Thursday, May 10, 2012

KIA ကိုချေမှုန်းရန် မြန်မာအစိုးရတပ်နှင့် တိန့်ယိန်း ပန်ဝါတွင် တွေ့ဆုံ

KNG

မြန်မာ စစ်တပ် ကချင် ပြည်နယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူးနှင့် ဦးဇခုန် တိန့်ယိန်း (Zahkung Ting Ying) သည် မေ ၈ ရက်၊ အင်္ဂါနေ့က ယခင် NDA-K ဌာနချုပ် ပန်ဝါတွင် တွေ့ဆုံပြီး ကချင် လွတ်မြောက်ရေး တပ်ဖွဲ့(KIA)ကို ချေမှုန်းရန် ဆွေးနွေး ခဲ့ကြ သည်။

တိုင်းမှူး ဗိုလ်မှူးချုပ် ဇေယျာအောင် က “အခုတော့ ခေတ်မီ လက်နက်တွေ လည်းရထား ပြီဖြစ်တဲ့ အတွက် KIA ကိုတိုက်မှာ ဖြစ်တယ်။” ဟု အစည်း အဝေးမှာ ပြောကြား ခဲ့သည်ဟု ပန်ဝါ သတင်းက ဆို သည်။

အစိုးရ တပ်မှ ဖမ်းဆီးသော KIA စစ်သား တစ်ဦး ၏ပြောဆို ချက်ဖြစ်သည့် “NDA-K အထွေထွေ အတွင်းရေး မှူးဟောင်း လယောက် ဇယ်လွမ်း (Layawk Zelum) အဖွဲ့မှ ခေါ်တဲ့ အတွက် ပန်ဝါသို့ KIA တပ်ဖွဲ့များ လာရခြင်း ဖြစ်တယ်။” ဆိုသည့် စကား ကိုလည်း အစည်း ဝေးတွင် ထပ်မံ ပြောဆို ခဲ့ကြ သည်ဟု ဆိုသည်။

၂၀၀၅ ခုနှစ် စက်တင်ဘာ ၁၄ တွင် ကချင်ဒီမိုကရေစီ သစ်တပ် မတော် (New Democratic Army-Kachin) အဖွဲ့ ဥက္ကဌ ဦးဇခုန် တိန့်ယိန်းကို ၎င်း၏ အထွေထွေ အတွင်း ရေးမှူး ဇယ်လွမ်း (Zelum)က ရက်တို အာဏာ သိမ်းခဲ့ သည်။

၎င်း မအောင် မြင်သော အာဏာ သိမ်းမှု ဖြစ်ပွား ပြီးနောက် ဇယ်လွမ်း ဦးဆောင်သော NDA-K ခွဲထွက် အဖွဲ့သည် KIA အဖွဲ့တွင် ခိုလုံ နေခဲ့ သည်။

ဧပြီ ၂၅ ရက်တွင် အင်အား ၄၀၀ ခန့်ရှိ KIA တပ်ဖွဲ့များက ပန်ဝါသို့ ရုတ်တရက် ချီတက်လာပြီး ပန်ဝါမြို့နှင့် ၎င်းမှ ၁၁ မိုင်အကွာ နယ်ခြား စောင့်တပ် တပ်ရင်း အမှတ် ၁၀၀၂၊ လုပီ အခြေစိုက် စခန်းကို ၀ိုင်း ထားလိုက် သည်။

တချိန် ထဲမှာ အစိုးရ စစ်ဗျူဟာ ပန်ဝါမြို့တွင် အလျင် အမြန် အခြေစိုက် လိုက်ပြီး ၀ိုင်းထားသော KIA တပ်များကို ဧပြီ ၂၆ နှင့် ၂၇ နှစ်ည ဆက်တိုက် ရဟတ် ယာဉ်နှင့် ဂျက်တိုက် လေယာဉ် များဖြင့် ပြင်း ပြင်း ထန်ထန် ဗုံးကျဲ တိုက်ခိုက် ခဲ့သည်။

ယခုလို တိုက်ခိုက်ခံ ရပြီးနောက် KIA တပ်များ မြို့ပြင်သို့ ဆုတ်ခွာ ပေးခဲ့သည်။ ထို့နောက် အစိုးရ တပ်နှင့် နယ်ခြား စောင့်တပ် ပူးပေါင်းပြီး ပန်ဝါမှ KIA ရှင်းလင်းရေး စစ်ဆင်ရေး ပြုလုပ် လာရာ ယခုချိန် တိုက်ပွဲများ အထူး သဖြင့် ပန်ဝါ မြောက်ဘက် ဖရဲ ဒေသ ဘက်တွင် နေ့စဉ် ဖြစ်ပွား နေသည်ဟု ဒေသခံ များပြော သည်။

ပန်ဝါတွင် ၁၅ ရက်ကြာ တိုက်ပွဲများ ဖြစ်ပွား နေချိန် ပန်ဝါမြို့ကို မြန်မာ စစ်ဗျူဟာမှ ထိန်းချုပ် ထားဆဲ ဖြစ်ပြီး မြို့ပြင်ကို KIA မှ ထိန်းချုပ် ထားကြောင်း ဒေသခံ များဆို သည်။

No comments: