Wednesday, May 2, 2012

အသစ် လဲထားသည့် စစ်တပ် ကိုယ်စားလှယ်များ လွှတ်တော် အတွင်းမှာ ငြိမ်သက်

မင်းလွင်

ဒီကေန့မှာ ပြီးဆုံးသွားခဲ့တဲ့ ပထမအြကိမ် တတိယြေမာက် ပြည်သူ့လွှတ် တော် ပုံမှန်အစည်းအေ၀းပွဲမှာ အသစ်လဲထားတဲ့ တပ်မေတ်ာသားလွှတ် တော် ကိုယ်စားလှယ်တွေဟာ အရင် လူတွေလာက် လွှတ်တော် ဥပေဒ ပြဌာန်းဖို့အတွက် ၀င်ရောက်ဆွေးနွေးတာ မတွေ့ရ ဘူးလို့ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ဒီဗွီဘီကို ပြောပါတယ်။

“အခုကျေတာ့လည်း သူတို့ထက်အဆင့်မြင့်တဲ့ ဒု-ဗိုလ်မှူးကြီးတွေ၊ ဗိုလ်မှူး ချုပ်တွေ လဲလိုက်တယ် ဆိုတော့ ကောင်းပါတယ်။ ကောင်းတယ် ဆိုတာက ကျေန်ာတို့ရဲ့ လွှတ်တော်ကိုလည်း တပ်မေတ်ာက ပိုပြီး တော့ အေလးထား လာတယ်၊ ပိုပြီးတော့ ဒါ လေးစားမှုပေးတယ်၊ ပိုပြီးတော့ အဆင့်မြှင့် ပေး လိုက်တယ် ဆိုတဲ့ သေဘာမျိုး သက်ရောက် တဲ့အတွက် ကျေန်ာတို့က ဝမ်းသာတယ်။ အဲဒီ ထက် ပိုအေရး ကြီးတာ က သူတို့ကို လွတ်လွတ် လပ် လပ် ဆွေးနွေးခွင့်၊ ပြည်သူ လူထု ဘက်နေ ရပ်တည် ပြီးတော့ ပြည်သူ လူထုရဲ့ အကျိုး စီးပွား အတွက်ပေါ့။ တိုင်းပြည်ရဲ့ အကျိုး စီးပွား အတွက် လွတ်လွတ် လပ်လပ် ဆွေးနွေးခွင့် ပြော ဆို ခွင့် မဲပေး ခွင့်ပေါ့။ အဲဒါ့ အာမခံ ပေးရင် ပိုကောင်း တယ်။ အဲဒါ ကိုတော့ ကျေန်ာတို့ အခု မြမင်နိုင် သေးဘူး ပေါ့နော်။”

ဧပြီလ ၂၃ ရက်နေ့မှာ မူလက တပ်မေတ်ာကာကွယ်ရေးဦးစီးချုပ်ကေန ရွေးချယ်စေလွှတ်ထားတဲ့ အရာရှိတွေကို ဖယ်ရှားပြီး အသက်အ ရွယ်ကြီးရင့်တဲ့ ဗိုလ်မှူးချုပ်နဲ့ ဗိုလ်မှူးကြီးအဆင့်တွေကို ပြောင်းလဲခဲ့ တာပါ။

အရင်က တပ်မေတ်ာသားကိုယ်စားလှယ်တွေဟာ ဗိုလ်မှူး၊ ဗိုလ်ကြီးတွေများပြီးတော့ အရပ်သား လွှတ်တော် ကိုယ်စားလှယ်တွေနည်းတူ နိုင်ငံတော်မှာ ပြဌာန်းမယ့်ဥပေဒေတွကို လွတ်လွတ်လပ်လပ် ၀င် ရောက်ဆွေးနွေးတာတွေ တွေ့ရတယ်လို့ ဦးရဲထွန်းက နှိုင်းယှဉ် သုံးသပ် ပြောဆိုပါတယ်။

“သူတို့အရင်လူတွေကေတာ့ ဗိုလ်မှူး၊ ဗိုလ်ကြီးတွေများတယ်။ ဗိုလ်မှူး၊ ဗိုလ်ကြီးတွေများတဲ့အခါကျေတာ့ တချို့ ဥပေဒြကမ်းလေးတွေဆွေး နွေး တာမှာ သူတို့ ကိုလည်း ကျေန်ာတို့လိုပဲ လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့် ပြုတယ်။ ဆွေးနွေးခွင့်ပြုတယ်၊ မဲပေးခွင့်ပြုတယ်ဆိုတဲ့ အခါကျေတာ့ ကျေန်ာတို့ ထြပီးတင်တဲ့ အဆိုတွေ ဆွေးနွေးချက်တွေကိုလည်း သူတို့က သေဘာကျရင် ထောက်ခံတာ၊ သူတို့လည်း ဆွေး နွေးတာ အဲဒီလိုဟာမျိုးတွေ လုပ်တော့ သူတို့နဲ့ ကျေန်ာတို့ တော်တော်လေး ရင်းရင်းနှီးနှီးခင်ခင်မင်မင် ဖြစ်တာပေါ့ဗျာ။ တောင်သူ လယ် သမား အေရး ကိစ္စ ဆိုရင်လည်း လယ်သမား သားသမီး တွေပါတော့ ဒီ တပ်မေတ်ာသား ကိုယ်စား လှယ်တွေ ကလည်း ဆွေးနွေး ကြတာ တွေ ရှိတယ်။

အဲဒီတော့ ကျေန်ာတို့ကလည်း သူတို့တွေက တောင်သူလယ်သမားအေရးကိစ္စေတွ၊ ပညာရေးကိစ္စေတွ၊ ကျန်းမာရေးကိစ္စေတွ စိတ်ဝင်တ စားနဲ့ ပြည်သူလူထုဘက်က ရပ်တည်ပြီးတော့ ဆွေးနွေးနေတာကို ကျေန်ာတို့ကလည်း လိုလားတယ်။ မဲပေးရင်လည်း သူတို့ဖာသာသူတို့ လွတ်လွတ်လပ်လပ် မဲပေးခွင့်။ ဘယ်အမိန့်မှ မနာခံရဘဲနဲ့ မဲပေးခွင့် ရတာမျိုးတွေ ကျေန်ာတို့က လိုလားတယ်။”

တပ်မေတ်ာသား ကိုယ်စားလှယ်အေရအတွက်ဟာ ပြည်သူ့လွှတ်တော်မှာ ၁၁၀ ဦးနဲ့ အမျိုးသားလွှတ်တော်မှာ ၅၂ ဦး ရှိပါတယ်။ အခု အသစ် လဲလိုက်တဲ့ လွှတ်တော်အသီးသီးအတွက် တပ်မေတ်ာသား ကိုယ်စား လှယ်တွေထဲမှာ စစ်တပ်က စီနီယာ ကျတဲ့ အရာ ရှိကြီး တွေလည်း ပါဝင် နေပါတယ်။

No comments: