ABC
ဥရောပတိုက် ၁ဝ ရက်ကြာခရီးစဉ်အတွင်း အခုနော်ဝေးနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံအတွက် နော်ဝေးနိုင်ငံလို သံယံဇာတ ပေါကြွယ်တဲ့ နိုင်ငံက တိုင်းသူပြည်သား တွေအကျိုးအတွက် ဘယ်လို ထိန်းသိမ်းသလဲဆိုတဲ့ နည်းနာတွေကို သင် ယူလိုတယ်လို့ နော်ဝေး ဝန်ကြီး ချုပ် Jens Stoltenberg နဲ့တွေ့ဆုံပြီးနောက် ပြောသွားပါ တယ်။
သမ္မတ ဦးသိန်းစိန်က မြန်မာနဲ့နော်ဝေး ၂ နိုင်ငံ ပူးပေါင်းကူညီ လုပ်ဆောင်မှုတွေ ပိုမို ဖြစ်လာစေလိုတဲ့ အကြောင်း ပြောသလို နော်ဝေး ဝန် ကြီး ချုပ် Jens Stoltenberg ကလည်း ပြီးခဲ့တဲ့ နှစ်ပိုင်းတွေ အတော အတွင်း မြန်မာနိုင်ငံမှာ ဒီမိုရေစီ ပြောင်းလဲရေးမျိုး လောက်မြန်ဆန်တဲ့ အပြောင်းအလဲတွေ မကြုံခဲ့ ဘူးသေးဘူးလို့ တုန့်ပြန်ခဲ့တယ်လို့ သိရပါတယ်။
နော်ဝေး နိုင်ငံက မြန်မာနိုင်ငံမှာ သံတမန် အဆင့်တွေကို တိုးချဲ့ချထားမယ်လို့လည်း ပြောသွားပါတယ်။ သမ္မတက မနေ့ညနေက နော်ဝေးမှာ အခြေချနေထိုင်တဲ့ မြန်မာတိုင်းရင်းသား မိသားစုများနဲ့ တနာရီ ခွဲကြာ တွေ့ဆုံခဲ့ပြီး လက်ရှိဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် တွေအကြောင်း အနာဂတ် မျှော်မှန်းချက်များ အကြောင်း အပါအဝင် မြန်မာပြည်ဖွားတွေကိုလဲ ပူးပေါင်းဆောင်ရွက်ရေးမှာ ပါဝင် ကြဖို့ ဖိတ် ခေါ် ခဲ့ပြီး မေးလာတဲ့ မေးခွန်းတွေကိုလည်း ပြန်လည် ဖြေကြားပေးခဲ့တယ်လို့လဲ သိရပါတယ်။
သမ္မတဦးသိန်းစိန်က ဆက်လက်ပြီး Finland, Austria, Belgium နဲ့ Italy နိုင်ငံတွေ ကို ဝင်ရောက်လည်ပတ်ပြီး မတ်လ ၈ ရက်နေ့မှာ မြန်မာ နိုင် ငံကို ပြန်ရောက်မှာ ဖြစ်ပါတယ်။
No comments:
Post a Comment