Thursday, February 28, 2013

လွယ်ဂျယ် - ဗန်းမော်လမ်း တရုတ်ကုန်တင်သွင်းမှု ကျဆင်း

သျှမ်းသံတော်ဆင့်

တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေး အဓိကလမ်းကြောင်းဖြစ်သည့် မူစယ် - မန္တလေးလမ်းတွင် မိုဘိုင်း အဖွဲ့များက တရုတ် နယ်စပ်မှ တင် သွင်းသည့် ကုန်စည်များအပေါ် ဂျူတီခွန် ဆောင်ခိုင်းလျှက်ရှိရာ အ ကျိုးဆက် အနေဖြင့် ဗန်းမော် - လွယ်ဂျယ်လမ်းမှ တဆင့် တရုတ် ကုန် တင်သွင်းမှု ကျဆင်းလာကြောင်း သိရသည် ။

နယ်စပ်လွယ်ဂျယ်မှ သယ်လာသည့် တရုတ်ကုန်များ ဗန်းမော်မှ မန္တလေးသို့ တဆင့် ပြန်သယ်ရာတွင် ဂျူတီဆောင်ခိုင်း သည့် အကျိုးဆက် ကြောင့် ကုန်သည်များ အခက်အခဲ ဖြစ်လာကာ တရုတ်ကုန်တင် သွင်းမှု ကျဆင်းလာခြင်း ဖြစ်ကြောင်း ဗန်းမော်မြို့ခံ ကုန်သည် တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“အခု လွယ်ဂျယ် - ဗန်းမော်လမ်းမှာ ဘာကုန်မှမဆင်းဘူး ၊ မဆင်းသလောက်ပဲပေါ့ ၊ မူစယ် - မန္တလေးလမ်းဘက်မှာ မိုဘိုင်းတွေတအားဖမ်း လို့ မိုဘိုင်းက မန္တလေးမှာ ရှိတဲ့အခါကျတော့ ဗန်းမော်ကနေ မန္တလေးပြန်သယ်တဲ့အခါ အဖမ်းခံရ တယ်လေ။ ဒီကနေ ကုန်သည်နဲ့ ကာစ တန်နဲ့ပေါင်းပြီး ဂျူတီလိမ်တင်တဲ့ကိစ္စတွေရှိတယ်။ အဲဒါကြောင့် မန္တလေးသယ်ဖို့ခက် တယ် ” ဟု ၄င်းကုန်သည်က ပြောသည် ။

တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းတွင် လွယ်ဂျယ် - ဗန်းမော်လမ်းသည် ဒုတိယအကြီးဆုံး ကုန်သွယ်ရေး လမ်းကြောင်း တစ်ခု ဖြစ် သည် ။

အဆိုပါလမ်းမှတဆင့် ပုံမှန်အားဖြင့် တရုတ်ဘက်မှ အသီးအနှံ ၊ အထည်အလိပ် ၊ လျှပ်စစ်ပစ္စည်း ၊ ဆိုင်ကယ် ထော်လာဂျီ နှင့် စက်အပိုပစ္စည်း ၊ လူသုံးအိမ်သုံးပစ္စည်း အမြောက်အများ တင်သွင်းနေသော်လည်း ယခုအခါ အသီးအနှံနှင့် လူသုံး အိမ်သုံးပစ္စည်း တချို့ တင်သွင်းမှုသာ ရှိ တော့ကြောင်း သိရသည် ။

အထူးသဖြင့် မြန်မာပြည်မှ တရုတ်ဘက်သို့ တရားမဝင် သစ်များ တင်သွင်းနေကြောင်း သိရသည် ။

No comments: