Sunday, May 20, 2012

အောက်​ခြေတပ်သား​အဆင့်​အထိ ​ဖော်​ဆောင်နိုင်ဖို့​လို (ကျိုင်း​တုံ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ပွဲ)

ဒီဗွီဘီ

ရှမ်း​ပြည်ပြန်လည် ထူ​ထောင်​ရေး​ ​ကောင်စီ (RCSS/SSA) နဲ့​ ပြည်​ထောင်စုငြိမ်း​ချမ်း​ရေး​ ​ဖေါ်​ဆောင်​ရေး​ လုပ်ငန်း​ ​ကော်မီတီတို့​ဟာ ဒီက​နေ့​ ရှမ်း​ပြည်နယ် ကျိုင်း​တုံမြို့​က ​ရွှေတြိဂံရိပ်သာမှာ ပြည်​ထောင်စု အဆင့်​ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ပွဲကို ပြုလုပ်ကြပါတယ်။ ထူး​ခြား​မှုအ​နေနဲ့​ ဒုတိယ ကာကွယ်​ရေး​ ဦး​စီး​ချုပ် ဗိုလ်ချုပ်ကြီး​ စိုး​ဝင်း​ တက်​ရောက်ပါတယ်။ သူက လက်ရှိအစိုး​ရ လက်ထက်မှာတင် ငြိမ်း​ချမ်း​ရေး​ကို ​ဖော်​ဆောင်သွား​နိုင်ဖို့​ ရည်ရွယ်​ကြောင်း​ ​ပြောဆိုခဲ့​သလို SSA/RCSS ဒု ဗိုလ်ချုပ်ကြီး​ ယွဝ်ဆစ်ကလည်း​ ငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်ရာမှာ ​အောက်​ ခြေတပ်သား​အဆင့်​အထိ သိရှိနား​လည်နိုင်ဖို့​ အ​ရေး​ကြီး​ကြောင်း​ ပြန်လည် ​ပြောဆိုခဲ့​ပါတယ်။

ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ပွဲ မနက်ပိုင်း​ အ​ခြေအ​နေ​တွေကို အခုခရီး​စဉ်မှာ လိုက်ပါသတင်း​ယူ​နေတဲ့​ ဦး​တိုး​ဇော်လတ် (ဒီမိုကရက်တစ် မြန်မာ့​အသံ)က ကျိုင်း​တုံမြို့​က​နေ တိုက်ရိုက်သတင်း​ပေး​ပို့​ထား​ပါတယ်။




No comments: