Monday, May 7, 2012

ကချင် ဒုက္ခသည် အ​ရေး​ အနု ပညာ ရှင်များ​ ပါဝင် ကူညီ

ကို​ထွေး

ကချင်ပြည်နယ်မှာ ဖြစ်​ပေါ်​နေတဲ့​ အ​ခြေအ​နေ​တွေကို မ​မေ့​ မ​လျော့​ ဖို့​နဲ့​ တိုက်ပွဲ​တွေ ရပ်တန့်​ဖို့​ အပါအဝင် တိုက်ပွဲ​ကြောင့်​ ထွက်​ပြေး​နေရတဲ့​ ဒုက္ခ သည်​တွေကို အကူအညီ​ပေး​ဖို့​ ရည်ရွယ်ချက်နဲ့​ ဦး​ရဲလွင်နဲ့​ အနုပ ညာရှင်​တွေ ပါဝင်တဲ့​ လွတ်လပ်ငြိမ်း​ချမ်း​ပန်း​ရဲလမ်း​အဖွဲ့​ဟာ ရန်ကုန် မြို့​တွင်း​က ဆိုင်​တွေမှာ သီဆို​ ဖျော်​ဖြေ ရန်ပုံ​ငွေ ရှာ​ဖွေ ခဲ့​ကြ ပါတယ်။

မေ ၆ ရက်က စတင်ခဲ့​တဲ့​ ဒီလှုပ်ရှား​မှုအတွက် ရန်ကုန်မြို့​က လက်ဖက် ရည်ဆိုင် ၃ ဆိုင်မှာ သွား​ရောက်​ဖျော်​ဖြေခဲ့​ပြီး​ ဒီ​နေ့​အထိ ရန်ပုံ​ငွေ ၉ သိန်း​ ၂ ​သောင်း​ ရရှိခဲ့​တယ်လို့​ ကိုရဲလွင်က ​ပြောပါတယ်။

အပတ်စဉ် တနင်္ဂ​နွေ​နေ့​တိုင်း​ ဒီလှုပ်ရှား​မှုကို လုပ်​ဆောင်သွား​မှာဖြစ်ပြီး​ ရရှိလာတဲ့​ ရန်ပုံ​ငွေ​တွေကို ကချင် ဒုက္ခသည်​တွေကို ​ပေး​အပ်သွား​မယ်လို့​ ဆိုပါတယ်။

ဒီလှုပ်ရှား​မှု လုပ်​ဆောင်ရတာနဲ့​ ပတ်သက်ပြီး​ ကိုရဲလွင်က “ကျ​နော်က​တော့​ ရန်ပုံ​ငွေထက် ကချင်ပြည်နယ်ကို သတိ​မေ့​နေတာကို ပြန်ပြီး​တော့​ သတိ​ပေး​လိုက်တဲ့​ သ​ဘောပါပဲ။ ရန်ကုန်​လောကမှာ​တော့​ ​လော​လောဆယ် နိုင်ငံ​ရေး​လောကမှာပဲ နိုင်ငံ​ရေး​ကိစ္စ​တွေနဲ့​ လွှတ်​တော် ကိစ္စ​တွေနဲ့​ အာရုံများ​နေ​တော့​ ကချင်ပြည်နယ်ကို ​မေ့​နြေကတယ်။ အ ခုလို ထလုပ်လိုက်​တော့​ ပရိသတ်ကလည်း​ လာကူညီမယ်လို့​ ကမ်း​လှမ်း​တဲ့​သူ​တွေလည်း​ ရှိပါတယ်။ သီချင်း​ဆိုတာ​တွေလည်း​ အထူး​ခွင့်​ပြုချက် ​တောင်း​စရာမလိုဘဲနဲ့​ ဆိုလို့​ရတဲ့​ နည်း​လေး​တွေ ​ရွေး​တာ​ပေါ့​။ ပရိသတ်ကလည်း​ လက်ခံတဲ့​အတွက် အား​ရပါတယ်။ တဆိုင်မှာ ၅ ပုဒ်​လောက်ပဲ ဆို​ပေး​နိုင်တယ်။ ပထမဆုံး​အ​နေနဲ့​ဆို​တော့​ ဆိုင်ကို ပရိသတ်များ​တဲ့​အချိန်မျိုး​ကို ​ရွေး​ပြီး​တော့​ မနက် ၈ နာရီက​နေ ၁၁ နာရီ ထိ လှုပ်ရှား​ကြတယ်။ ပရိသတ်က​တော့​ သူတို့​ကြိုက်တယ်​ပေါ့​။”

ဒီအဖွဲ့​မှာ ကိုသား​ထွေး​၊​ ကိုတိုး​လွင် (ဥတ္တရအလင်း​) ၊​ ကိုအိချို၊​ ကိုညီညီလွင်နဲ့​ တြခား​အဖွဲ့​ဝင်​တွေ ပါဝင်ခဲ့​သလို အနုပညာရှင်​တွေလည်း​ ထပ်မံပါဝင်လာနိုင်တယ်လို့​ ​ပြောပါတယ်။ ရန်ကုန်၊​ မန္တ​လေး​၊​ ပဲခူး​က ဆိုင်​တွေကလည်း​ ကမ်း​လှမ်း​တာ​တွေရှိတယ်လို့​ ဆိုပါတယ်။

စား​သောက်ဆိုင်နဲ့​ လက်ဖက်ရည်ဆိုင်​တွေကလည်း​ ဖိတ်ကြား​ထား​တာ​တွေ ရှိသလို စိတ်ဝင်တစား​ ပါဝင်လာပြီး​ အလှူ​ငွေ​တွေ ထည့်​ဝင်ကြ တယ်လို့​လည်း​ ​ပြောပါတယ်။

ကချင်ပြည်နယ်မှာ ဖြစ်ပွား​နေတဲ့​ တိုက်ပွဲ​တွေ​ကြောင့်​ ​သောင်း​နဲ့​ချီတဲ့​ ဒုက္ခသည်​တွေဟာ မြန်မာ-တရုတ် နယ်စပ်တ​လျှောက်နဲ့​ ​တောတွင်း​တွေမှာ ပုန်း​ခို​နြေကရတဲ့​အတွက် ​ထောက်ပံ့​ကူညီတာ​တွေလည်း​ လိုအပ်​နေပါတယ်။

No comments: