Wednesday, February 27, 2013

သမ္မတကအော်စလိုရှိမြန်မာနဲ့တွေ့ဆုံမယ်

ABC

မြန်မာနိုင်ငံသမ္မတ ​ဦးသိန်းစိန် ​ရဲ့ ​ပထမဦးဆုံး ​ဥရောပခရီးစဉ်စတင်ခဲ့ပြီး ​ပထမဦးဆုံးအနေနဲ့ ​နော်ဝေးနိုင်ငံ ​အော်စလိုမြို့ကို​မနေ့ကရောက်ရှိ နေပြီး ​နော်ဝေရောက် ​မြန် မာမိသားစု ​တွေနဲ့တွေ့ဆုံမယ် လို့ ​သိရ ပါတယ်။

သမ္မတဦးသန်းစိန်အနေနဲ့ ​စကန်ဒီနေးဗီးယန်းနိုင်ငံ ​တစ်နိုင်ငံဖြစ်တဲ့ ​နော်ဝေနိုင်ငံမှာ ​သုံးရက်ကြာ ​လည်ပတ်မှာဖြစ်ပြီး ​ဖင်န်လန်၊ ​သြစတြီး ယား၊ ​ဘယ်လဂျီယံနဲ့ ​အီတလီနိုင်ငံတွေ ​ကိုပါ ​သွားရောက် ​လည်ပတ် မှာ ​ဖြစ်တယ်လို့ ​သိရပါတယ်။

နော်ဝေနိုင်ငံမှာ ​ရောက်ရှိနေစဉ် ​အတွင်း ​သမ္မတ ​ဦးသိန်းစိန်အနေနဲ့ ​နော်ဝေနိုင်ငံ ​ဝန် ​ကြီး ​ချုပ် ​နဲ့ ​နိုင်ငံခြားရေး ​ဝန် ​ကြီး ​တို့ ​ကို ​တွေ့ ​ဆုံ ​မှာ ​ဖြစ် ​သ ​လို ​နော် ​ဝေ ​ရောက် ​မြန်မာ ​မိသားစု ​တွေနဲ့လည်း ​တွေ့ဆုံမှာဖြစ်တဲ့ ​အကြောင်း ​သိရပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ ​နော်ဝေအစိုးရ ​ထိပ်သီးခေါင်းဆောင်တွေအကြား ​အနာဂတ် ​ဒီမိုကရေစီရေးရာ ​ပြုပြင်ပြောင်းလဲမှု ​ဆိုင်ရာတွေ၊ ​ဖွံ့ဖြိုးတိုး တက်မှု ​အထောက်အကူ ​ဆိုင်ရာတွေ၊ ​သဘာဝပတ်ဝန်းကျင်နဲ့ ​စီးပွားရေးရာ ​ပူးပေါင်းလုပ်ဆောင်မှု ​ဆိုင်ရာတွေနဲ့ ​ပတ်သက်ပြီး ​ဆွေးနွေး သွားမှာ ​ဖြစ်ပေမယ့် ​သဘောတူညီချက် ​စာချုပ်ချုပ်ဖို့ ​အစီအစဉ် ​မရှိသေးတဲ့အကြောင်း ​နော်ဝေနိုင်ငံခြားရေးဌာက ​ပြောခွင့်ရပုဂ္ဂိုလ်က ​ထုတ် ဖေါ်ပြောဆိုထားပါတယ်။

သမ္မတ ​ဦးသိန်းစိန်အနေနဲ့ ​နော်ဝေနိုင်ငံအခြေစိုက် ​မြန်မာသတင်းဌာန ​တစ်ခုဖြစ်တဲ့ ​DVB ​ဒီမိုကရက်တစ်မြန်မာ့အသံ ​နဲ့ ​အမေးအဖြေလုပ် သွားဖို့အလားအလာရှိတဲ့အတွက် ​အထင်ကရ ​ထူးခြားဖြစ်စဉ် ​တစ်ခု ဖြစ်တဲ့အကြောင်း ​အေဖက်ပီ ​သတင်းဌာနက ​ဖေါ်ပြထားပါတယ်။

သမ္မတဦးသိန်းစိန်ဟာ ​ခရီးစဉ်အတွင်း ​ဥရောပသမဂ္ဂဥက္ကဌနဲ့လည်း ​တွေ့ဆုံဆွေးနွေးမှာဖြစ်တယ်လို့ ​ဥရောပသမဂ္ဂအဖွဲ့က ​ထုတ်ပြန်ထား ပါ တယ်။

သမ္မတဦးသိန်းစိန်ရဲ့ ​ဥရောပခရီးစဉ်ဟာ ​မတ်လ ​၈ ​ရက်နေ့မှာအဆုံးသတ်မှာဖြစ်ပြီး ​မြန်မာနိုင်ငံကို ​တိုက်ရိုက် ​ပြန်လာမှာဖြစ်တယ်လို့ ​သိရပါ တယ်။

No comments: