ABC
ဥရောပသမဂ္ဂကနေ မြန်မာနိုင်ငံပေါ်မှာ ဆိုင်းငံ့လိုက်တဲ့ ဆန်ရှင်ဒဏ်ခတ်မှုကို လုံးလုံးလျားလျားဖယ်ရှားဖို့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Bob Carr က ဆွီဒင် နိုင်ငံ ခြား ရေးဝန်ကြီး Carl Bildt ကိုတိုက်တွန်း လိုက်ပါတယ်။
သြစတြေးလျနိုင်ငံကို အလည်အပတ်ရောက် ရှိ နေတဲ့ ဆွီဒင် နိုင်ငံခြားရေးဝန်ကြီး Carl Bildt က ဥရောပ သမဂ္ဂအနေနဲ့ တချိန်ချိန်မှာတော့ ဆန်ရှင်ဒဏ်ခတ်မှုတွေကို လုံးလုံးလျားလျား လျှော့ချပေး သွားဖို့ရှိတယ်လို့ ပြန်ပြီး တုန့်ပြန်ခဲ့ပါတယ်။
သြစတြေးလျနဲ့ ဆွီဒင် ၂ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီး ၂ဦး တို့ဟာ မနေ့က ကင်ဘရာမြို့မှာ တွေ့ ဆုံးဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး မြန်မာ နိုင် ငံနဲ့ပတ်သက်တဲ့ အကြောင်းတွေကို ဆွေနွေးခဲ့တယ်လို့ ဆွီဒင် နိုင်ငံခြားရေးဝန်ကြီး Carl Bildt က ပြောပြပါတယ်။
ဆွီဒင် နိုင်ငံခြားရေးဝန်ကြီး Carl Bildt က ဥရောပ သမဂ္ဂ အနေနဲ့မြန်မာ နိုင်ငံအပေါ် ချမှတ်ထားတဲ့ ဆန်ရှင်တွေကို လျော့ချဖို့ ပြီးခဲ့တဲ့နှစ် လောက်က ဆုံးဖြတ်ခဲ့ပြီး ရှေ့လာမည့် လပိုင်းတွေ အတော အတွင်း ဒီဆုံးဖြတ်ချက်အပေါ် နောက်တကြိမ် စမ်းစစ် သုံးသပ်ပြီး ဆုံးဖြတ်ချက် အသစ်ချဖို့ ဖြစ်လာ တော့ မှာဖြစ်တဲ့ အကြောင်း၊ ဒါကြောင့်လဲဘဲ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Bob Carr က တိုက်တွန်းနေတဲ့ အတိုင်း စစ်လက်နက်ရောင်းချမှုကလွဲလို့ မြန်မာနိုင်ငံ အပေါ် လုံးလုံးလျားလျား ဆန်ရှင်ဒဏ်ခတ်မှု တွေ ဖြစ်လာ နိုင်တယ်လို့ ပြောသွားပါ တယ်။
No comments:
Post a Comment