Wednesday, February 27, 2013

မွန်နဲ့ တနင်္သာရီမှ အရာရှိကြီးများ ရခိုင်ကလေး တစ်ဦး အရေး သနားဂရုဏာထား၍ ဖြေရှင်းပေးစေလို (ပေးစာ)


ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှ ရွှေ့ပြောင်းလာပြီး တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ် ပြင်ကြီးကျေးရွာ ရော်ဘာခြံ (ဦးရွှေရိုးခြံအနီး)တွင် ခြံစောင့် အလုပ်သမား များဖြစ်ကြသော ဦးနီထွန်းဦးနှင့် ဒေါ် အေးသန်းနုတို့၏ တစ်ဦးတည်းသော သားဖြစ်သူ မွေးသက္ကရာဇ် ၁၃၅၈-ခု နှစ်ဖွားအသက် ၁၆နှစ်ရှိ မောင်နိုင်ဇော်သန်း(ခ) မောင်မောင်ဦးကို ခြံပိုင်ရှင်ဖြစ်သော မွန်ပြည် နယ် ချောင်းဆုံမြို့နယ် ဘီလူးကျွန်း ဘိုနက် ကျေး ရွာနေ ဦးကျော်မင်းထွန်း(အဖ-ဦးထွန်းရွှေ)သည် ၁၃၇၃-ခု၊ တန်ခူးလဆန်း(၁၀)ရက်၊ ကြာသပတေးနေ့တွင် လိမ်လည်လှည့်ဖြား ခေါ် ဆောင်သွားကာ ထိုင်းနိုင် ငံတစ်နေရာတွင် ရောင်းစား ထားသည်ဟု သိရပါသည်။

မိဘနှစ်ပါးသည် သားဖြစ်သူနှင့် (၁၁)လကြာ အဆက်အသွယ် ပြတ်နေပါသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ အနေဖြင့် အမြန်ဆုံးဆောင် ရွက် ပေးနိုင်ပါရန် အသနားခံ တင်ပြအပ်ပါသည်။


မိဖနှစ်ပါး

No comments: