ABC
အမေရိကန်နိုင်ငံက ထိပ်သီးစီးပွားရေးလုပ်ငန်း ကိုယ်စားလှယ် အယောက် ၅၀ ဟာ မြန်မာနိုင်ငံမှာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာတွေ ကို လေ့လာဖို့ လာမယ့် တစ်ပတ်အတွင်း မြန်မာနိုင်ငံကို လာရောက်လည်ပတ်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို အမေရိကန်အစိုးရက ထပ်မံ လျော့ချလိုက်ပြီးနောက် နှစ်နိုင်ငံ စီးပွားဆက်ဆံရေး ပုံမှန်ဖြစ်လာအောင် လုပ်ဆောင်တဲ့ ခြေလှမ်းလို့ သုံးသပ်နေကြ ပါတယ်။
အမေရိကန်သမ္မတ ဘားရက်အိုဘားမား အနေနဲ့ နိုဝင်ဘာလတုန်းက မြန်မာနိုင်ငံကို လာရောက်လည်ပတ်ပြီးနောက် အမေရိကန်နိုင်ငံက ထိပ် သီးစီးပွားရေးလုပ်ငန်း ကိုယ်စားလှယ်အဖွဲ့ ပထမဆုံးအကြိမ် သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံက စိုက်ပျိုစီးပွားလုပ်ငန်း၊ လျှပ်စစ်လုပ်ငန်း၊ မော်တော်ယာဉ်လုပ်ငန်း၊ စွမ်းအင်လုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်း၊ လက်လီစီး ပွားရေးလုပ်ငန်းအပြင် တခြား လုပ်ငန်းက ကိုယ်စားလှယ်တွေက မြန်မာနိုင်ငံခရီးစဉ်မှာ ပါဝင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံခရီးစဉ်အတွင်း ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ စာတမ်းဖတ်ပွဲကိုလည်း တက်ရောက်ပြီး မြန်မာနိုင်ငံက စီးပွားရှင်တွေနဲ့ နှစ် နိုင်ငံအစိုးရကိုယ်စားလှယ်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
စီးပွားရေး ကိုယ်စားလှယ် အဖွဲ့ထဲမှာ MetLife, Cargill, Fedex, Chevron, General Motors, General Electric, Target, Honeywell နဲ့ eBay အစရှိတဲ့ ကုမ္ပဏီပေါင်း နှစ်ဆယ်ကျော်က ကိုယ်စားလှယ်တွေ ပါဝင်ကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာ့ဘဏ်ကြီး ၄ ခုအပေါ် အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှု လျော့ချ
မြန်မာ နိုင်ငံက နိုင်ငံရေးပြုပြင်ပြောင်လဲရေး တွေကို အသိအမှတ်ပြု ဆုချတဲ့အနေနဲ့ အမေရိကန် နိုင်ငံက ဆန်ရှင်ဒါဏ်ခတ်ထားတဲ့မြန်မာနိုင် ငံက ဘဏ်ကြီး (၄)ခုကို ဒါဏ် ခတ် ပိတ်ချမှု ကို ဖယ်ရှားလိုက်ပြီဖြစ်တဲ့အတွက် အမေရိကန်နိုင်ငံကငွေကြေးစနစ်နဲ့ လုပ်ငန်း လုပ်ကိုင် ဆောင်ရွက်သွား နိုင်ပြီဖြစ်ပါတယ်။
အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌါနက မြန်မာ့စီးပွါးရေးဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှု နဲ့ကူသန်းရောင်းဝယ်မှု ဘဏ်၊ အာရှစိမ်းလန်းဖွံ့ဖြိုးရေး ဘဏ် နဲ့ဧရာဝတီဘဏ် တို့ အပေါ် အထွေထွေ ငွေကြေးဆိုင်ရာ ၀န် ဆောင်မှု လိုင်စင် ဖွင့်ပေး လိုက်ပြီဖြစ်ပါတယ်။
အမေရိကန်က အခုလို မြန်မာ နိုင်ငံပေါ် ဘဏ် နဲ့သက်ဆိုင်တဲ့ စီးပွားရေး လုပ်ငန်းတွေကို လျော့ချပေးပြီး စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှု တွေ ကိုတော့ မြန်မာ နိုင်ငံ အနေနဲ့ အခြေအနေ နောက်ပြန်ဆုတ်မယ် ဆိုရင် အသုံးချ နိုင်အောင် ဆက်လက်ထားရှိ မယ်လို့ ဆိုပါတယ်။
အခုလို ဆန်ရှင်ဒါဏ်ခတ်မှုတွေ လျော့ချပေး လိုက်တဲ့ အတွက် မြန်မာ နိုင်ငံတွင်း အမေရိကန်စီးပွါးရေးတွေ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုပြုလုပ် နိုင် တာတွေ၊ အမေရိကန်နိုင်ငံအနေနဲ့ မြန်မာ နိုင်ငံမှာ စီးပွါးရေးတွေ တွင်ကျယ်သွားအောင်ဆောင် ရွက်သွားနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။
အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးမစ္စတာ David Cohen က အခုလိုဖြေလျော့မှု တွေပြုလုပ်ပေး ခြင်းအားဖြင့်မြန်မာ နိုင်ငံရဲ့ လူမှုရေး နဲ့ စီးပွါး ရေး ဖွံ့ဖြိုးတိုးတက်မှု ကို အားပေး ရာရောက်တယ်လို့ဆိုပါတယ်။
No comments:
Post a Comment