Monday, May 7, 2012

ပြင်စလူမြို့​နယ်တွင် လူဦး​ရေ ၇ ​ထောင်ခန့်​ ​သောက်သုံး​ ရေလို အပ်

ဒီဗွီဘီ

ဧရာဝတီတိုင်း​ ပြင်စလူမြို့​နယ်မှာ ရှိတဲ့​ နံသာကုန်း​၊​ ကုန်း​ကြီး​၊​ ​လေယာဉ်ကွင်း​ ရွာ ၃ ရွာက လူဦး​ရေ ၇၀၀၀ ​လောက် ​သောက်သုံး​ရေလိုအပ်​နေတယ်လို့​ ပြင်စလူ ​ဒေသခံ​တွေက ​ပြောပါတယ်။

သောက်သုံး​ရေ အခက်အခဲ အကူအညီ​ပေး​နေတဲ့​ ကို​အောင်မိုး​ဝင်က “​သောက်သုံး​ရြေပတ်တာက တပတ်​လောက်ရှိ​နြေပီဆို​တော့​ ပြင်စလူ​ကျေး​ရွာမှာ ရှိ​နေတဲ့​ ဆရာ​တော်​တွေ၊​ အန်အယ်လ်ဒီက လူငယ်​တွေ၊​ ပြင်စလူက ဌာနဆိုင်ရာ​တွေ​ရော ပူး​ပေါင်း​ပြီး​ လုပ်​နြေကတယ်။ သူတို့​ဆီမှာ ရှိတဲ့​ ​ငွေ​ကြေး​တွေနဲ့​ မလုံ​လောက်ဘူး​။ ဒါဟာ ​ရှေ့​ကို ဆက်ပြီး​ ​နေပူသွား​မယ်ဆိုရင် ကျန်တဲ့​ကျေး​ရွာ​တွေလည်း​ ​ရြေပတ် လာနိုင် တယ်ဆို​တော့​ ကျ​နော်တို့​လည်း​ လပွတ္တာမှာရှိတဲ့​ နှလုံး​သား​ အခမဲ့​ကျန်း​မာ​ရေး​အဖွဲ့​အ​နေနဲ့​ ကျ​နော်တို့​ ဆင်း​တာပါ။”

သောက်သုံး​ရေ ပြတ်လပ်တာ​တွေ​ကြောင့်​ ပြင်စလူမြို့​နယ် ကုန်း​ကြီး​ကျေး​ရွာမှာ ဝမ်း​ရောဂါ စြဖစ်​နြေပီလို့​ ကို​အောင်မိုး​ဝင်း​က ဆက်​ပြောပါ တယ်။

“ကုန်း​ကြီး​ရွာမှာ ၃၀ ရက်​နေ့​ကတည်း​ကစြပီး​ ဝမ်း​ရောဂါ ဖြစ်တာ။ ကျ​နော်တို့​သိသ​လောက် အား​လုံး​ဖြစ်တာက ၂၁ ​ယောက်၊​ က​လေး​ အ​ယောက် ၂၀၊​ လူကြီး​ ၁ ​ယောက်။ အဲဒါကိုလည်း​ သက်ဆိုင်ရာ ဌာန က ချက်ချင်း​ဆင်း​ပြီး​တော့​ ​ရေ​တွေကို စစ်​ဆေး​တယ်။ အကုန်လုံး​ က​လေး​တွေကို​ရော ကျန်း​မာ​ရေး​စောင့်​ရှောက်မှု ​ပေး​တယ်။ အ​သေအ​ပျောက်​တော့​ မရှိဘူး​ဗျ။ ​တော်​တော် ကံ​ကောင်း​တယ်ဗျ။”

အဲဒီ ပြင်စလူမြို့​နယ်ဟာ ၂၀၀၈ ခုနှစ် နာဂစ်​လေမုန်တိုင်း​တုန်း​က လူအ​သေအ​ပျောက်နဲ့​ အိုး​အိမ်အ​ဆောက်အဦ အပျက်အစီး​ များ​ခဲ့​တဲ့​နေရာလည်း​ ဖြစ်ပါတယ်။

No comments: