Monday, February 18, 2013

မြန်မာသင်္ဘော ဖိလိပိုင်မှာ နစ်မြုပ် ၁၄ ယောက် ပျောက်ဆုံးနေ

ABC

မြန်မာနိုင်ငံအလံလွှင့်ထူထားတဲ့ ​ကုန်တင်သင်္ဘောတစ်စီးဟာ ​ဖိလိပိုင်နိုင်ငံ ​မြောက်ပိုင်းမှာ ​နစ်မြုပ်သွားပြီး ​လူတစ်ဦးသေဆုံးပြီး ​၁၄ ​ယောက် ​ပျောက်ဆုံးနေကြောင်း ​သိရပါ တယ်။

သင်္ဘောပေါ်မှာ ​အမှုထမ်း ​၂၄ ​ယောက် ​လိုက်ပါလာပြီး ​အား ​လုံး ​က ​မြန်မာနိုင်ငံသားတွေ ​ဖြစ်တဲ့အကြောင်း ​အဲဒီထဲက ​၉ ​ဦးကိုသာ ​အသက် ရှင်လျက် ​ကယ်ဆယ်နိုင်ခဲ့ကြောင်း ​အေဖက်ဖ်ပီ ​သတင်းမှာ ​ဖော်ပြ ထားပါတယ်။

MV ​Arita ​Bauxite ​ဟာ ​တရုတ်နိုင်ငံကိုအသွား ​တနင်္ဂနွေနေ့မှာ ​စက်အင်ဂျင်ပြဿနာကြုံတွေ့ရပြီးနောက် ​နစ်မြုပ်ခဲ့တာဖြစ်ပြီး ​ဘာကြောင့် ​နစ်မြုပ်သွားတဲ့အထိ ​ဖြစ်ရသလဲဆိုတာ ​မသိရသေးဘူးလို့လည်း ​ဆို ပါတယ်။

သင်္ဘောနစ်မြုပ်တဲ့ ​တနင်္ဂနွေနေ့ဟာ ​ရာသီဥတုအခြေအနေ ​ကောင်းတဲ့နေ့ဖြစ်ပြီး ​ဖြစ်ကြောင်းကုန်စင်ကိုလည်း ​သင်္ဘောပေါ် ​ပါလာသူတွေကို ​မမေးမြန်းရသေးဘူးလို့ ​ဖိလိပိုင်နိုင်ငံ ​အာဏာပိုင်က ​ပြောပါတယ်။ ​ပျောက်ဆုံးသူ ​၁၄ ​ရောက်ကို ​ရှာဖွေဖို့ ​ရဟတ်ယာဉ်တွေနဲ့ ​လှေတွေပို့ဆောင် ထားပြီလို့လည်း ​ဆိုပါတယ်။


မြန်မာတွေပါလာတဲ့လှေ ​ပင်လယ်ထဲ ​၂ ​လ ​မျောနေရာက ​သီရိလင်္ကာကယ်တင်ခဲ့


မြန်မာနိုင်ငံသားတွေ ​တင်ဆောင်လာတဲ့လှေတစ်စီးဟာ ​ပင်လယ်ပြင်မှာ ​နှစ်လကြာ ​မျောနေခဲ့ပြီး ​ခုအခါမှာ ​သီရိလင်္ကာရေတပ်က ​ကယ်ဆယ် ထား ပါတယ်။

လှေပေါ်ပါလာသူ ​၃၂ ​ဦးဟာ ​မြန်မာနိုင်ငံသားတွေဖြစ်ပြီး ​သူတို့နဲ့ ​ဆက်သွယ်စကားပြောဖို့ ​စီစဉ်နေပြီလို့ ​မြန်မာသံရုံးက ​အရာရှိက ​အေဖက် ပီ ကို ​ပြောပါတယ်။

အဲဒီလှေဟာ ​သြစတြေးလျနိုင်ငံကို ​သွားဖို့ ​စီစဉ်ခဲ့ပေမယ့် ​လမ်းမှာ ​ဒုက္ခရောက်ခဲ့တာဖြစ်ပါတယ်။ ​အဲဒီလှေအပြင် ​တခြားလှေ ​နှစ်စီးလည်း ​လွန် ခဲ့တဲ့ ​နှစ်လကတည်းက ​တပြိုင်တဲ ​ထွက်ခွာခဲ့ကြပေမယ့် ​တခြား ​လှေနှစ်စီး ​ဘယ်ရောက်နေသလဲဆိုတာလည်း ​မသိရသေးပါဘူး။

လှေသုံးစီးမှာ ​ခရီးသည်ပေါင်း ​၁၃၀ ​ပါဝင်ကြောင်းလည်း ​သိရပါတယ်။

ဖေဖော်ဝါရီလ ​၃ ​ရက်နေ့တုန်းကပဲ ​မြန်မာနိုင်ငံနဲ့ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ​၁၃၈ ​ယောက် ​တင်ဆောင်လာတဲ့ ​လှေတစ်စီး ​ပင်လယ်ပြင်မှာဒုက္ခ ရောက်ခဲ့တဲ့အတွက် ​သီရိလင်္ကာနိုင်ငံက ​ကယ်ဆယ်မှုတွေ ​ပြုလုပ် ခဲ့ပါတယ်။

လှေပေါ်ပါလာသူတွေဟာ ​ရိုဟင်ဂျာလူမျိုးတွေလားဆိုတာ ​မသိရသေးပေမယ့် ​အားလုံးက ​အစ္စလာမ်ဘာဝင်တွေဖြစ်ကြတယ်လို့ ​စကားပြန် ဘုန်းကြီးတပါးက ​ပြောခဲ့တယ်လို့ ​ဘီဘီစီသတင်းမှာ ​ဖော်ပြထားပါတယ်။

No comments: