Tuesday, May 8, 2012

ယုဇန ဆီအုန်းခြံမှ အလုပ်သမားအချို့ လုပ်အားခ ပြန်ရ

ကောင်းဝါသတင်းဌာန

လုပ်အားခ အပြည့်အဝ မရသဖြင့် ဆန္ဒပြရန် စီစဉ်နေသည့် ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့နယ်ရှိ ယုဇန ကုမ္ပဏီပိုင် ဆီအုန်းခြံမှ အ လုပ်သမားများအချို့အား မေလ ၅ ရက်နေ့က ကုမ္ပဏီမှ လုပ်အားခ ရှင်းပေးပြီ ဖြစ်ကြောင်း အလုပ်သမားများအတွက် ကူညီ ဆောင် ရွက်ပေးနေသူ ကိုသန်းထွန်းက ပြောသည်။

မြို့နယ် အလုပ်သမား ဦးစီးမှူး ဦးငွေမောင်း၊ ခမောက်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထွန်းတို့ကို သက်သေထားကာ ရှင်း ပေးခဲ့သည်ဟု သူက ပြောသည်။

“ကျနော့်အိမ်နဲ့ ကျနော်တို့ရုံးမှာ လာတိုင်တဲ့ အလုပ်သမားခေါင်းဆောင် ၃၀ ကျော်အစုက အလုပ်သမားတွေဟာ သိန်းတထောင်ကျော်ရ တယ်လို့ ကျနော့်ကို ဖုန်းဆက်ပြီး ပြောတယ်” ဟု ဒီမို ကရက်တစ် ပါ တီ (မြန်မာ) တနင်္သာ ရီတိုင်း စည်းရုံး ရေးမှူး ကိုသန်းထွန်းက ပြောသည်။

တောရှင်းနှင့် စိုက်ပျိုးရေး အလုပ်သမား တသောင်းခန့်ကို ကျပ်ငွေ သိန်းသုံးထောင်ကျော် ရှင်းပေးခဲ့ပြီး၊ ကျန်သည့် အလုပ် သမားများအ တွက် မေလ ၉ ရက်နေ့တွင် ထပ်မံရှင်းပေးသွားမည်ဟု ကုမ္ပဏီက ပြောဆိုခဲ့ကြောင်း သူက ပြောသည်။

လုပ်အား မတရား ခိုင်းစေမှု၊ အုပ်အားခငွေ ရလိုမှုဖြင့် ကုမ္ပဏီပိုင်ရှင် ဦးဌေးမြင့်၊ ကန်ထရိုက်တာ ဦးကျော်ကျော်နှင့် မန်းနေးဂျင်း ဒါရိုက် တာ ဦးဇော်လွင်တို့ကို အလုပ်သမားများက တရားစွဲမည် ဆိုသော သတင်းကြောင့် မေလ ၂ ရက်နေ့တွင် ဦးဌေးမြင့်က ကော့သောင်း မြို့သို့ ရောက်ရှိလာပြီး ယခုကဲ့သို့ လုပ်အားခ ပေးချေရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ယုဇန ကုမ္ပဏီပိုင်သည့် အထက်ပါ ဆီအုန်းခြံသည် ဧက ၅ သိန်းခွဲခန့် ရှိပြီး၊ တနင်္သာရီ ရိုးမ အနောက်ဘက် ကော့သောင်းမြို့နယ် ခမောက် ကြီးမြို့နယ်ခွဲရှိ ပါချန် သစ်တောကြိုးဝိုင်း အတွင်းတွင် ရှိသည်။

အဆိုပါ ဆီအုန်း ခြံတွင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်း တိုင်းနှင့် ရခိုင် ပြည်နယ် စသည်တို့မှ တောရှင်း အ လုပ် သမား ရှစ်သောင်း ကျော်နှင့် စိုက်ပျိုးရေး အလုပ် သမား ကိုး သောင်းကျော် လုပ်ကိုင်လျက် ရှိသည်။

လုပ်အားခ ပုံမှန်မရခြင်း၊ ကျန်းမာရေး ခံစားခွင့် လုံလောက်စွာ မရရှိခြင်းတို့ကြောင့် အထက်ပါ ဆီအုန်းခြံမှ အလုပ်သမားများ ထွက်ပြေးမှု မကြာခဏ ဖြစ်ပေါ်နေပြီး၊ အချို့ အလုပ်သမားများမှာ နေရပ်သို့ ပြန်လိုကြသော်လည်း ကျန်ရှိသည့် လစာငွေများကို ရှင်းပေးခြင်း မရှိသေး သည့်အတွက် နေရပ်သို့ ပြန်ရန် အခက်အခဲ ကြုံနေကြကြောင်းလည်း ကိုသန်းထွန်းက ပြောသည်။

No comments: