Monday, February 25, 2013

မြန်မာ့နိုင်ငံသားဥပဒေ ပြည်ပနဲ့မဆိုင်လို့ ဦးခင်ရီပြော

ABC

မြန်မာနိုင်ငံကို ​ခြောက်ရက်ကြာ ​လာရောက်ခဲ့တဲ့ ​လူ့အခွင့်အရေး ​ဆိုင်ရာ ​ကုလသမဂ္ဂ ​အထူးကိုယ်စားလှယ် ​မစ္စတာကင်တားနားက ​၁၉၈၂ ​နိုင် ငံသားဥပဒေကို ​ပြင်ဆင်ဖို့ ​လိုအပ်တယ်လို့ပြောခဲ့တဲ့ ​အပေါ်လူဝင် မှုကြီးကြပ်ရေးနဲ့ ​ပြည်သူ့အင်အားဝန်ကြီး ​ဦးခင်ရီက ​ပြည်တွင်းရေး ကိစ္စ သာ ​ဖြစ်ပြီး ​ပြည်ပနိုင်ငံတွေနဲ့ ​မဆိုင်တဲ့အကြောင့် ​တုန့်ပြန်ခဲ့ပါတယ်။

၁၉၈၂ခုနှစ်မြန်မာ ​နိုင်ငံသား ​ဥပဒေကို ​လွှတ် ​တော် ​မှာ ​ဆွေးနွှေး ​ခဲ့တဲ့အကြောင်း၊ ​ဆွေးနွှေးပြီးနောက်မှာ ​လက်ရှိဥပဒေက ​ခိုင်မာမှု ​ရှိ ​နေတဲ့ အတွက်၊ ​ပြင်ဆင်ဖို့ ​မလိုအပ်တဲ့ ​အကြောင်း၊ ​ပြင်ဆင်မယ်ဆိုရင်လဲ ​စာသားတွေ ​သာပြင်ဆင်ဖို့ ​လို ​အပ်တယ်လို့ ​ပြောသွားပါတယ်။

“၈၂ ​law ​ဆိုတာက ​မြန်မာနိုင်ငံသားဥပဒေ။မြန်မာနိုင်ငံ ​အတွင်း ​ကိစ္စဖြစ်ပါတယ်။တခြား ​ဘယ်သူနဲ့မှလည်း ​မဆိုင်ဘူး။ ​ဘယ်သူမှလည်း ​ဒါကို ​ပြောပိုင်ခွင့် ​မရှိဘူး။ဒီကိစ္စနဲ့ ​ပတ်သက်ပြီးတော့ ​ရခိုင်မှာပြဿနာတွေပေါ် ​တဲ့အခါကျတော့ ​လွှတ်တော်မှာ ​အပြန်ပြန်ဆွေးနွေးကြတယ်။ဝိုင်းပြီး ဆွေးနွေးကြတဲ့အခါ ​နောက်ဆုံးမှာဘာ ​အတည်ပြုလဲ ​ဆိုတော့ဒီဥပဒေ ​သည်လက်ရှိမှာ ​ခိုင် မာနေတယ်။ပြင်ချင်ရင် ​အတွင်းမှာရှိနေတဲ့စာသား တွေ ​ကိုသာပြင်ရမယ်။ဥပဒေက ​တစ်နိုင်ငံလုံး ​တိုင်းနဲ့ ​ပြည်နယ်တွေကို ​ဆင်းပြီးတော့၆ ​နှစ်ခွဲလောက် ​အချိန်ယူပြီးတော့ ​ပြင်ထားတဲ့ ​ဥပဒေ ဖြစ်တဲ့အ တွက် ကြောင့်မို့လို့ ​ဒါနဲ့ ​ဆက်သုံးသင့်ပါတယ်။မှတ်တမ်းတင်ထားပါလို့ ​ဆုံးဖြတ်ထားတာဖြစ်တဲ့အတွက်ကြောင့်ဒါက ​ပြည်တွင်းရေး ကိစ္စသာ ​ဖြစ်ပါတယ်။ဘယ်ပြည်ပနိုင်ငံများနဲ့မှ ​မဆိုင်ပါဘူး။”

ဦးခင်ရီရဲ့ ​တုန့်ပြန်ချက်ထဲမှာ ​နိုင်ငံသားဖြစ်ခွင့်မှာ ​ဥပဒေအရ ​ဖြစ်တဲ့နိုင်ငံသားနဲ့ ​မွေးရာပါနိုင်ငံသား ​ဆိုပြီးတော့ ​၂ ​မျိုးရှိတဲ့အကြောင်း ​၁၈၂၃ခုနှစ် ​မတိုင်မီ ​ကတည်းက ​အဖေ အမေ ​အဖိုးအဖွါးတွေ ​မြန်မာ ​နိုင်ငံမှာ ​နေထိုင်သူတွေဟာ ​မွေးရာပါနိုင်ငံသားတွေဖြစ်ပြီး ​နောက်တမျိုးက တော့ ​ဥပဒေအရ ​ဖြစ်တဲ့ ​နိုင်ငံသားဆိုတာ ​ရှိတဲ့အကြောင်း ​ဒီထဲမှာ ​ တရုတ်လူမျိုး၊ ​အိန္ဒိယအနွယ်တွေပါ ဝင်ပြီး။ ​၁၉၄၈ ​ခုနှစ်မတိုင်ခင်ကအဖိုး အဖွါး ​က ​မြန်မာ ​နိုင်ငံမှာ ​နေထိုင်သေဆုံး ​ခဲ့တာတွေ ​ဖြစ်တဲ့အကြောင်း၊ ​မြန်မာနိုင်ငံတွင်းနေထိုင်ပြီး ​ဗမာ ​စကား ​ပြောတတ်သူတွေ၊ ​နိုင်ငံအ ကျိုးကိုလည်း ​ထမ်းဆောင်သူ တွေ ဟာ ​နိုင်ငံသား ​လျှောက်ခွင့် ​ရှိတဲ့အကြောင်း၊ ​ဒီအချက်တွေမှန်ကန်ရင် ​ဧည့်နိုင်ငံသား အဖြစ်သတ်မှတ်တဲ့ အကြောင်း ​အဲဒီက ​တဆင့် ​ထပ်ပြီးမွေးလာတဲ့ ​မြေးကျတော့မှ ​နိုင်ငံသားအဖြစ် ​သတ်မှတ်တယ်လို့ ​ရှင်းပြသွားပါတယ်။

၁၉၈၂ ​ခုနှစ် ​ဥပဒေနဲ့ ​ပတ်သက်ပြီး ​နိုင်ငံခြားပညာရှင်တွေရဲ့အကြံပေး ​ပြောကြားချက်တွေကို ​ဂရုတစိုက်လေ့လာကာ ​မိမိတို့နိုင်ငံနဲ့ ​ကိုက်ညီ အောင်ဆုံးဖြတ်လုပ်ကိုင်ရမှာ ​ဖြစ်တယ်လို့ဒေါ်အောင်ဆန်းစုကြည် က ​ပြီးခဲ့တဲ့ ​လတွေကပြောခဲ့တဲ့အကြောင်း ​အေဘီစီရေဒီယို ​သြစတြေးလျ ​သတင်းထောက် ​မေငယ်က ​သတင်းပေးပို့ထားပါတယ်။

No comments: