Monday, February 4, 2013

မြန်မာနိုင်ငံသားပါဝင်တဲ့လှေကို သီရိလင်္ကာကယ်တင်

ABC

မြန်မာနိုင်ငံသားတွေနဲ့ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ​တွေတင်ဆောင်လာတဲ့လှေတစ်စီး ​နှစ်မြုပ်နေတာကို ​သီရိလင်္ကာနိုင်ငံရေတပ်က ​ကယ်တင်ခဲ့ တယ်လို့ ​သိရပါတယ်။ ​လှေပေါ်ပါလာသူ ​တစ်ဦး ​သေဆုံးပြီး ​လူ ပေါင်း ​၁၃၈ ​ယောက်ကိုတော့ ​အသက်ရှင်လျက် ​ကယ်တင်နိုင်ခဲ့ပါတယ်။

လှေပေါ်ပါလာသူတွေဟာ ​၁၀ ​ရက်ကြာ ​ပင်လယ်ထဲမျောနေခဲ့တဲ့အတွက် ​အများစုဟာ ​ရေငတ်မွတ်မှုဒဏ်ကို ​ခံနေရပြီး ​တချို့ကိုတော့ ​ဆေးရုံပို့ထားတယ်လို့ ​သီရိလင်္ကာအာဏာပိုင်က ​ပြောပါတယ်။

လှေပေါ်မှာ ​မြန်မာနိုင်ငံသား ​၁၄ ​ယောက်ပါဝင်ပြီး ​ကျန်လူတွေက ​ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ​ဖြစ်တယ်လို့ ​ဆိုပါတယ်။ ​လှေပေါ်ပါလာတဲ့ ​မြန်မာ နိုင်ငံသားတွေက ​ရိုဟင်ဂျာလူမျိုး ​ဟုတ်မဟုတ်ဆိုတာတော့ ​မသိ ရသေးပါဘူး။

လှေပေါ်ပါလာသူတွေနဲ့ ​သီရိလင်္ကာအာဏာပိုင်တွေအကြား ​ဆက်ဆံရေးအခက်အခဲဖြစ်နေတဲ့အတွက် ​မြန်မာသံရုံးနဲ့ ​ဘင်္ဂလားဒေ့ရှ်သံရုံးကို ​စ ကားပြန်လုပ်ပေးဖို့ ​အကူအညီ ​တောင်းခံ ​ထားတယ်လို့လည်း ​သိရပါတယ်။

သီရိလင်္ကာနိုင်ငံသားတွေ ​ငါးဖမ်းလှေတွေနဲ့တဆင့် ​သြစတြေးလျနိုင်ငံထဲကို ​ခိုးဝင်လာနေတဲ့အတွက် ​အဲဒီလှေဟာလည်း ​သြစတြေးလျနိုင်ငံ ကို ​ဦးတည်မယ့် ​လှေလို့ ​ငါးဖမ်းသူတချို့က ​ယုံကြည်ပြီး ​သီရိလင်္ကာ ရေတပ်ကို ​အသိပေးရာက ​ဒုက္ခရောက်နေတဲ့ ​လှေကို ​တွေ့ရှိခဲ့တာ ​ဖြစ်ပါ တယ်။

No comments: