KNG
မြန်မာ အစိုးရ တပ်က ကချင် ပြည်နယ် ဗန်းမော် (မန်မော်) ခရိုင် ဒေါ့ဖုန်းယန် မြို့နယ် ခွဲရှိ KIO ဗဟို ဌာနချုပ် လိုင်ဇာ လုံခြုံ ရေးတပ်၊ တပ်ရင်း ၁၉ နယ် မြေသို့ နာရီပေါင်း များစွာ လက်နက် ကြီးများ အ ဆက် မပြတ် ပစ်ခတ်ပြီး နောက် ရှေ့တန်း စခန်း တခုကို သိမ်းပိုက် ခဲ့ကြောင်း ၄င်း တပ်စခန်း အနီးရှိ KIA အရာရှိ တစ်ဦးက ပြောသည်။
ဧပြီ ၁၁ ရက် ဗုဒ္ဓဟူးနေ့ ဒေါ့ဖုန်း ယန်ရှိ အစိုးရ တပ် ခလရ (၁၄၂)မှ စစ်အင်အား ၂၀၀ ခန့် ရှိသော တပ်ဖွဲ့များ နှင့် KIA တပ်ဖွဲ့များ၂ နာရီကြာ တိုက်ပွဲများ ဖြစ်ပွား ခဲ့ပြီးနောက် KIO / KIA ဗဟို ဌာနချုပ် လိုင် ဇာ လုံခြုံရေး တပ်ဖွဲ့ တပ်မဟာ (၅) အောက် တပ်ရင်း (၁၉)၊ လနားခက် (Lana Hkyet) ပန်စွန်စခန်း (Pan Tsun post) အား နောက်ဆုတ် ပေးခဲ့ ရသည်ဟု သူက ပြောသည်။
ပြီးခဲ့သည့် ဇန်န၀ါရီ လမှ မြန်မာ အစိုးရက KIO / KIA ဗဟို ဌာနချုပ် လိုင်ဇာကို သိမ်းပိုက်ရန် စစ်မျက်နှာ ၃ ခုဖြင့် ထိုးစစ် ဆင်လာ ခြင်းဖြစ်သည်။
တုန့်ပြန်မှုအနေဖြင့် KIA က ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း ၎င်း၏ တပ်ရင်း၊ တပ်ဖွဲ့ဝင်အားလုံး “မြန်မာအစိုးရတပ်အား စတင်ပစ်ခတ်ခွင့်” အမိန့်ပေးလိုက်ပြီဖြစ်ကြောင်း ရှေ့တန်းအရာရှိတစ်ဦး က ပြောသည်။
“အစက မြို့ပေါ်တွေမှာတော့ မပစ်ခိုင်းဘူးပေါ့နော် ဒါပေမဲ့ ဒီတစ်ခါတော့ သူတို့ပစ်ရင် ကျနော်တို့ကိုလည်း ပစ်ဖို့ပြောတယ်။” ဟု သူကပြောသည်။
ယခင်က အချို့ ရှေ့တန်း နေရာနှင့် အစိုးရ ထိန်းချုပ် သည့် မြို့ ပေါ်တွင် အစိုးရ ပစ်မှတ် များအား တိုက်ခိုက်ခြင်း မပြုရန် KIA တပ်ဖွဲ့များ ညွှန်ကြား ထားခံ ရသော်လည်း ယခု ချိန်မှာ အစိုးရ တပ်များကို နေရာ မရွေး တိုက်ခိုက်ရန် အမိန့်ပေး လိုက်ခြင်း ဖြစ်သည်။
အစိုးရ တပ်နှင့် KIA တပ်ဖွဲ့ တို့သည် တိုက်ပွဲများ နေ့တိုင်း ဖြစ်ပွား နေပြီး တပ်မဟာ ၅ နယ်မြေတွင် ပိုပြင်း ထန်နေ သည်ဟု KIO ပြောရေး ဆိုခွင့် ရှိသူ အထွေထွေ အတွင်း ရေးမှူး-၂ ဆလန် ကဘား လာ နန် ကပြော သည်။
ယခုလို မြန်မာ အစိုးရက လိုင်ဇာ စစ်ဆင်ရေး စတင် လာချိန်မှာ ကချင်ပြည်နယ် အရှေ့ဘက် တရုတ် နယ်စပ် ကုန်သွယ်ရေး လမ်းမ ဗန်းမော် (မန်မော်) -လွယ်ဂျယ် သွားလမ်းကို KIA မှ ဧပြီ ၁၂ ရက်နေ့မှစပြီး ပိတ်လိုက် ပြီဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

No comments:
Post a Comment