Tuesday, February 26, 2013

သမ္မတဦးသိန်းစိန် ၅ နိုင်ငံ ဥရောပခရီး စတင်

ABC

မြန်မာနိုင်ငံ ​သမ္မတဦးသိန်းစိန်က ​ဥရောပ ​ငါးနိုင်ငံခရီးစဉ်ကို ​မနေ့က ​စတင်လိုက်ပြီး ​ဥရောပသမဂ္ဂအီးယူ ​ထိပ်တန်းအရာရှိတွေနဲ့ ​တွေ့ဆုံဆွေး နွေးမှာ ​ဖြစ်ကြောင်း ​သိရပါ တယ်။

ပထမဦးဆုံး ​နော်ဝေး ​နိုင်ငံကို ​သွားရောက်ပြီးနောက် ​ဖင်လန်၊ ​သြစတြီးယား၊ ​ဘယ်လ်ဂျီယံနဲ့ ​အီတလီနိုင်ငံတို့ကို ​သွားရောက်မှာ ​ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံခရီးစဉ်အတွင်း ​ဘယ်လ်ဂျီယံအစိုးရအပြင် ​အဆင့်မြင့် ​ဥရောပ ​သမဂ္ဂ ​အရာရှိတွေနဲ့ ​တွေ့ဆုံဆွေးနွေးမယ်လို့ ​သမဂ္ဂ ​သံတမန် တစ်ဦးက ​အေဖက်ဖ်ပီ ​သတင်းကို ​ပြောပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ ​ဥရောပသမဂ္ဂ ​အရာရှိတွေအကြား ​ဒဏ်ခတ်ပိတ်ဆို့မှု ​အကြောင်း၊ ​မြန်မာနိုင်ငံဖွံ့ဖြိုး ​တိုးတက်ရေးအတွက် ​ကူညီထောက် ပံ့ရေး ​အကြောင်းအပြင် ​စီးပွားရေး ​ပြုပြင်ပြောင်းလဲမှု၊ ​မြန်မာနိုင်ငံရဲ့ ​လူ့အခွင့်အရေးအကြောင်းတွေနဲ့ ​မြန်မာနိုင်ငံအတွင်း ​ပဋိပက္ခဖြစ်နေတဲ့ ​အကြောင်းတွေကို ​ဆွေးနွေးကြမယ်လို့ ​နောက်သံတမန်တစ်ဦးက ​ပြောပါတယ်။

ဒီခရီးစဉ်ဟာာ ​၂၀၁၃ ​ခုနှစ်အတွင် ​သမ္မတဦးသိန်းစိန်ရဲ့ ​ပထမဆုံး ​နိုင်ငံခြားခရီးစဉ်ဖြစ်သလို ​ပထမဦးဆုံးသော ​ဥရောပတိုက်ခရီးစဉ် ​ဖြစ်ပါ တယ်။

ယခင်စစ်အစိုးရလက်ထက်အတွင်း ​မြန်မာနိုင်ငံနဲ့ ​အနောက်တိုင်းနိုင်ငံတွေကြား ​ဆက်ဆံရင်းနှီးမှုသိပ်မရှိခဲ့ပေမယ့် ​သမ္မတဦးသိန်းစိန်လက် ထက်အတွင်း ​ဖြစ်ပေါ်လာတဲ့ ​နိုင်ငံရေး၊ ​စီးပွားရေး ​ပြုပြင်ပြောင်းလဲမှု တွေအပြင် ​ဒေါ်အောင်ဆန်းစုကြည်ကို ​နိုင်ငံရေးထဲ ​ပါဝင်ခွင့်ပေးထား သလို ​နိုင်ငံရေးအကျဉ်းသားအတော်များများကိုလည်း ​လွှတ်ပေးခဲ့တဲ့အတွက် ​အနောက်တိုင်းနိုင်ငံ ​အစိုးရတွေရဲ့ ​ဆက်ဆံမှုကို ​ပြန်လည်ရရှိ ခဲ့ပါတယ်။

မြန်မာနိုင်ငံ ​ပြုပြင်ပြောင်းလဲမှုတွေကို ​အသိအမှတ်ပြုတဲ့အနေနဲ့ ​အနောက်တိုင်းနိုင်ငံတွေက ​ဒဏ်ခတ်ပိတ်ဆို့မှုတွေလျော့ချပြီး ​ကူညီထောက် ပံ့မှုတွေ ​ပိုမိုပြုလုပ်သလို ​ရင်းနှီးမြုပ်နှံမှုတွေလည်း ​ပြုလုပ်ဖို့ ​စိတ်ဝင် စားနေကြပါတယ်။

ဥရောပသမဂ္ဂကလည်း ​ပြီးခဲ့တဲ့ ​ဧပြီလတုန်းကပဲ ​မြန်မာနိုင်ငံအပေါ် ​စစ်လက်နက်ရောင်းချမှုကလွဲပြီး ​တခြားဒဏ်ခတ်ပိတ်ဆို့မှုအားလုံးကို ​ရုပ် သိမ်းပေးခဲ့ပါတယ်။

ဒါပေမယ့် ​မြန်မာနိုင်ငံ ​တိုင်းရင်းသားဒေသနဲ့ ​ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ ​လူမျိုးရေး၊ ​ဘာသာရေးပဋိပက္ခတွေကြောင့် ​အနောက်တိုင်းနိုင်ငံတွေ ရဲ့ ​ဖိအားပေးမှုကို ​ခံနေရဆဲ ​ဖြစ်ပြီး ​ဒီအကြောင်းကို ​ခေါင်းဆောင် တွေ ​ဆွေးနွေးကြမှာ ​ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်က ​မတ်လ ​၈ ​ရက်နေ့မှာ ​ဥရောပခရီးစဉ်ကို ​အဆုံးသတ်ပြီး ​မြန်မာနိုင်ငံကို ​ပြန်လာမယ်လို့လည်း ​သိရပါတယ်။

No comments: