ပီတာအောင်
အမျိုးသမီးတယောက်အတွက် ဆိုးရွားတဲ့ နေရာတွေထဲမှာ မြန်မာနိုင်ငံ ပါဝင်တယ်လို့ ကမ္ဘာ့နိုင်ငံတွေရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့မူဝါဒရေးရာတွေ ကို အသားပေးဖော်ပြတဲ့ အမေရိကန်ထုတ် Foreign Policy မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။
တက္ကဆက် A&M တက္ကသိုလ်က ပါမောက္ခ ဗလာရီ ဟတ်ဒ်ဆန်က ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အခြေအနေတွေကို လေ့လာတင်ပြထားတဲ့ သုတေသနမြေပုံမှာ ခုလို ဖော်ပြထားတာပါ။
ကျား-မ ပညာရေးကွာဟမှုနဲ့ ပတ်သက်ပြီး ဖော်ပြရာမှာ မြန်မာနိုင်ငံရဲ့ အလယ်တန်း အဆင့် ကျောင်းတက်နှုန်းဟာ ယောကျာ်းလေးနဲ့ မိန်းကလေး ကွာဟချက် ၂၀ ရာခိုင်နှုန်းကျော် ရှိနေတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ သတ်မှတ်ချက်အရ ဒါဟာ အဆိုးဆုံးအဆင့်ဝင် နိုင်ငံဖြစ်ပြီး ဒီသတ် မှတ်ချက်မှာ အမျိုး သမီး တွေကို ပညာ သင်ကြား ခွင့် ကန့်သတ် ထားမှု ကိုလည်း ထည့်သွင်း တွက်ချက် ထားပါ တယ်။
မိသားစုတွင်း ဓလေ့ထုံးတမ်းအစဉ်အလာနဲ့ ပတ်သက်လို့ ဖော်ပြရာမှာတော့ လက်ထပ်ထိမ်းမြားမှု၊ ကွာရှင်းမှု၊ အမွေဆက်ခံမှုနဲ့ လင်ပြိုင် မယားပြိုင်ထားမှု ဥပဒေသတွေမှာ ကျားမ တန်းတူညီမျှမှု မရှိတဲ့ နိုင်ငံအြဖစ် သတ်မှတ်ပါတယ်။
ဒါ့ပြင် အမျိုးသမီးတွေအတွက် ရုပ်ပိုင်းဆိုင်ရာလုံခြုံမှု မရှိဆုံးနိုင်ငံ တနိုင်ငံ အြဖစ်လည်း မြန်မာကို သတ်မှတ်ထားပါပြီး အမျိုးသမီးတွေ အတွက် ရုပ်ပိုင်းဆိုင်ရာ ကိုယ်ထိလက် ရောက်ကျူးလွန်မှုတွေထဲမှာ လူသတ်မှု၊ အဓမ္မမှုနဲ့ အိမ်တွင်း အြကမ်းဖက်မှု စတာတွေ ပါဝင် ပါတယ်။
နောက်တခါ ကလေးမွေးဖွားရာမှာလည်း မိခင်အသေအပျောက် အများဆုံး နိုင်ငံအြဖစ် သတ်မှတ်ထားပြီး ကလေးငယ် ၁သိန်း မွေးဖွားရာမှာ မိခင်သေဆုံးမှု အရေအတွက် ၃၀၀ ကျော် ရှိတဲ့နိုင်ငံတွေစာရင်းမှာ ထည့်သွင်းထားပါတယ်။
မိသားစုထဲမှာ သား ယောကျာ်းလေးကို သမီး မိန်းကလေးထက် ပိုပြီး တန်ဖိုးထားမှုရှိတဲ့နိုင်ငံ အမျိုးသမီးတွေကို လူကုန်ကူးတာတွေ သာ မန် ဖြစ်ရိုးဖြစ်စဉ်သဖွယ်ရှိနေတဲ့ နိုင်ငံအြဖစ်လည်း မြန်မာကို သတ်မှတ် ဖော်ပြထားပါတယ်။
လူမှုရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ စာရေးဆရာမ သန်းမြင့်အောင် ကတော့ မြန်မာနိုင်ငံမှာ အမျိုးသမီးအခွင့်အရေးနဲ့ရပိုင်ခွင့်တွေမှာ လိုအပ်ချက်တွေ ရှိနေပေမယ့် မြန်မာအမျိုးသမီးဖြစ်ရတာ ဂုဏ်ယူတယ်လို့ပြောပါတယ်။
“အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်လို့တော့ လိုတဲ့နေရာတွေတော့ ရှိကောင်း ရှိနိုင်တယ်။ နိုင်ငံခြားသားနဲ့ ရန်ဖြစ်တဲ့အခါမှာ ကိုယ်ထိ လက်ရောက် စော်ကား ခံရ တာတို့ ဘာတို့လေ။ အဲဒါတွေ ကတော့ ကျမတို့ အမျိုးသမီးနဲ့ ပတ်သက်တဲ့ ဥပဒေတွေ ထပ်ပြီးတော့ ပြဌာန်းဖို့လိုလိမ့်မယ် ထင်တယ်ပေါ့။ မြန်မာအမျိုးသမီးတယောက် ဖြစ်ရတာကိုတော့ ကျမ ဂုဏ်ယူတယ်။ ကျမ ကျေလည်း ကျေနပ်တယ်။ အမျိုးသမီးမို့လို့ နှိမ့်ချခံတာတော့ ကျမ လူမှုအဖွဲ့အစည်း အသိုင်းအဝိုင်းမှာ မရှိဘူး။ အရင်တုန်းက အစိုးရလက်ထက်မှာပဲ အမျိုးသမီးရယ် အမျိုးသားရယ် မဟုတ်ဘူး။ ပထမတော့ အမျိုးသမီးဆိုတော့ ပိုခံရတာပေါ့နော်။ ပရဟိတလုပ်ငန်း လုပ်တဲ့နေရာမှာ အရာရာမှာ သံသယနဲ့ ကြည့်တာတို့ ပြီးတဲ့အခါကျတော့ နည်းနည်းဟန့်တားချင်တာတို့၊ နှောင့်ယှက်ချင်တာတို့ အဲဒါတွေ ကြုံတွေ့ခဲ့ရတာပေါ့ ကျမအနေနဲ့။ အခု အချိန် မှာတော့ အားလုံး အဆင် ပြေနေ ပါတယ်။”
Foreign Policy မဂ္ဂဇင်းမှာတော့ လူမှုရေး ပညာရေးနဲ့ ကျန်းမာရေး ကိစ္စအြပင် အစိုးရအဖွဲ့အတွင်း အမျိုးသမီးတွေကို ဝန်ကြီးအဆင့် နေ ရာပေးမှုနဲ့ လွှတ်တော်မှာ အမျိုးသမီး ဥပဒြေပုအမတ်တွေ ပါဝင်မှု ရာခိုင်နှုန်းဟာလည်း မြန်မာနိုင်ငံမှာ အနည်းဆုံးနိုင်ငံ တနိုင်ငံဖြစ်နေ တယ်လို့ ဖော်ပြထားတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်မေဝင်းမြင့်ကတော့ အနာဂတ် မြန်မာ့နိုင်ငံရေးမှာ အမျိုးသမီးတွေ ပိုမိုပါဝင်ခွင့် ရလာနိုင်စရာ အကြောင်း ရှိတယ်လို့ ပြောပါတယ်။
“အန်တီတို့ရဲ့ အဖွဲ့ခေါင်းဆောင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ဖြစ်တယ်။ အင်မတန် အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တယောက်၊ နိုင်ငံ့ခေါင်းဆောင် ဖြစ်တဲ့အတွက် လွှတ်တော်ထဲမှာ ပါဝင်လာတဲ့အတွက် အမျိုးသမီးအနေနဲ့ အခွင့်အရေး ပိုပြီးရလာနိုင်ပါတယ်။ ဒါက ဒေါ်စုကိုပြော တာပေါ့။ ကျန်တဲ့ အမျိုးသမီးတွေအနေနဲ့ လွှတ်တော်ထဲမှာ ပိုပြီး နေရာရရှိဖို့ကတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့လည်း အများကြီး သက်ဆိုင် ဆက်နွယ်ပါတယ်။ အမျိုးသမီးတယောက်ဖြစ်ရုံနဲ့ အမျိုးသမီးအခွင့်အရေး တရပ်အနေနဲ့ ရရှိလာစရာ အကြောင်းမရှိပါဘူး။ အမျိုးသမီးတွေက ကြိုးစားရင်ကြိုးစားသလောက် တချို့အပိုင်းတွေ ရောက်နိုင်တာ ရှိပါတယ်။ အမျိုးသမီးမို့လို့ အုပ်ချုပ်ရေးပိုင်းမှာ မပါရဘူးဆိုတာမရှိဘူး။ မဲမပေးရဘူးဆိုတာ မရှိပါဘူး။ အခုဆိုရင် ဝန်ကြီးဌာနတွေမှာလည်း အမျိုးသမီးတွေ အရည်အချင်း ရှိရင် ရှိသလောက် ပါဝင်ခွင့်ရှိပါတယ်။
ဒါကြောင့် အန်တီတို့က ဆိုးဝါးတယ်ဆိုတဲ့နိုင်ငံမျိုးမှာ အန်တီတို့ မြန်မာနိုင်ငံက အမျိုးသမီးတွေ မပါဘူးလို့ ယုံကြည်ပါတယ်။”
ဒါပေမယ့် မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ အစိုးရအဖွဲ့ရဲ့ အြမင့်ဆုံးရာထူးဖြစ်တဲ့ သမ္မတ အဆင့်ထိ ရာထူးရဖို့ကတော့ အကန့်အသတ်တွေ ရှိနေဆဲပါ။
အထူးသြဖင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၃ ပါ သမ္မတ တယောက်ရှိရမယ့် အရည်အချင်း သတ်မှတ်ချက်တွေထဲမှာ စစ်ရေးအြမင်ရှိရမည် ဆိုတဲ့အချက် ထည့်သွင်းထားတာဟာ အမျိုးသမီးတွေ ကို သမ္မတ တာဝန် မထမ်းဆောင်နိုင်အောင် တားဆီးထားတာလို့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြ ဝေဖန်လေ့ရှိပါတယ်။
No comments:
Post a Comment