Friday, February 1, 2013

သန့်ရှင်းအစိုးရဖြစ်ဖို့ ပြန်ကြားရေးဝန်ကြီး ဌာနမှာ ရာထူးပြောင်းလဲဖို့ရှိ

ABC

မြန်မာနိုင်ငံမှာ ​သန့်ရှင်းတဲ့ ​အစိုးရဖြစ်ရေးအတွက် ​ပြန်ကြားရေးဝန်ကြီးဌာန ​လက်အောက်ကညွှန်ကြားရေးမှုးချုပ်အဆင့်နဲ့ ​ဦးဆောင်ညွှန်ကြား ရေးမှုး ​ရာထူးအဆင့်ရှိသူတွေအပါအ၀င် ​ဌာနဆိုင်ရာ ​အကြီးအကဲ လေးဦးကို ​လာမယ့် ​ဖေဖေါ်ဝါရီကလ ​စပြီးတော့နေရာအရွှေ့အပြောင်း တွေ ​လုပ်လိုက်ပြီလို့ ​ပြန်ကြားရေးဝန်ကြီးဌာန ​ဒုဝန်ကြီး ​ဦးရဲထွဋ်က ​ရေဒီယိုသြစတြေးလျကိုပြောပါတယ်။

"ညွှန်ကြားရေးမှုးချုပ်နဲ့ ​ဦးဆောင်ညွှန်ကြားရေးမှုးပေါ့။ဌါန ​အကြီးအကဲ ​လေးဦးကို ​ကျွန်တော်တို့ ​လက်ရှိဌာနကနေ ​သင့်တော်တဲ့ ​ဌာနတွေကို ​ကျွန်တော်တို့ ​ပြောင်းလဲတာဝန်ပေးတာဖြစ်ပါတယ်"

ပြုပြင်ပြောင်းလဲရေး ​လုပ်ငန်းတွေ ​ဆောင်ရွက်ဖို့ ​လုပ်ဆောင်နေတဲ့ ​အထဲမှာ ​ပထမ ​အဆင့်မှာက ​စာပေစိစစ်နဲ့ ​နိုင်ငံပိုင် ​သတင်းစာတွေကိုပြု ပြင်ပြောင်းလဲမှုတွေလုပ်ခဲ့တဲ့အကြောင်း၊ ​အခုချိန်မှာ ​မြန်မာ့အသံနဲ့ ​ရုပ်မြင်သံကြား၊ ​ပုံနှိပ်ရေးနဲ့စာအုပ်ထုတ်ဝေရေးလုပ်ငန်း၊ ပြန်ကြားရေးနဲ့ ​ပြည်သူ့ဆက်ဆံရေး ​ဦးစီးဌာန ​မြန်မာ့ရုပ်ရှင်လုပ်ငန်းတို့ ​ပါဝင်တယ်လို့ ​သိရပါတယ်။

မြန်မာနိုင်ငံမှာ ​သန့်ရှင်းတဲ့အစိုးရ ​ဖြစ်ရေးအတွက် ​ဝန်ကြီး ​ဌာန ​တွေမှာ ​အဂတိလိုက်စားမှု ​တွေကို ​စုံစမ်းစစ်ဆေး ​ရေးတွေ ​လုပ်နေပြီး ​ဆက် သွယ်ရေး ​ဝန်ကြီးဌာန ​က ​ဝန်ထမ်းတွေကို ​လဲ ​အထူးစုံစမ်း ထောက် လှမ်းရေးက ​စစ်ဆေးနေတဲ့ ​အကြောင်း၊ ​အလုပ်ကနေ ​ထွက်ခွင့်ပြု လိုက် တဲ့ ​ဆက်သွယ်ရေး ​ဝန်ကြီးကိုလဲ ​အိမ်အကျယ်ချုပ်နဲ့ ​စစ်ဆေးမေးမြန်မှုတွေ ​ပြုလုပ်သွားဖို့ ​ရှိ ​တယ်လို့ ​သိ ​ရ ​ပါတယ်။

ဝန်ကြီးဌာန ​အတော်များများ ​ကို ​လဲ ​အဂတိလိုက်စားမှုတွေနဲ့ ​ငွေကြေးကိစ္စ ​အရှုပ်အရှင်းတွေပေါ်ပေါက်နေပြီး ​စုံစမ်းစစ်ဆေးပြု လုပ်နေပြီဆို တဲ့ ​သတင်းတွေ ​ထွက်ပေါ်နေတဲ့ ​အကြောင်း ​RA ​သတင်းထောက် မေငယ်က ​သတင်းပေး ​ပို့ခဲ့ပါတယ်။

No comments: