုင်သ​လောက် ကူညီဖို့​လိုပြီး​ အ​ရေး​အကြီး​ဆုံး​ ​ခြေလှမ်း​က​တော့​ ဒဏ်ခတ် ပိတ်ဆို့​ထား​တာ​တွေကို ချက်ချင်း​ရုပ်သိမ်း​ပေး​ဖို့​ ဖြစ်တယ်လို့​ အဖွဲ့​က ​ထောက်ပြထား​ပါတယ်။

ဒီအ​တောအတွင်း​မှာ အရင်စစ်အစိုး​ရလက်ထက်ကတည်း​က မြန်မာပြည်ကို ဥ​ရောပသမဂ္ဂ (အီး​ယူ)က ဒဏ်ခတ်ပိတ်ဆို့​ထား​တွေကို သိသိသာသာ ​လေ်ွာ့​ပေါ့​ပေး​ဖို့​လည်း​ စဉ်း​စား​နေတယ်လို့​ ဆိုထား​သလို အ​မေရိကန် ပြည်​ထောင်စုကလည်း​ ဒဏ်ခတ်ပိတ်ဆို့​ထား​တာ​တွေထဲက တချို့​ကို ​ရွေး​ချယ်ပြီး​ ရုပ်သိမ်း​ပေး​မယ်လို့​ ပြီး​ခဲ့​တဲ့​အပတ်က ​ကြေညာခဲ့​ပါတယ်။

ဧပြီ ၁ ရက်​နေ့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ​ဒေါ်​အောင်ဆန်း​စုကြည် ​ခေါင်း​ဆောင်တဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က အနိုင်ရပြီး​နောက် အ​မေရိကန်က သံတမန် ဆက်ဆံ​ရေး​မြှင့်​တင့်​ဖို့​ ​ကြေညာခဲ့​သလို၊​ ဗြိ တိသ်ွဝန်ကြီး​ချုပ် ​ဒေး​ဗစ်ကင်မရွန်း​လည်း​ ဒီတပတ်ထဲမှာပဲ မြန်မာပြည်ကို ​ရောက်လာဖို့​ ရှိ​နေပါတယ်။

မြန်မာပြည်ကို တနင်္လာ​နေ့​က ​ရောက်ပြီး​ သမ္မတဦး​သိန်း​စိန်၊​ လွှတ်​တော် အကြီး​အကဲတို့​နဲ့​ ​တွေ့​ဆုံခဲ့​တဲ့​ အ​မေရိကန် အထက်လွှတ်​တော်အမတ် မစ္စတာ ဂျင်ဝက်ဘ်ကလည်း​ မြန်မာအစိုး​ရရဲ့​ အ​ပေါင်း​လက္ခ ဏာလုပ်​ဆောင်ချက်​တွေ အတွက် ဆုလာဘ်အဖြစ် အ​မေရိကန်မူဝါဒမှာ အ​ပြောင်း​အလဲ ဖြစ်လာ​အောင် သူရဲ့​ လုပ်​ဖော်ကိုင်ဖက်​တွေနဲ့​ တိုင်ပင်​ဆောင်ရွက်သွား​မယ်လို့​ မြန်မာပြည်က မပြန်ခင်မှာ သတင်း​ထောက်​တွေကို ​ပြောပါတယ်။

အ​မေရိကန်ပြည်​ထောင်စုနဲ့​ မြန်မာပြည်တို့​ ကြား​ထဲမှာ စီး​ပွား​ရေး​အရ၊​ သံတမန်​ရေး​အရ တင်း​ပြည့်​ကျပ်ပြည့်​ ဆက်ဆံ​ရေး​တိုး​မြှင့်​တာမျိုး​ကို မြင်ချင်တယ်လို့​ မစ္စတာ ဂျင်ဝက်ဘ်က ဆိုပါတယ်။

ဒီလို ဆုလာဘ်​ပေး​ခြင်း​အား​ဖြင့်​ မြန်မာပြည်မှာ ​နောက်ထပ် အ​ပြောင်း​အလဲ​တွေ အတွက် အစိုး​ရကို စည်း​ရုံး​ရာလည်း​ ​ရောက်မယ်လို့​ အ​မေရိကန် အထက်လွှတ်​တော်အမတ်က ဆိုပါတယ်။

No comments: