Wednesday, February 20, 2013

ကရင်အမျိုးသမီးကိုနှိပ်စက်တဲ့ ထိုင်းလင်မယားအပေါ် ရဲက ဆုကြေးထုတ်

ABC

မြန်မာရွှေ့ပြောင်းလုပ်သားတွေဖြစ်ကြတဲ့ကရင်လူမျိုးမိဘနှစ်ပါးရဲ့ ​သမီးငယ်ဖြစ်သူကို ​တရားမဝင် ​ခေါ်ဆောင်ပြီး ​အတင်းအဓမ္မအလုပ် စေ ခိုင်း ​နှိပ်စက်ခဲ့တဲ့ ​ထိုင်းလူမျိုး စုံတွဲ ​ဘယ်မှာရှိတယ်ဆိုတာ ​သတင်းပေး နိုင်မယ့်သူကို ​အမေရိကန်ဒေါ်လာ ​သုံးထောင်ကျော်နဲ့ ​ညီမျှတဲ့ ​ဆု ကြေးငွေပေးမယ်လို့ထိုင်းရဲတပ်ဖွဲ့ကကြေငြာလိုက်ပါတယ်။ 

အဆိုပါထိုင်းစုံတွဲကိုရဲတပ်ဖွဲ့ကအာမခံနဲ့လွှတ်ထားတာဖြစ်ပြီးစုံစမ်းစစ်ဆေးမှုတွေဆက်လုပ်ဖို့မနေ့ကရဲစခန်းကိုလာရမှာ ​ဖြစ်ပေမယ့် ​ရောက် မလာခဲ့တဲ့ ​အကြောင်း ​ဘန်ကောက်ပို့စ် ​သ တင်းစာမှာ ​ဖေါ်ပြထား ပါတယ်။

အဲဒီ ​ထိုင်းစုံတွဲဟာ ​ကရင်လူမျိုးကလေးမလေးကို ​အသက် ​၇ ​နှစ်အရွယ်ကတည်းက ​တရားမဝင်ခေါ်ဆောင်သွားခဲ့ပြီး ​ထိုင်းနိုင်ငံမြောက်ပိုင်းက ​သူတို့ရဲ့အိမ်မှာ ​ချုပ်နှောင်ထားခဲ့တာ ​ဖြစ်တယ်လို့အစွပ်စွဲခံ ထား ရပါတယ်။

ထိုင်းစုံတွဲရဲ့နေအိမ်ကထွက်ပြေးလွတ်မြောက်ခဲ့တဲ့ကလေးမလေးက သူ့ကိုတခါတလေမှာခွေးအိမ်ထဲမှာပိတ်လှောင်ထားသလို ​နှိပ်စက် ညှဉ်း ပမ်းမှုတွေလုပ်ခဲ့တယ်လို့ ​ရဲစခန်းမှာ ​ထွက်ဆိုခဲ့ပါတယ်။ ​ကလေး မလေးဟာ ​ရေနွေးပူလောင်းပြီးနှိပ်စက်တာခံခဲ့ရတဲ့အတွက် ​ခန္တာကိုယ် မှာလည်း ​ပြင်းပြင်းထန်ထန် ​ဒဏ်ရာရရှိထားတဲ့အတွက် ​ဆေးရုံမှာ ​ဆေးကုသမှုခံယူနေရပါတယ်။

ဘန်ကောက်ပို့စ်သတင်းစာမှာဖေါ်ပြချက်အရ ​အဆိုပါထိုင်းစုံတွဲအနေနဲ့ ​တပါးသူအပေါ် ​အတင်းအဓမ္မကျွန်ပြုခိုင်းစေမှု၊ ​ညှဉ်းပမ်းနှိပ်စက်မှုနဲ့ ​အသက်မပြည့်သေးတဲ့ ​ကလေးသူငယ်လူကုန်ကူးမှုအပါအဝင် ​အမှု ပေါင်းများစွာကို ​ရင်ဆိုင်ရလိမ့်မယ်လို့လည်း ​သိရပါတယ်။

No comments: