Monday, May 7, 2012

သီဟသူရ ဦးတင်အောင်မြင့်ဦး နုတ်ထွက်ဟုဆို

မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ မေလ ၀၇ ရက် ၂၀၁၂

ကျန်းမာရေး အခြေအနေကြောင့် ဒုတိယသမ္မတ တဦးဖြစ်သည့် သီဟသူရ ဦးတင်အောင်မြင့်ဦးသည် လက်ရှိရာထူးမှ အနားယူရန် မေလ ၃ ရက်နေ့က နုတ်ထွက်စာ တင်ထားပြီး ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေသည်။

လက်ရှိအစိုးရအဖွဲ့အတွင်း သဘောထား တင်းမာသူဟု ကျော်ကြားသည့် အသက် ၆၁ နှစ်အရွယ် အငြိမ်းစား ဗိုလ်ချုပ်ကြီး သီဟသူရ ဦး တင်အောင်မြင့်ဦးသည် အများပြည်သူ မြင်ကွင်းတွင် အတန်ကြာ ပျောက်ကွယ် နေပြီးနောက် ယခု ကဲ့သို့ နုတ်ထွက်သည့်သတင်း ထွက် ပေါ် လာခဲ့ ခြင်းလည်း ဖြစ်သည်။

ဦးတင်အောင်မြင့်ဦးသည် စင်္ကာပူမှ ဆေးဝါးကုသမှုခံယူ၍ ယခုကဲ့သို့ နုတ်ထွက်စာ တင်ခဲ့ခြင်းဖြစ်ကြောင်း VOA မြန်မာပိုင်း အစီအစဉ် အ သံလွှင့်ချက်အား ကိုးကား၍ နိုင်ငံတကာ မီဒီယာများတွင် တနင်္ဂနွေ နေ့ကတည်းက သတင်းများ ပြန့်နှံ့နေသော်လည်း နိုင်ငံတော် အစိုး ရမှ တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေး ပေ။

တချိန်တည်းမှာပင် သမ္မတဦးသိန်းစိန်က ကက်ဘိနက်အဖွဲ့ကို ပြောင်းလဲဖွဲ့စည်းကာ ဝန်ကြီးဌာနအချို့ကို ပူးပေါင်းပြီး အရေအတွက် လျှော့ ချလိမ့်မည်ဟု ထင်မြင်ကြေးပေးမှုများ နေပြည်တော်တွင် ဖြစ်ပေါ် လျက်ရှိသည်။

သီဟသူရ ဦးတင်အောင်မြင့်ဦးမှာ ၁၉၇၀ ခုနှစ် DSA ကျောင်းဆင်း ဖြစ်ပြီး ၁၉၉ဝ ခုနှစ်များအထိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် နအဖ စစ်ကောင်စီ၏ အတွင်းရေးမှူး(၁)အဖြစ် ခန့်အပ်ခြင်းခံရသည်။ ၂၀၀၉ ခုတွင် ဗိုလ်ချုပ်မှူး ကြီးသန်းရွှေ၏ စစ်ရေးအကြံပေးအဖြစ် တာဝန်ယူခဲ့ရသည့် ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးမှာ ၂ဝ၁ဝ ရွေးကောက်ပွဲ မ တိုင်မီ တွင် တပ်မတော် ရာထူးမှ နုတ်ထွက် ခဲ့သည်။

ထို့နောက် ရွေးကောက်ပွဲတွင် နေပြည်တော် ပုမ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြံ့ခိုင်ရေး ပါတီမှ ဝင်ရောက် ယှဉ် ပြိုင် အနိုင် ရရှိခဲ့ပြီး အခြေခံဥပဒေ ပုဒ်မ ၆ဝ(ခ)(၃)အရ တပ်မတော် သား ကိုယ်စားလှယ်များ အစုအဖွဲ့မှ ဒုတိယ သမ္မတအဖြစ် ရွေး ချယ် တင်မြှောက်ထားခြင်း ခံရသူလည်း ဖြစ်သည်။

အကယ်၍ မေလ ၃ ရက်နေ့တွင် သီဟသူရ ဦးတင်အောင်မြင့်ဦး နုတ်ထွက်လွှာတင်ခဲ့ပါက အခြေခံဥပဒေ ပုဒ်မ ၇၃(ဆ)အရ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကို ၂၁ ရက်အတွင်း ခေါ်ယူ၍ သက် ဆိုင် ရာ တပ်မတော်သား ကိုယ်စားလှယ်များက ဒုတိယ သမ္မတ တဦးကို ထပ်မံ ရွေးချယ်တင်မြှောက်ပေးရမည် ဖြစ်သည်။

No comments: