Tuesday, May 1, 2012

မူစယ်မြို့ ဗုံးကွဲမှု ဗုံးခွဲသူ သေဆုံး

သျှမ်းသံတော်ဆင့်

ယခုလ ၂၈ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်က သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့၌ ဖေါက်ခွဲရေးသမားတစ်ဦးက ရဲကား တစ်စီးပေါ် ဗုံး ပစ်သွင်းရာ မအောင်မြင်ဘဲ လက်အတွင်းဗုံးကွဲ သေဆုံးသွားကြောင်း သိရသည်။

မူစယ်မြို့ ကောင်းမူးတုံရပ်ကွက် မြို့ပတ်လမ်းအနီး ရဲကားသွားနေစဉ် ဖေါက်ခွဲရေးသမားတစ်ဦး ဆိုင်ကယ်ဖြင့်နောက်မှ ကပ် လိုက်၍ ဗုံးပစ်သွင်းရာ ကားမှန်ပိတ်ထားသဖြင့် ဗုံးမှာ အပြင်သို့ပြန်ကန်ထွက်ပြီး ပေါက်ကွဲမှုဖြစ်ပွားကာ ဖေါက်ခွဲ ရေးသမားသေဆုံးသွားကြောင်း မူစယ်ရဲသတင်းရပ်ကွက်နှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“မူစယ် - ကျယ်ဂေါင် အဝင်အထွက် ဆင်ဖြူဂိတ်နဲ့သိပ်မဝေးဘူး တောင်တက်နားလေးမှာပေါ့ မိုးရွာလို့ ကားမှန် ပိတ်ထား တော့ ဗုံးက ကား ထဲကို မဝင်ပဲ အပြင်ပြန်ထွက်ပြီး ကွဲသွားတာ” - ဟု သူက ဆို သည်။

ယနေ့ထုတ် မြန်မာအစိုးရ အာဘော်သတင်းစာတွင် အဆိုပါ ဗုံးခွဲသူမှာ အသားဖြူဖြူ အရပ် ၅ ပေ ၂ လက်မခန့်ရှိပြီး အသက် ၂၅ နှစ်မှ ၃၀ ၀န်းကျင်ကြားရှိ အမျိုးသားတစ်ဦး ဖြစ်ကြောင်း ရေးသား ဖေါ်ပြ ထားသည်။

အဆိုပါ ဖေါက်ခွဲရေးသမားထံမှ ကျည်အသင့်ထိုးထားသည့် M 20 ပစ္စတိုသေနတ်တစ်လက် ကျည်ကပ်တစ်ခုနှင့် ၎င်း ကျည် ၇ တောင့် လည်း သိမ်းဆည်းရမိကြောင်း ဆိုသည်။

ယခုလ ၂၀ ရက်နေ့ကလည်း မူစယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ယာဉ်ငယ်စစ်ဆေးရေးဂိတ်အနီး ဗုံးတစ်လုံးပေါက်ကွဲ ခဲ့ပြီး လဝက အရာရှိ တစ်ဦး သေဆုံးခဲ့ သေးကြောင်း သိရသည်။

No comments: