Friday, May 11, 2012

ပြန်ပေးခံရသူ ဘုရားသုံးဆူ မြို့ခံများ ငွေမပေးရဘဲ လွတ်မြောက်

စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့မှ ပြန်ပေးအဖွဲ့ လက်ထဲတွင် ကျန်သည့် ၅ဦးကို ထိုင်းဘတ်ငွေ ၅သောင်းဖြင့် ပြန်ရွေးရန် ပြန်ပေးအဖွဲ့က သဘောတူ လိုက်သော်လည်း နောက်ဆုံးတွင် ငွေမယူတော့ဘဲ ယမန်နေ့ည ၈နာရီက ပြန်လွတ်ပေးလိုက် သည်ဟု သိရသည်။

“ပြန်ပေးဆွဲခံရသူကိုယ်တိုင်က သူတို့ကို ငွေမယူဘဲ ပြန်လွတ်လိုက်တယ်လို့ ပြောတယ်။ ဘာကြောင့် ငွေမယူဘဲ ပြန်လွတ် လိုက်တာတော့ မသိရဘူး။”ဟု ပြန်လွတ် လာသူ များ၏ ပြောဆိုမှုကို ကြားသိခဲ့သူ မြို့ခံတဦးက ကေအိုင်စီ သို့ ပြောသည်။

ပြန်ပေးသမားများက ပြန်ပေးဆွဲထားသည့် လူ ၅ဦး၏ ဆွေမျိုးများထံတွင် ထိုင်းဘတ်ငွေ ၅သောင်းဖြင့် ပြန်ရွေးရန် ယမန် နေ့က သဘော တူခဲ့ပြီးနောက် ငွေမပေးရတော့ဘဲ ယခုလို ပြန်လည် လွတ်မြောက် လာခြင်း ဖြစ်သည်။

သို့သော် အစိုးရ ထောက်လှမ်းရေးဘက်မှ အဆိုပါ ပြန်ပေးအဖွဲ့ကို ပြန်ပေးစွဲခံရသူတို့က ထိုင်းဘတ်ငွေ သုံးသောင်းခွဲ ပေးခဲ့ရသည်လည်း ဆိုသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ဘုရား သုံးဆူ မြို့ရှိ အစိုး ရနှင့် နီးစပ်သူ တဦး က ပြောသည်။

မေလ ၈ရက်နေ့က ပြောက်ကျားဝတ်စုံ ၀တ်ဆင်ထားသည့် ပြန်ပေးသမားတစ်စု ဘုရားသုံးဆူမြို့အတွင်း ရပ်ကွက်(၂) ငုဝါလမ်းထိပ်ရှိ ထ မင်းဆိုင်တခုတွင် မြို့ခံ ၇ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ၂ဦးမှာ ထွက်ပြေးလွတ်မြောက်လာပြီး ၅ဦးမှာ ပြန်ပေးအဖွဲ့လက်ထဲတွင် ထိန်း သိမ်းခံခဲ့ ရပြီးမှ ပြန်လည် လွတ်မြောက် လာခြင်း ဖြစ်သည်။

No comments: