Thursday, February 21, 2013

တိုင်းရင်းသားအရေးဆွေးနွေးဖို့ သမ္မတနဲ့ ဒေါ်စုကို ဂျပန်က တွေ့ဆုံမယ်

ABC

မြန်မာနိုင်ငံ ​တိုင်းရင်းသားဒေသငြိမ်းချမ်းရေး ​အတွက် ​ဂျပန်နိုင်ငံက ​နီပွန်ဖောင်ဒေးရှင်း ​ဥက္ကဌက ​သမ္မတဦးသိန်းစိန်၊ ​ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ​တိုင်းရင်းသား ခေါင်း ဆောင်တွေနဲ့ပါ ​တွေ့ဆုံမယ်လို့ ​သိ ရပါတယ်။

အသက် ​၇၄ ​နှစ်အရွယ် ​နီပွန်ဖောင်ဒေးရှင်း ​ဥက္ကဌ ​Yohei ​Sasakawa ​ဟာ ​မြန်မာတိုင်းရင်းသား ​ကိစ္စတွေမှာ ​ဂျပန်အစိုးရကို ​ကိုယ်စားပြုသူ ဖြစ်ပြီး ​မြန်မာနိုင်ငံ ​တိုင်းရင်းသားအရေးနဲ့ ​ပတ်သက်ပြီး ​အချိန်အ တော်ကြာ ​ပါဝင်နေသူဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ​တိုင်းရင်းသားပြဿနာ ​မဖြေရှင်းနိုင်ရင် ​မြန်မာနိုင်ငံမှာ ​ဒီမိုကရေစီ ​ရရှိနိုင်မှာ ​မဟုတ်ဘူးလို့လည်း ​မစ္စတာ ​Sasakawa ​က ​ပြော လိုက်ပါတယ်။

ဒီကနေ့မှာကျင်းပမယ့် ​တိုင်းရင်းသား ​လက်နက်ကိုင်အဖွဲ့တွေနဲ့ ​ဖွဲ့စည်းထားတဲ့ ​ညီညွတ်သော ​တိုင်းရင်းသားများ ​ဖက်ဒရယ်ကောင်စီ ​UNFC ​နဲ့ ​မြန်မာငြိမ်းချမ်းရေး ​ကိုယ်စားလှယ်တို့ ​တွေ့ဆုံပွဲမှာလည်း ​မစ္စတာ ​Sasakawa ​က ​သက်သေအဖြစ် ​ဆောင်ရွက်မှာ ​ဖြစ်ပါတယ်။

ဆက်လက်ပြီး ​မြန်မာနိုင်ငံကို ​ထောက်ပံ့မှုတွေ ​လုပ်သွားမယ်လို့ ​ပြောပါတယ်။ ​ဂျပန်နိုင်ငံဟာ ​မြန်မာနိုင်ငံကို ​ထောက်ပံ့ကူညီမှုတွေ ​အများဆုံး ​ပေးနေတဲ့ ​နိုင်ငံ ​ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ ​ဂျပန်နိုင်ငံက ​Kyushu ​Economic ​Federation ​အဖွဲ့က ​မြန်မာနဲ့ ​စီးပွားရေးတွေ ​ဖလှယ်တာကို ​တိုက်တွန်းအားပေးဖို့ ​သ ဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။

သဘောတူညီချက်အရ ​မြန်မာနဲ့ ​ဂျပန်စီးပွားရေးတို့ ​စီးပွားရေးဖလှယ်မှုတွေ ​ပိုမိုလုပ်ဆောင်ဖို့၊ ​ရင်းနှီးမြုပ်နှံမှုတွေနဲ့ ​စီးပွားရေးတိုးချဲ့မှုတွေ ​ပူး ပေါင်းလုပ်ကိုင်ဖို့ကိစ္စတွေ ​ပါဝင်တယ်လို့ ​သိရပါတယ်။

No comments: