Tuesday, February 26, 2013

၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအတိုင်း စိစစ်မူ ပြုလုပ်ရန် လိုလား

နိရဉ္စရာ

ရခိုင်ပြည်နယ်အတွင်း ဇွန်လနှင့် အောက်တိုဘာလ အတွင်းက အိုး မဲ့ အိမ်မဲ့ ဖြစ် သွားသော မွတ်ဆလင် ဒုက္ခသည်များအား အစိုးရမှ အိုးအိမ်များ တည်ဆောက် ပြီး နေရာချပေးသွားရန် စီစဉ်နေရာ ရခိုင်ဒေသခံ ပြည်သူများက ၁၉၈၂ ခုနှစ် နို်င်ငံ သား ဥပဒေအ တိုင်း စိစစ်မူ ပြုလုပ်ပြီးမှ အိုးအိမ်များ တည်ဆောက် နေရာ ချပေး သွားရန် လိုလားနေကြောင်း သတင်းရရှိသည်။

ဒေသခံများ အဆိုအရ မွတ်ဆလင် မိသားစုများ အတွက် အိမ်ခြေပေါင်း ၄၀၀၀ ကို စစ်တွေ အုန်းတောကြီးတွင် တည်ဆောက် နေရာ ချပေးထားရန်အစိုးရမှစီစဉ်နေ သည်ဟု သိရသည်။ နေရာချပေးရာတွင် လည်း တစ်စုံတစ်ရာ စစ်ဆေးမူမပြုလုပ် ဘဲ နေရာ ချပေး သွားမည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်ဟု ဆိုသည်။

ယခုကဲ့သို့ တစ်စုံတစ်ရာ စိစစ်မူ မပြုလုပ်ဘဲ နေရာ ချပေးသွားမည် ဆိုပါကအစိုးရ ၏ လုပ်ဆောင်ချက်မှာ အပြော တမျိုး၊ အလုပ် တမျိုးဖြစ် နေ လိမ့်မည်ဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ အ တွင်းရေးမှူး အဖွဲ့ဝင် ဦးခိုင်ပြည်စိုးက ပြောသည်။

“ကျွန်တော်တို့ အပါအ၀င် ရခိုင်ပြည်သူတွေ ဖြစ်စေချင်တာက အိုးအိမ်တွေ နေရာ ချမပေးခင် နိုင်ငံသား ဖြစ်မူ မဖြစ်မူကို ၁၉၈၂ ခုနှစ် နိုင်ငံ သား ဥပဒေအရ စိစစ်စေလိုပါ တယ်။ ဥပဒေကြောင်းအရ စစ်ဆေးချက်အရ နိုင်ငံသား ဖြစ်တဲ့ သူတွေကိုတွေ့ရင် သူတို့ကို နေရာချပေးပါ။ နိုင်ငံသား တစ်ဦးရဲ့ ရသင့် ရထိုက်တဲ့ အခွင့်အရေးတွေကို အပြည့်အ၀ ပေးပါ။ ကျွန်တော်တို့ ဒါကို မကန့်ကွက်ဘူး။ နိုင်ငံသား မဟုတ်တဲ့ သူတွေကို ကျရင်တော့ အိုးအိမ် အတည်တကျ ချပေးတာမျိုးကို ကျွန်တော်တို့က မလိုလားဘူး။ အဲသလို နိုင်ငံသား မဖြစ်သေးတဲ့ သူတွေကိုပါ နေရာချပေးရင် အလိုလို နိုင်ငံသား အဖြစ် အသိအမှတ်ပြုလိုက်တဲ့ သဘောမျိုး ဖြစ်သွားနိုင်ပါတယ်။”

နိုင်ငံသား မဖြစ်သူများကို တွေ့ရှိပါက ဒုက္ခသည် စခန်းလို စခန်းများဖွင့်ပြီး နေရာချပေးသွားသင့်ကြောင်းနှင့် အဆင့်ဆင့် စိစစ် ဆောင်ရွက်မူ များ ပြုလုပ်သင့်ကြောင်း သူက ပြောသည်။

အစိုးရ အနေဖြင့် ဇွန်လနှင့် အောက်တိုဘာလ အရေးအခင်း ဖြစ်ပြီးနောက် ရခိုင်ပြည်နယ်တွင် နိုင်ငံသား စိစစ်မူများ ပြုလုပ် ခဲ့သော်လည်း အောင်မြင်မူ မရရှိခဲ့သဖြင့် နိုင်ငံသား စိစစ်မူကို ရပ်တန့်ကာ အိုးအိမ် များ နေရာချပေးရန် စီစဉ်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

“ သက်ဆိုင်ရာက အောက်တိုဘာ အရေးအခင်းပြီးတဲ့ နောက်ပိုင်းမှာ နိုင်ငံသား စိစစ်မူတွေ လုပ်ခဲ့တာတွေ ရှိပါတယ်။ ဒါပေမယ့်ဘင်္ဂလီအမျိုး သားတွေဘက်က ပူးပေါင်း ဆောင်ရွက်မူ မရှိတဲ့ အပြင် ဆန့်ကျင် တာတွေ ရှိခဲ့တဲ့ အတွက် အခုအခါ ရပ်နားလိုက်ရပြီ ဖြစ်ပါတယ်။ အစိုးရ တစ်ရပ်အနေနဲ့ နိုင်ငံတွင်းမှာ နေထိုင်သူတွေကို နိုင်ငံသား စိစစ်မူကိုတောင် မပြုလုပ်ရဲဘူးဆို တော့ အစိုးရဘက်က ဘယ်လောက်ထိ ပျော့ ညံ့ချက်ရှိနေပြီဆိုတာကို သိသာထင်ရှားစွာ မြင်နိုင်ပါတယ်။ အခု တစ်ခါ နိုင်ငံသား စိစစ်ရေးကို ဆက်မလုပ်ဘဲ နေရာချပေးဖို့ စီစဉ်ရင် ပြဿ နာကို မီးလောင်ရာ လေပင့်လုပ်နေတယ်လို့ ရခိုင်တွေ ဘက်ကတော့ မြင်နေကြပါတယ်” ဟု ဦးခိုင်ပြည်စိုးက ဆိုသည်။

အိုးအိမ် ၄၀၀၀ နေရာချထားပေးရေးနှင့် အစိုးရမှ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးသော်လည်း အဆိုပါ အစီအစဉ်မှာ ရာခိုင်နုန်းပြည့်သေချာ နေပြီ ဖြစ်နေကြောင်း အစိုးရ၏ အတွင်းလူများ ကို ကိုးကားပြီး ဦးခိုင်ပြည်စိုးက ဆိုသည်။

ယခု အစိုးရ၏ စစ်တွေ အုန်းတောကြီးတွင် မွတ်ဆလင်များ အတွင် အိမ်ခြေ ၄၀၀၀ ကို နေရာချပေးသွားရန် အစီအစဉ်မှာ တူရကီ အစိုးရ၏ အကူအညီနှင့် ဖိအားပေးမူ အရ စီစဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။

No comments: