Saturday, February 2, 2013

တတိယတန်း ကျောင်းသူမလေး အဓ္ဓမပြုကျင့်ခံရမှုဖြင့် ရဲစခန်းမှ အမှုဖွင့်

ဖဲဘူး

ကယားပြည်နယ် ဖရူဆိုမြို့ လောဘူးဒါး အ.မ.က ကျောင်းမှ တတိယတန်းကျောင်းသူလေးအား စစ်လေ့ကျင့်ရေးကျောင်း ဆောက်လုပ်ရေး အလုပ်သမားတဦးမှ တောထဲသို့ခေါ်ဆောင်သွားခြင်းနဲ့ ပါတ်သက်လို့ ယမန်နေ့က အတင်းအဓ္ဓမပြုကျင့်မှုဖြင့် ရဲစခန်းမှ အမှုဖွင့်လှစ် လိုက်ပါတယ်။

“သမီးငယ်လေးက ဆေးရုံပေါ်ကမဆင်းရသေးဘူး ဆေးရုံက ဆင်းမလာသေးတဲ့အတွက်ကို ဆေးစာမရသေးပါဘူး ဒါပေမဲ့ လက်ရှိဆရာဝန်ကြီးရဲ့ပြောပြချက်အရ တော့ ဒီကလေးကို rape ပေါ့ မုဒိန်းကျင့်ထားတယ်လို့ အနေအထားတွေတွေ့ရှိရပါတယ်။ ဒါကြောင့်မို့လို့လည်း ငါဒီအမှုကို မုဒိန်းမှုနဲ့ ဖွင့်ထားခြင်းဖြစ်ပါတယ်။ မိဘအုပ်ထိန်းမှု ခွင့်ပြုချက်မယူပဲ ယူဆောင်သွားတာက ၃၆၃ လို့ခေါ်တယ် ၃၆၃ မကတော့ဘူးအမှုက မတရားကြီးသွားတယ်။ ဒါကြောင့်မိုလို့ မုဒိမ်းမှုအဖြစ်အနေနဲ့ အမှုဖွင့်လှစ်လိုက်ခြင်းဖြစ်တယ်။” လို့ ဖရူဆိုမြို့ရဲစခန်းမှူး ရဲအုပ်မြင့်နိုင်က ပြောပါတယ်။

ဖရူဆိုမြို့ လောဘူးဒါးရပ်ကွက်နေ အသက် ၁၀နှစ်နဲ့၉လအရွယ်ရှိ တတိယတန်းကျောင်းသူမလေး မော်ဘူးဘူးမြာ(နာမည်အရင်းမဟုတ်) ဟာ ဇန်န၀ါရီလ ၂၄ရက်နေ့ ညနေစောင်း စာကျက်ဝိုင်းသို့ သွားချိန်မှာ အမှတ်(၁၄) စစ်လေ့ကျင့်ရေးကျောင်းဆောက်လုပ်ရေးမှ ပန်ရံအလုပ်သမား ကြယ်စင်မောင်ဆိုသူက တောထဲသို့ အတင်းအဓ္ဓမ ဆွဲခေါ်ခဲ့ခြင်းဖြစ်ပါတယ်။

“မျက်မြင်သက်သေက ဒီကလေးနှစ်ယောက်ရှိတယ်လို့ သူ့အတန်းပိုင်ဆရာမကပြောတော့ ဒီကလေး၂ယောက်ကိုခေါ်သွားတယ်။ မနေ့ညက နင်တို့တွေ့တဲ့ မီးငယ်ကို ခေါ်သွားတဲ့လူက သူပဲလားလို့မေးတော့ .. ဟုတ်တယ် မှန်တယ်တဲ့။ နောက်တယောက်ကို ထပ်ခေါ်ပြတယ် ဒီတယောက်ပဲ လားလို့မေးတော့ ဟုတ်တယ်ဒီတယောက်ပဲ ကလေး၂ယောက်လုံးကို အတူတူခေါ်ထားတဲ့ ချိန်မှာ မေးတော့ ဒီတယောက်ပဲ မနေ့ည ဒီတယောက်ပဲ ငါတို့ကို စာနဲ့ ပိုက်ဆံ ၂၀၀ ပေးပြီးခိုင်းတာကလည်း ဒီတယောက်ပဲ လို့ပြောတယ်။ (မော်ဘူးဘူးမြာ) ကိုခေါ်သွားတာကလည်း ဒီတယောက်ပဲ လို့ပြောတော့ လူတွေကထိုးကြိတ်တဲ့ခါမှ ကျနော်ပါပဲလို့ဖြေတယ်။” လို့ မိခင်ဖြစ်သူ ဒေါ်မာဂရိတာက ပြောပါတယ်။

မော်ဘူးဘူးမြာရဲ့ခန္ဓာကိုယ်ပေါ်မှာ အနာတရများတွေ့ရှိရပြီး ယခုဖရူဆိုမြို့ ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး ကလေးငယ်မှာ စိတ်ဒဏ်ရာရရှိနေတယ်လို့ ဆွေမျိုးသားချင်းဖြစ်တဲ့ ဦးစိုးရယ်က ယခုလိုပြောပါတယ်။

“အခုလောလောဆယ်တော့ သူ့အနားမှာ လူတယောက်အမြဲတမ်းထားပေးရတယ် ဘယ်လိုမှခွာထုတ်လို့ မရသေးဘူး။ ဘယ်ချိန်ထိလဲဆိုတာတော့ ကျနော်တို့လည်းခန့်မှန်းလို့မရဘူး သူအသေကြောက်နေတာတော့အမှန်ပဲ။”
ကြယ်စင်မောင် ကို ဖရူဆိုမြို့နယ် ရဲစခန်းမှ ထိန်းသိမ်းထားပြီး ကြည်စင်မောင်သည် စစ်ပြေးအဖြစ်ထောင်ဒဏ် ကျခံဖူးသူတဦးဖြစ်ကြောင်း မြန်မာနိုင်ငံသား စိစစ်ရေးကဒ်ပြား မရှိသူတဦးလည်းဖြစ်ကြောင်း၊ အဆိုပါအမှုကိစ္စရပ်များနဲ့ ပါတ်သက်ပြီး တရားစွဲဆိုနိုင်ရန်အတွက် ဖရူဆိုမြို့နယ်ရဲစခန်းမှ ဆောင်ရွက်နေပြီဖြစ်တယ်လို့ ရဲအုပ်မြင့်နိုင်က ပြောပါတယ်။

“အားလုံးကို ရဲလုပ်ငန်းနဲ့ ပြည့်စုံအောင်လုပ်ပြီးတော့ အားလုံးဆောင်ရွက်နေပါတယ်။ ဆောင်ရွက်ပြီးတော့ ပြီးပြည့်စုံအောင်ဆောင်ရွက်ပြီးတော့ အဲဒီအတွင်းမှာ တရားစွဲတင်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။”

မော်ဘူးဘူးမြာ၏ ဆေးစစ်ချက်နှင့် ပတ်သက်၍ ဖရူဆိုမြို့နယ် ဆေးရုံတွင် သွားရောက်မေးမြန်းခဲ့သော်လည်း ဆရာဝန်များ ၊ သူနာပြုဆရာမများက မီဒီယာများနှင့် ပြောဆိုခွင့်မရှိကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။

No comments: