Thursday, April 12, 2012

ပုဏ္ဍားကျွန်း ရခိုင်ရိုးရာ သင်္ကြန် မေးခွန်းထုတ်ခံရ

နိရဉ္စရာ

ပုဏ္ဏားကျွန်း မြို့တွင် လွန်ခဲ့သော အပတ်က မြို့နယ် အုပ်ချုပ် ရေးမှူး ဦးညီ ညီအောင် ဦးစီးပြီး ပြုလုပ် ခဲ့သည့် ရခိုင် ရိုးရာ သင်္ကြန် ဖြစ် မြောက် ရေး အစည်း အဝေးတွင် ရခိုင်ရိုးရာ သင်္ကြန်နဲ့ ပတ်သက် ပြီး မေးခွန်း ထုတ်ခံခဲ့ရသည် ရပ်ကွက် အုပ်ချုပ် ရေးမှူး တစ်ဦးက ပြော သည်။

" အဲဒီနေ့က အစည်း အဝေးကို ဌာန ဆိုင်ရာ ဦးစီး များနဲ့ မြို့ပေါ် ရှိ ရပ်ကွက် (၄) ခုမှ အုပ်ချုပ်ရေး မှူးတွေ တက်ရောက် ခဲ့ပါတယ်။ မြို့နယ် အုပ်ချုပ် ရေးမှူးက မြန်မာ ရိုးရာ သင်္ကြန် ပွဲတော်ကို ကျင်းပ မယ် ဆိုပြီး ဆွေးနွေးတဲ့ အခါ တစ်ချို့က ရခိုင်ရိုးရာ ဓလေ့ ထုံးစံ အတိုင်း နံ့သာသွေး၊ ဘုရား ရေသပ္ပါယ် ပြီးမှ သင်္ကြန် ပွဲတော်ကို ကျင်းပမယ် ဆိုတော့ ဦးညီ ညီအောင်က ဘုရား ရေမသပ္ပါယ်ဘဲ ရေကစား ရင် ဘာ ပြ ဿနာ ရှိသလဲလို့ မေးပါတယ်" ဟု ပြောသည်။

ထိုအစည်း အဝေးတွင် ပုဏ္ဍား ကျွန်း မြို့ သင်္ကြန်ကို ရခိုင် ရိုးရာ အစဉ် အလာမှ သွေဖယ်ပြီး မြနန္ဒာ သီချင်းဖြင့် ဖွင့်ပွဲကို ပြုလုပ်ကာ မြန်မာမူ ပြုလုပ် ကျင်းပရန် မြို့နယ် အုပ်ချုပ် ရေးမှူး ဦးညီ ညီအောင်က ပြောဆို ခဲ့ကြောင်း သိရသည်။

၁၉၈၈ နောက်ပိုင်း စစ် အစိုးရ လက်ထက်မှ စတင်ပြီး ရခိုင် ရိုးရာ သင်္ကြန် ကျင်းပ ရေးကို အားပေး အားမြှောက် ပြုလုပ်ခြင်း မရှိဘဲ မြန်မာ ပုံစံ သင်္ကြန်ကို ကျင်းပ ခဲ့သည့် အတွက် ရခိုင်ရိုးရာ သင်္ကြန်မဏ္ဍပ် များဆောက် လုပ်ပြီး ကျင်းပ ပြုလုပ်သည့် ရခိုင် ရိုးရာ သင်္ကြန်မှာ မြို့အတော် များများတွင် တိမ်ကော ပပျောက် ခဲ့ရသည်။

ယခုအခါ ဒေသ ဓလေ့ထုံး တန်းစဉ် လာနှင့် အညီ ရခိုင် သင်္ကြန်ပွဲများကို ကျင်းပခွင့် ပြုခဲ့ သော်လည်း တစ်ချို့သော မြို့နယ် အုပ်ချုပ်ရေးမှူးများသည် မြန်မာ သင်္ကြန်ကဲ့သို့ မြနန္ဒာ တေးသီခြင်း ဖွင့်ပြီး သင်္ကြန် မဏ္ဍပ်များကို ဖွင့်လှစ်ရန် ညွန်ကြား ထားကြောင်း သိရှိရသည်။

" ကျွန်တော် တို့က ဒီနှစ် မှာတော့ ရခိုင်ရိုးရာ သင်္ကြန် ပွဲတော် စစ်စစ်ကို ကျင်းပသွား ချင်ပါတယ်။ ရခိုင် အမျိုးသားတို့၏ ထုံးတမ်း စဉ်လာ နှင့် အညီ ဧပြီလ ၁၃ ရက်နေ့ ညနေမှာ ဘုန်းတော် ကြီးကျောင်း အသီးသီး မှာရှိတဲ့ ဘုရား ဆင်းထုတော် တွေကို နံ့သာရည်နဲ့ ရေသပ္ပါယ် ပြီးမှသာ သင်္ကြန် ဖွင့်ပွဲကို လုပ်ပြီး ရေပက် ကစားခြင်း အမူကို ပြုလုပ် လိုပါတယ်။ ဒီအတိုင်းလည်း ကျင်းပ သွားမှာ ဖြစ်ပါ တယ်" ဟု သူက ပြောသည်။

၎င်းပြင် မြို့နယ်အုပ် ချုပ်ရေး မှူးမှ ဦးစီးပြီး ပြုလုပ်မည့် ဗဟိုမဏ္ဍပ် အတွက် စံပြရပ် ကွက်နေ ပြည်သူ များထံမှ ငွေ (၆၀၀၀၀) ကျပ်၊ မြို့သစ် ရပ်ကွက်နေ ပြည်သူများ ထံမှ ငွေ (၃၀၀၀၀)ကျပ်၊ အလယ်စု ရပ်ကွက်နေ ပြည်သူများ ထံမှ ငွေ (၂၀၀၀၀)ကျပ်၊ ရွာဟောင်း ရပ်ကွက်နေ ပြည်သူ များထံမှ ငွေ (၃၀၀၀၀)ကျပ် တောင်းခံ ထားကြောင်း သိရသည်။

ယခု ကဲ့သို့ ဗဟို မဏ္ဍပ် အတွက် မြို့နယ် အုပ်ချုပ်ရေး မှူးရုံးမှ ငွေကောက် ခံခြင်းကို ဒေသခံ များက မကျေ မနပ် ဖြစ်နေ ကြပြီး မြို့နယ် အုပ်ချုပ် ရေးမှူး အနေဖြင့် မြို့ပေါ် ဆိုင်ခန်းများ ငှားရမ်း ထားသော လစဉ် ကြေးငွေ များကို သုံးစွဲပြီး ဗဟို မဏ္ဍပ်ကို ပြုလုပ် သင့်ကြောင်း ဒေသခံ များက ပြောဆို နေကြကြောင်း သတင်း ရရှိသည်။

ယခု အခါ ရခိုင်ပြည် နယ်အ တွင်းရှိ မြို့များတွင် ရခိုင် ရိုးရာ သင်္ကြန် ရေကစား မဏ္ဍပ် များကို မြန်မာ လူမျိုးတို့၏ ထုံးတမ်း စဉ်လာ အတိုင်း ပြုလုပ် ကျင်းပ စေရန် ညွန်ကြား ထားပြီး ယဉ်ကျေးမှု ၀ါးမျိုခြင်း ခံနေ ရကြောင်း သိရသည်။

No comments: