Friday, May 11, 2012

ရွှေနံ့​သာ​ကျေး​ရွာသား​များ​၏ လယ်ထွန်မင်္ဂလာ အာဏာပိုင်တား​မြစ်

အေး​နိုင်

မင်္ဂလာဒုံမြို့​နယ် ​ရွှေနံ့​သာ​ကျေး​ရွာမှာ လယ်သိမ်း​ခံရတဲ့​ လယ်သမား​တွေက သူတို့​မြေယာ​တွေ​ပေါ်မှာ လယ်ထွန်မင်္ဂလာပွဲကို ဒီ​နေ့​မနက် ကျင်း​ပရာမှာ သက်ဆိုင်ရာက လာတား​ပါတယ်။

ဇေကမ္ဘာကုမ္ပဏီက သူတို့​ထံက​နေယူပြီး​ စက်မှုဇုန်တည်​နေတာကို မ​ကျေနပ်တဲ့​ လယ်သမား​တွေက လယ်ထွန်မင်္ဂလာပွဲ လုပ်မယ်လို့​ ကြို တင် ​ကြေညာထား​တာပါ။ ဒါကို မ​နေ့​ည​နေက မြို့​နယ်အုပ်ချုပ်​ရေး​မှူး​က စာပို့​တား​မြစ်သလို ​ရွှေနံ့​သာ ​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​ကလည်း​ လာ​ရောက် တား​မြစ်ခဲ့​ပါတယ်။

အဲဒီလယ်ကွင်း​မှာ ညအိပ်တဲ့​ သူတို့​ကလည်း​ လယ်ထွန်ပွဲကို ဖြစ်​အောင် လုပ်ပါမယ်လို့​ လယ်သမား​တွေရဲ့​ ကိုယ်စား​လှယ် မတူကွဲပြား​ခြင်း​နဲ့​ ငြိမ်း​ချမ်း​ရေး​ပါတီ ဥက္ကဋ္ဌ ဦး​နေမျိုး​ဝေက ​ပြောဆိုပါတယ်။

မ​နေ့​ညမှာ သက်ဆိုင်ရာက လယ်သမား​တဦး​ရဲ့​ အိမ်တွင်း​ကို ဝင်​ရောက်ပြီး​ ခြိမ်း​ခြောက် ကြိမ်း​မောင်း​ခဲ့​တယ်လို့​ သူက ​ပြောပါတယ်။

မ​နေ့​ညက လယ်သမား​တွေနဲ့​အတူ အဲဒီကွင်း​မှာ ညအိပ်တဲ့​ ဦး​နေမျိုး​ဝေက “ဗိုလ်ကြီး​အောင်မြင့်​ဇော်က ဦး​ကျော်မြင့်​တဲက အမျိုး​သမီး​ကို သူက ဝင်ပြီး​တော့​ ​ပြောတယ်။ မနက်ဖြန်ကျရင် ​သွေး​လည်း​မြင်ရမယ်၊​ အသံလည်း​ ကြား​ရမယ်​ပေါ့​။ လုံခြုံ​ရေး​တွေလည်း​ ​ခေါ်ထား​တယ် ဘာညာ​ပြော​တော့​ ​ကြောက်​နေကြတယ်။ ​ကြောက်​နေကြတဲ့​အချိန် အုပ်ချုပ်​ရေး​က ကျ​နော်တို့​ကို တား​တဲ့​စာ​ပေး​ပြီး​တော့​ ရွာသား​တွေက ဖတ်ပြီး​တော့​ လန့်​နေကြတာ​ပေါ့​ဗျာ။”

ဒီမနက်​တော့​ လယ်ထွန်မင်္ဂလာပွဲကို လှိုင်သာယာဘက်က ​မြေသိမ်း​ခံရတဲ့​ လယ်သမား​တွေနဲ့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​တွေလည်း​ ​ရောက် လာလို့​ လူ ၁၀၀ ​ကျော် သွား​တယ်လို့​ ဆိုပါတယ်။

ဒီမနက် ၁၀ နာရီ ၁၅ မိနစ်မှာ လယ်ထွန်မင်္ဂလာကို လယ်ထွန်စက် ၂ လုံး​နဲ့​ စတင်ခဲ့​ပုံနဲ့​ အာဏာပိုင်​တွေက တား​မြစ်ပုံကို ဦး​နေမျိုး​ဝေက ခုလို ​ပြောပါတယ်။

“လယ်ထွန်မင်္ဂလာကို စပြီဆိုပြီး​ ကျ​နော်တို့​က လယ်စက် ၂ စီး​နဲ့​ ၁ စီး​ကို စပြီး​တော့​ တကယ်မထွန်​သေး​ဘဲနဲ့​ ထွန်ကိုင်း​ကို မထား​ပြီး​ ထွန် တဲ့​ပုံစံမျိုး​ ကျ​နော်တို့​ လုပ်တဲ့​အခါမှာ မြို့​နယ်အုပ်ချုပ်​ရေး​မှူး​ ဦး​ငြိမ်း​ထွေး​နဲ့​ ရပ်ကွက်အုပ်ချုပ်​ရေး​မှူး​ ဦး​ထွန်း​ထွန်း​ဦး​တို့​က လာ​ရောက် တား​ပါတယ် သူတို့​အုပ်စု​တွေနဲ့​။ ဟုတ်ပြီ ကျ​နော်တို့​က ​ပြောတယ် ကျ​နော်တို့​ ဒီမှာ မထွန်​သေး​ပါဘူး​ ဒီမှာ ထွန်ကိုင်း​ကို တင်ထား​တယ်။ ခဏ​နေရင် တကယ်ထွန်တယ်ဆိုတာ ဘယ်လိုပါဆိုတာ ကျ​နော် ပြပါမယ်လို့​ ဆိုပြီး​ ကျ​နော် ထွန်ကိုင်း​ကို ​အောက်ချပါတယ်။

“ကျ​နော်တို့​ ဒီလို ဘာဖြစ်လို့​ လုပ်ပြရလဲဆို​တော့​ ခင်ဗျား​တို့​ ကျ​နော်တို့​ကို​တော့​ တား​တယ်။ ​ဇေကမ္ဘာကုမ္ပဏီက ဥပ​ဒေရဲ့​အထက်မှာ ရှိ​နေ လို့​ သွား​မတား​တာလား​။ သူတို့​ကို စာ ၂ ကြိမ်ထုတ်တယ်၊​ သူတို့​ အကြိမ်ကြိမ်ကန်သင်း​တွေ ထိုး​ဖြတ်တယ်။ အဲဒါကို ခင်ဗျား​တို့​ သွား​တား​ပေး​ပါ ဟိုမှာလုပ်​နေပါတယ်။ ကျ​နော်တို့​ ထွန်​နေတဲ့​ တချိန်တည်း​မှာပဲ ဟိုဘက်အခြမ်း​မှာက အ​ရှေ့​တောင်ဘက်အခြမ်း​မှာ ​ဇေကမ္ဘာက ကန်သင်း​တွေ ထိုး​နေပါတယ် အဲဒီ​တော့​ သူတို့​သွား​တား​ပါတယ်။ အဲဒီ​တော့​ ကျ​နော်တို့​က ဥပ​ဒေအတွင်း​မှာ အား​လုံး​ တ​ပြေး ​ညီ ရှိဖို့​ လိုအပ် တယ်ဆို တာကို သရုပ်​ဖော် တာပါ ဒီ​နေ့​က။”

သူတို့​ရဲ့​ လယ်ထွန်စက်​တွေ လယ်ကွင်း​ထဲက ထွက်သွား​ပေမယ့်​ ​ဇေကမ္ဘာကုမ္ပဏီက​တော့​ ​မြေတူး​စက်​တွေ ဆက်ရှိ​နေတယ်လို့​ ဆိုပါတယ်။

လွန်ခဲ့​တဲ့​နှစ်ပိုင်း​က အစိုး​ရစီမံချက်အရ လယ်သိမ်း​ခံရမယ်ဆိုတဲ့​အတွက် ​ဇေကမ္ဘာကုမ္ပဏီက ၁ ဧက ၃ သိန်း​နှုန်း​ နစ်နာ​ကြေး​ပေး​ပြီး​ စက် မှုဇုန်လုပ်​နေတာကို လယ်သမား​တွေက တိုင်လို့​ သက်ဆိုင်ရာက နား​ခိုင်း​ထား​ပါတယ်။

အခု​တော့​ ​ဇေကမ္ဘာကုမ္ပဏီကလည်း​ လယ်ယာလုပ်မယ်လို့​ မြို့​နယ်​မြေယာ​ကော်မတီမှာ ​လေ်ွာက်ထား​သလို လယ်သမား​တွေကလည်း​ လယ် ယာလုပ်မယ်လို့​ ​မြေယာ​ကော်မတီမှာ ​လေ်ွာက်ထား​ကြပါတယ်။

No comments: