Friday, February 1, 2013

ထားဝယ်စီးပွားရေးဇုံမှာပါဖို့ ဂျပန်ကို ထိုင်းဝန်ကြီးချုပ်ဟောင်းပြော

ABC

ထိုင်းနိုင်ငံက ​မြန်မာနိုင်ငံမှာ ​ရင်းနှီးမြုပ်နှံမှုတွေလုပ်နေတဲ့နေရာမှာ ​ဂျပန်နိုင်ငံကလည်း ​ပူးပေါင်းပါဝင်သင့်တယ်လို့ ​ထိုင်းနိုင်ငံဝန်ကြီးချုပ် ဟောင်း ​တပ်ဆင်ရှင်နာဝပ်က ​ပြောလိုက်ပါတယ်။

ဒေါ်လာသန်းထောင်ချီတဲ့ ​မြုပ်နှံမှုဖြစ်တဲ့ ​ထားဝယ်ရေနက်စီမံကိန်းမှာ ​ဂျပန်နိုင်ငံက ​ပါဝင်မြုပ်နှံသင့်တယ်လို့ ​လက်ရှိထိုင်းဝန်ကြီးချုပ် ​ရင်လပ် ရှင်နာဝပ်ရဲ့ ​အစ်ကိုတော် စပ်သူဖြစ်တဲ့ ​သပ်ဆင်ရှင်နာဝပ်က ​ဂျပန်နိုင်ငံ ​တိုကျိုမြို့မှာပြုလုပ်တဲ့ ​ဆွေးနွေးပွဲတစ်ခုမှာ ​ပြောဆိုခဲ့တာ ​ဖြစ်ပါတယ်။

ဂျပန်နိုင်ငံနဲ့ ​ထိုင်းနိုင်ငံဟာ ​မြန်မာအစိုးရက ​စိတ်သက်သက်သာသာ ​ယုံယုံကြည်ကြည်နဲ့ ​ပူးပေါင်းလုပ်ကိုင်ချင်တဲ့ ​နိုင်ငံတွေဖြစ်ကြတယ်လို့လည်း ​သူက ​ပြောပါတယ်။

ထားဝယ်ရေနက်စီမံကိန်းတည်ဆောက်မှုမှာ ​တခြားနိုင်ငံတွေက ​အထောက်အပံ့တွေ ​လိုအပ်နေတဲ့အကြောင်း၊ ​ဒါပေမယ့် ​စီမံကိန်းနဲ့ ​ဆက်စပ် နေတဲ့ ​စက်မှုဇုံ ​တည်ဆောက်မှုနဲ့ ​တခြား ​အခြေခံအဆောက်အ အုံဆိုင်ရာလုပ်ငန်းတွေ၊ ​ဆက်သွယ်ရေးနဲ့ ​လျှပ်စစ်ဓါတ်အား ​စီမံကိန်းတွေမှာ ​ရင်းနှီးမြုပ်နှံဖို့ ​အခွင့်အလမ်းတွေ ​အမြောက်အများရှိနေတဲ့အကြောင်းလည်း ​ပြောခဲ့ကြောင်း ​သိရပါတယ်။

အာရှဒေသစီးပွားရေးတောင့်တင်းလာအောင် ​ကြိုးပမ်းမှုမှာ ​ဂျပန်နိုင်ငံအနေနဲ့ ​ထိုင်းနိုင်ငံနဲ့ ​အနီးကပ်ပူးတွဲလုပ်ကိုင်ဖို့လည်း ​သပ်ဆင်ရှင်နာ ဝပ်က ​တိုက်တွန်းပြောဆိုခဲ့ပါတယ်။

No comments: