Tuesday, February 26, 2013

မြန်မာနဲ့ အမေရိကန် စီးပွားရေးနားလည်မှု စာချွန်လွာလက်မှတ်ထိုး

ABC

အမေရိကန် ​ကုန်သည်ကြီးများ ​အသင်းနဲ့ ​မြန်မာနိုင်ငံ ​ကုန်သည်များနှင့် ​စက်မှုလက်မှု ​လုပ်ငန်းရှင်များ ​အသင်းချုပ် ​(UMFCCI)တို့ ​စီးပွားရေး ​ပူးပေါင်းဆောင်ရွက်ရေး ​နား လည်မှု ​စာချွန်လွှာတစ်ခုကိုဖေဖေါ်ဝါ ရီလ ​၂၅ ​ရက်နေ့ ​လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အဲဒီစာချွန်လွှာလက်မှတ်ရေးထိုးပွဲမှာ ​အမေရိကန်နိုင်ငံဖက်က ​ကမ္ဘာကျော်အမေရိကန် ​စီးပွားရေး ​ကုမ္ပဏီကြီးတွေ၊လုပ်ငန်းရှင်တွေ ​ပါဝင်ဖွဲ့စည်းထားပြီး ​Chervon ​ရေနံကုမ္ပဏီ၊ ​စိုက်ပျိုးရေး၊ ​မော်တော်ကား ထုတ်လုပ်ရေး၊ ​အီလက်ထရွန်းနစ်လုပ်ငန်း၊ ​စွမ်းအင်နဲ့ ​ဆက်သွယ်ရေး လုပ် ငန်း ​အပါအ၀င် ​စုစုပေါင်း ​အမေရိကန်ကုမ္ပဏီ ​၃၀ ​နီးပါးပါဝင်တယ်လို့ ​သိရပါတယ်။

အမေရိကန် ​အစိုးရအနေနဲ့ ​မြန်မာနိုင်ငံအပေါ်မှာ ​ပိတ်ဆို့ထားတဲ့ ​စီးပွားရေးပိတ်ဆို့မှုတွေ ​ကို ​အပြီး ​မရုပ်သိမ်း ​သေး ​ပေမယ့် ​အခုလို ​လက် မှတ်ရေးထိုးတာဟာ ​ အနာဂတ် ​စီးပွားရေး ​ပူးပေါင်းဆောင်ရွက် ​ဖို့ဖြစ်တယ်ဆိုတဲ့ ​ခံယူချက်နဲ့ ​လက်မှတ် ​ရေးထိုးလိုက်ကြတာ ​ဖြစ်တယ်လို့သိရပါတယ်။

အဲဒီအခမ်းအနားမှာ ​အမေရိကန်နိုင်ငံခြားဝန်ကြီးဌာန၊ ​စီးပွားဌာနလက်ထောက်ဝန်ကြီး ​Mr.Jose ​Fernandez ​က ​မြန်မာနိုင်ငံမှာ ​လာဘ်ပေး လာဘ်ယူမှု၊ ​ထင်သာမြင်သာ ​နည်းပါးမှု၊ ​စစ်တပ်ရဲ့ ​ပါဝင်နေမှုတွေက ​အမေရိကန် ​ရင်းနှီးမြုပ်နှံသူများအတွက် ​အဟန့်အတား ​ဖြစ်စေတယ်လို့ ​ဆိုပါတယ်။

ပြီးခဲ့တဲ့ ​တပါတ်က ​အမေရိကန်အစိုးရက ​မြန်မာနိုင်ငံအပေါ် ​စီးပွားရေးပိတ်ဆို့မှု ​များ ​လျှော့ ​ချ ​တဲ့ ​အနေနဲ့ ​ မြန်မာ့စီးပွားရေး ​ဘဏ်၊ ​မြန်မာ့ ​ရင်း နှီးမြုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေး ​ဘဏ် ​အာရှစိမ်းလန်းဖွံ့ဖြိုးမှုဘဏ်နဲ့ ​ဧရာဝတီ ​ဘဏ်တွေကိုအမေရိကန်ကငွေကြေး ​စနစ်ဝန်ဆောင် မှု ​တွေနဲ့ ​လုပ်ကိုင်ဆောင်ရွက်နိုင်အောင် ​လမ်းဖွင့်ပေး ​လိုက်ပြီးဖြစ်တဲ့အကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက်မေငယ်က ​သတင်း ပေး ​ပို့ထားပါတယ်။

No comments: