Monday, February 25, 2013

သမ္မတထံစာပို့​ပြီး​နောက် တိုက်ပွဲများ​ ငြိမ်သက်​နေဟု ရှမ်း​တပ်​ပြော

နန်းမြနဒီ

အစိုး​ရတပ်နဲ့​ တိုက်ပွဲ​တွေ ပြန်ဖြစ်​နေ​ကြောင်း​ သမ္မတကို ဒုတိယအကြိမ် စာပို့​ပြီး​နောက် တိုက်ပွဲ​တွေ ငြိမ်သက်​နေတယ်လို့​ ရှမ်း​ပြည်တပ်မ​တော်​မြောက်ပိုင်း​က ​ပြောပါတယ်။

ပြီး​ခဲ့​တဲ့​အပတ် ၁၉ ရက်​နေ့​က အစိုး​ရက ရှမ်း​ပြည်တပ်မ​တော် ​မြောက်ပိုင်း​ကို တိုက်ခိုက်မှုနဲ့​ပတ်သက်ပြီး​သမ္မ တ ဦး​သိန်း​စိန်ထံ ​ဖေ​ဖော်ဝရီ ၂၀ ရက်​နေ့​က တင်ပြခဲ့​ပေမယ့်​ တိုက်ပွဲ​တွေ ဆက်ဖြစ်တာ​ကြောင့်​ ၂၂ ရက်​နေ့​ ည​နေမှာ သမ္မတထံ ထပ်မံတင်ပြခဲ့​ပြီး​နောက်ပိုင်း​ တိုက်ပွဲရပ်စဲသွား​တယ်လို့​ ဆိုပါတယ်။

ရှမ်း​ပြည်တပ်မ​တော်​မြောက်ပိုင်း​အဖွဲ့​က နယ်​မြေဖွံ့​ဖြိုး​ရေး​အတွက် တန့်​ယန်း​မြို့​နယ် နမ့်​လောဝ်း​ကျေး​ရွာအုပ် စုက လွယ်လန်း​ဒေသမှာ ခုတ်ထွင်ရှင်း​လင်း​ပြီး​ စိုက်ပျိုး​ရေး​ လုပ်ကိုင်ခဲ့​ပါတယ်။ အစိုး​ရတပ်ဘက်က နယ်​မြေ ကျုး​ကျော်တယ်ဆိုပြီး​ ဆုတ်ခွာ​ပေး​ဖို့​ ​ပြောဆိုခဲ့​တာကို ရှမ်း​တပ်က ဆုတ်မ​ပေး​တဲ့​အတွက် ပစ်ခတ်မှု​တွေ ဖြစ် ပွား​ခဲ့​တာပါ။

သမ္မတဆီ စာ​ပေး​ပို့​ခဲ့​တဲ့​အ​ကြောင်း​အရာနဲ့​ပတ်သက်ပြီး​ ရှမ်း​ပြည်တပ်မ​တော်​မြောက်ပိုင်း​ ​ပြောခွင့်​ရ ဗိုလ်မှူး​စိုင်း​လက “၂၂ ရက်​နေ့​က သမ္မတ ဆီစာတင်လိုက်တယ်​လေ။ စာထဲမှာပါတာက လက်ရှိ တိုက်ပွဲဖြစ်တဲ့​နေရာနဲ့​ တပ်မ​တော်က ထိုး​စစ်ဆင်တဲ့​ဒေသ​တွေဟာတပ်မဟာ ၃၆ရဲ့​ ​နေရာ ချထား​ရေး​နဲ့​ဖွံ့​ဖြိုး​ရေး​လုပ်ငန်း​ စီမံကိန်း​ တင်ထား​တဲ့​နေရာ​ပေါ့​။ အဲ​နေရာ​တွေကို ထိုး​စစ်ဆင်​နေရင် အပစ်ခတ်ရပ်ထား​တဲ့​ သ​ဘောတူ ညီ ချက် ပျက်ပြား​သွား​တဲ့​ အ​နေအထား​မျိုး​ သက်​ရောက်သွား​နိုင်မယ်​ပေါ့​။ သမ္မတကလည်း​ တိုက်ပွဲ​တွေ ဆက်မဖြစ်ဖို့​ သူ့​တပ်​တွေဆုတ်​ပေး​ဖို့​သက်ဆိုင် ရာ တိုင်း​ဌာနချုပ်ဆီ ညွှန်ကြား​ပေး​မယ်​ပြောတယ်။ ဦး​အောင် မင်း​တို့​က​နေ ဦး​သိန်း​ဇော်က​နေ တဆင့်​ ကျ​နော်တို့​ဆီ ဖုန်း​နဲ့​ပြောတယ်​လေ။ အ ခု ဒီ ၂ ရက်မှာ​တော့​ တိုက်ပွဲ​တွေ မဖြစ်​တော့​ဘူး​” လို့​ ​ပြောပါတယ်။

လတ်တ​လောအ​ခြေအ​နေ ငြိမ်သက်​နေ​ပေမယ့်​ အစိုး​ရတပ်ဘက်က လွယ်လန်း​တောင်​ခြေက​နေ မဆုတ်ခွာ​သေး​ဘူး​လို့​ ဆိုပါတယ်။

ရှမ်း​ပြည်တပ်မ​တော်​မြောက်ပိုင်း​နဲ့​ဖြစ်တဲ့​ တိုက်ပွဲသတင်း​ကို မြန်မာအစိုး​ရဘက်က တစုံတရာ ထုတ်​ဖော်​ပြောဆိုခြင်း​မရှိသလို တိုက်ပွဲသတင်း​တွေနဲ့​ ပတ်သက်လို့​ လက်ခံ​ဖြေကြား​မယ့်​သူလည်း​ အစိုး​ရဘက်က ထုတ်ပြန်ထား​တာမရှိပါဘူး​။

ရှမ်း​ပြည်တပ်မ​တော် ​မြောက်ပိုင်း​အဖွဲ့​ဟာ အစိုး​ရနဲ့​ ၂၀၁၀ ခုနှစ်ထဲမှာ အပစ်ခတ်ရပ် သ​ဘောတူ လက်မှတ်​ရေး​ထိုး​ထား​ပေမယ့်​လည်း​ တိုက်ပွဲ​တွေ အနည်း​ဆုံး​ ၈၀ ​ကျော် ပြန်ဖြစ်ခဲ့​ပါတယ်။

No comments: