ABC
ကချင်လွှတ်မြောက်ရေးတပ် KIA ထိန်းချုပ်ရာနယ်မြေရှိ ဒုက္ခသည်တွေကို အကူအညီပေးနိုင်ဖို့အတွက် ဆေးပစ္စည်းတွေနဲ့အတူ အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) ၀င်တွေလိုက်ပါလာတဲ့ ကားသုံးစီး ဟာ ဖေဖော်ဝါရီ ၂၃ရက်နေ့က လက်ဂျားယန်နားအရောက်မှာ ရှေ့ဆက် မသွားဖို့မြန်မာအစိုးရတပ်တွေက တားမြစ်ခဲ့တယ်လို့ သိရပါတယ်။
အခု တားမြစ်ခံခဲ့ရတဲ့ နေရာဟာ အရင်တုန်းက KIA တပ် စခန်းထိုင်ခဲ့တဲ့ နေရာဖြစ်ပြီး အခုအခါမှာ အစိုးရ တပ်တွေက နေရာယူ တပ်စွဲထားတဲ့ နေရာဖြစ်တယ်လို့ လိုင်ဇာဒုက္ခသည်စခန်း တာဝန်ခံ ဆလန်က ဘာ ဦးဒွဲပီဆာ က အခုလို ပြောပါတယ်။
ဒီဒေါ့ဖုန်းယန်ကနေ ကားသုံးစီးနဲ့လာတော့ လက်ဂျားယန်ဟိုဘက်ကမ်းကို သူတို့မကူးခိုင်းဘူး၊ ဒီမုန်းလိုင်း တံတားလည်းပျက်တယ်၊နောက် သူတို့ပြောတာတော့ လိုင်ဇာကိုဝင်ဖို့ KIA တွေ မိုင်းထောင်ထားတယ်၊ လုံခြုံမှုမရှိ ဘူးဆိုပြီးမှ အစိုးရတပ် ဗမာတပ်တွေပေါ့ မသွားခိုင်းဘူး၊ ဒီ လိုကြားရတယ်။
ဆေးပစ္စည်းတွေတင်ဆောင်လာတဲ့ ICRC ကားသုံးစီးမှာ နိုင်ငံခြားသား၃ယောက်အပါအ၀င် လူ ၉ဦးလိုက် ပါလာတယ်လို့ ဆလန်ကဘာ ဦးဒွဲ ပီဆာက ဆက်ပြောပါတယ်။
ကျနော်တို့က ဒီဒေါ့ဖုန်းယန်အထိတော့ အဆက်အသွယ်ရတယ်၊ သူတို့ကဗမာမသွားခိုင်းတော့ ဒီကနေပြန်ခေါက် တာပေါ့ ပြန်ခေါက်တော့ မနေ့ညကတော့ ဒေါ့ဖုန်းယန်မှာ အိပ်တယ်လို့ပြောကြတယ်၊ ဒေါ့ဖုန်း ယန်မှာ ပြန်စောင့်ပြီးမှသူတို့ပြန်တက်လာမလား ဒါမှမဟုတ်ရင်လုံးဝလာလို့မရ ရင် ဗန်းမော်ပြန်ဆင်းမလား ဒါအဆက်အ သွယ်မရဘူး။
KIA ဗဟိုဒေသမှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ လိုအပ်ချက်တွေ အများအပြား ရှိနေပြီး မိုးတွင်းမရောက်ခင်မှာ ဒုက္ခသည်တွေရဲ့ အိမ်တွေ အ မိုးအကာတွေကို ပြင်ဆင်ဖို့ လိုအပ်နေသလို သောက်ရေသန့်၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ၊ မီးဖိုချောင်သုံး လောင်စာတွေကအစ လိုအပ်နေ တယ်လို့ ပြောပါတယ်။
KIA ဗဟိုဒေသ လိုင်ဇာပတ်ဝန်းကျင်မှာ ဒုက္ခသည်စခန်း ၄ခုရှိနေပြီး ဒုက္ခသည်ဦးရေ ၂သောင်းကျော်ရှိနေသလို လက်ရှိအနေအထားမှာ ကုလ သမဂ္ဂရဲ့လူသားချင်းစာနာတဲ့အကူ အညီတွေ လိုင်ဇာဒေသ ဘက် ကိုလည်း ပေးပို့ သွားမယ်ဆိုပေမဲ့ ကုလသမဂ္ဂကူညီရေးအဖွဲ့တွေရဲ့ အကူ အညီတွေ အခုချိန်ထိတော့ မရရှိကြသေးဘူးလို့လည်း ပြောပြတဲ့အကြောင်း ရေဒီယိုသြစတြေးလျသတင်းထောက် မြတ်မိုးက သတင်း ပေး ပို့ခဲ့ပါတယ်။
No comments:
Post a Comment