ABC
မြန်မာနိုင်ငံ ဧရာဝတီတိုင်း မအူပင်မြို့နယ်က ပုဂ္ဂလိကပိုင် ကုမ္ပဏီနဲ့ လယ်သမားတွေကြား နယ်မြေပိုင်ဆိုင်မှုပြသနာဆန္ဒပြမှုမှာ လယ်သမား ရွာ သားတွေနဲ့ ရဲတပ်ဖွဲ့တွေ ကြား ပဋိပက္ခ ဖြစ်ခဲ့တဲ့ အတွက် ရဲတပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့ပြီး လူပေါင်း ၄၂ဦး ထိခိုက် ဒဏ်ရာ ရခဲ့တယ်လို့ သိရ ပါတယ်။
ဖေဖော်ဝါရီလ ၂၆ရက်နေ့တုန်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် လယ်သမား ၁၅ဦးထက်မနည်း ဒဏ်ရာရခဲ့ပြီး မအူပင် ဆေးရုံမှာ ဆေးကု သ မှုခံယူနေရတဲ့အကြောင်း ရဲတပ်ဖွဲ့ဝင်တွေဘက်ကတော့ ၁ဦးသေဆုံးခဲ့ပြီး ၂၇ဦးဒဏ်ရာရပြီး ဆေးကုသမှု ခံယူနေတယ်လို့ ဆိုပါ တယ်။
ပဋိပက္ခဖြစ်ခဲ့တဲ့နေရာမှာ ဒေသခံ အာဏာပိုင်တွေက ကာဖူ အမိန့်ထုတ်ပြန်ထား လိုက်ပါတယ်။ ကာဖူးအမိန့်ကြောင့် ပဋိပက္ခမှာပါဝင်တဲ့ လယ် သ မားတွေဟာ ဖမ်းဆီးခံရမှာစိုးရိမ်တဲ့အတွက် အိမ်ပြန်မအိပ်ပဲ ပုဒ်မ ၁၄၄ထုတ်ထားတဲ့နယ်နမိတ်အပြင်ဘက်မှာပဲ စုပြီးနေနေကြတယ်လို့ သိရပါတယ်။
လက်ရှိအခြေအနေမှာ လယ်သမား ၁၀၀ကျော်လောက်က အိမ်မပြန်ပဲ ၁၄၄ထုတ်ထားတဲ့ ဧရိယာ အပြင်ဘက်မှာ နေနေကြပြီး ရဲအင်အား ၂၀၀လောက်ကတော့ ပုဒ်မဧရိယာအတွင်းမှာ နေနေကြ တယ်လို့ လယ်သမားတွေကိုကူညီပေးနေတဲ့ မစုစုနွေးက အခုလိုပြေပြပါတယ်။
“သူတို့ဘက်ကနေပြီးတော့ အိမ်တွေပြန်ရောက်မှာ တယောက်ချင်းလိုက်ဖမ်းရင် ဘယ်လိုလုပ်မလဲ ပေါ့နော်၊လယ်သမားတွေဘက်ကချက်ချင်း ထောင်ထဲထည့်လိုက်မှာကို စိုးရိမ်တယ်၊ သူတို့ပေါ့ ဒီနေရာမှာပဲ နေမယ် သေချင်လည်းသေပစေပေါ့နော် သူတို့လူစုခွဲပြီးတော့အိမ်မပြန်ဘူးဆို ပြီးတော့ အဲဒီမှာရှိတယ်ရှင့်။”
နှစ်ဘက်ကြားမှာလည်း နောက်ထပ်ပစ်ခတ်တိုက်ခိုက်တာတွေမလုပ်ကြဖို့ မနေ့ကနေ့လည်ပိုင်း လောက်မှာ ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ တယ်လို့လည်း မစုစုနွေးက ဆက်ပြောပြပါတယ်။
“ရဲတွေဘက်ကလည်း နောက်ထပ်မပစ်ဘူးလို့ပြောတယ်၊ ကျမတို့တွေကကြားဝင် ညှိနှိုင်းပေးတာကို လည်း သူတို့ကလက်ခံတယ်၊ ကျမတို့ဘက်က လယ်သမားတွေနဲ့ ကုမဏီပိုင်ရှင်နဲ့ အစိုးရနဲ့ ၃ဦး ၃ဖလှယ်ကိုပေါ့ မီဒီယာတွေရဲ့ရှေ့မှာ ပွင့်လင်းမြင်သာစွာညှိနှိုင်းဆောင်ရွက်ပေးဖို့ ကျမတို့ဖက်က တောင်း ဆိုတယ်။”
ပြဿနာတွေပေါ်အောင် လုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ရဲသေဆုံးမှုအပါအ၀င် လယ်သမား တွေရဲ့ ထိခိုက်နစ်နာမှုတွေကို ဖြေရှင်း ပေး ဖို့ လိုအပ်တယ်လို့ မစုစုနွေးက ပြောပါတယ်။
ပုဒ်မ ၁၄၄ဟာ ရပ်ကွက်၊ မြို့နယ်၊ တိုင်းပြည်မငြိမ်မသက်ဖြစ်ပြီး အခြေအနေတွေ ထိန်းသိမ်းဖို့ ခက်ခဲ့ တဲ့အခါထုတ်ပြန်လေ့ရှိတဲ့ ဥပဒေဖြစ် ကြောင်း သိရပါတယ်။
အခုလယ်သမားတွေတောင်းဆိုနေတဲ့လယ်မြေတွေဟာ ငါးမွေးမြူရေးအပါအဝင် သစ်ခွပန်းစိုက်ပျိုးရေး နဲ့ တိရိစ္ဆာန်မွေးမြူရေး ကုမ္ပဏီတွေက မြေတွေဖြစ်တယ်လို့သိရပါတယ်။
လယ်မြေ ဧက တစ်ထောင်ကျော်လောက်ဟာ လွန်ခဲ့တဲ့ ၁ဝနှစ်ကျော်တုန်းက သိမ်းပိုက်ခံထားရတာ ဖြစ်တယ်လို့ လယ်သမားအရေးကိစ္စ ကို ဆောင်ရွက်ပေးနေတဲ့သူကပြောပါတယ်။
No comments:
Post a Comment