ABC
မြန်မာနိုင်ငံကို လာရောက်လည်ပတ်နေတဲ့ တောင်အာဖရိကနိုင်ငံက ဘုန်းတော်ကြီး ဒက်စမွန်တူးတူးဟာ မနေ့တုန်းက ဒေါ်အောင်ဆန်းစု ကြည်နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ မှာ စစ်မှန်တဲ့ ဒီမိုကရေစီရရှိဖို့ မျော်လင့်ကြောင်း ပြောသွားခဲ့ပါတယ်။
အသက် ၈၁ နှစ်အရွယ် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒက်စမွန် တူး တူး က သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း အစိုးရအရာရှိတွေနဲ့ တွေ့ဆုံဖို့ အစီ အစဉ် မရှိဘူးလို့လည်း ဘုန်းတော်ကြီးက မီဒီယာတွေကို ပြောပါ တယ်။
အသားအရောင် ခွဲခြားမှုကို ဆန့်ကျင်တဲ့အတွက် ၁၉၈၄ ခုနှစ်မှာ နိုဗယ်ငြိမ်းချမ်းရေးဆု ချီး မြင့် ခံရသူ ဘုန်းတော်ကြီးဟာ ဒေါ်အောင်ဆန်း စု ကြည် နေအိမ် အကျယ်ချုပ် ခံရစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် လွှတ်မြောက်ရေး အတွက် အမြဲတမ်း တောင်းဆိုပေးခဲ့သူ ဖြစ်ပါတယ်။ အသားအရောင် ခွဲခြားမှုကို ဆန့်ကျင်သူအပြင် ဆင်းရဲမွဲတေမှု၊ တီဗီရောဂါနဲ့ AIDS ရောဂါတိုက်ဖျက်ရေး မှာလည်း တက်ကြွစွာ ပါဝင်သူ ဖြစ်ပါ တယ်။
၂၀၁၁ ခုနှစ် စက်တင်ဘာလမှာ ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ်က လွှတ်မြောက်ပြီး တစ်နှစ်အကြာလောက်မှာ ဘုန်းတော်ကြီး ဒက်စမွန်တူးတူးက I Love You ဆိုပြီး ဗီဒီယိုကတဆင့် ဒေါ် အောင်ဆန်းစုကြည်ကို နှုတ်ဆက်ခဲ့တဲ့အတွက်လည်း လူအများအတွက်အတော် လေးကို ရယ်စရာ ကြည်နူးစရာ ဖြစ်ခဲ့ပါတယ်။
အင်္ဂါနေ့မှာပဲ ဒက်စမွန်တူးတူးက နိုင်ငံရေးအကျဉ်းသားဟောင်းတချို့နဲ့ တွေ့ဆုံခဲ့ပြီးသူ့နဲ့မတွေ့ဆုံလိုက်ရတဲ့နိုင်ငံရေးအကျဉ်းသားတွေနဲ့ထောင် တွင်းမှာ ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို သတိယ လေး စားကြောင်းတွေ ပြောပေးဖို့ မှာကြား လိုက်ပါတယ်။
ဒီကနေ့မှာတော့ ရန်ကုန်မြို့ရှိ အမေရိကန်စင်တာမှာ မိန့်ခွန်းပြောကြားမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ ပုဂံနဲ့ အင်းလေးဒေသကို သွားရောက် လည် ပတ်မှာ ဖြစ်ပါတယ်။
ဘုန်းတော်ကြီး ဒက်စမွန်တူးတူးနဲ့ တွေ့ဆုံခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသပိတ်စခန်း ဖြိုခွင်းမှုနဲ့ ပတ်သက်ပြီး စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာကို အခြေခံပြီး တွေ့ရှိချက်အတိုင်း မကြာမီ တင်ပြသွားမယ်လို့ နေပြည်တော်မှာ သတင်း ထောက်တွေကို ပြောခဲ့ပါတယ်။
No comments:
Post a Comment