Thursday, February 7, 2013

ကုလအထူးကိုယ်စားလှယ် ကချင်ဒုက္ခသည်နဲ့တွေ့ဆုံ

ABC

မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့ ​ကုလသမဂ္ဂ ​အတွင်းရေးမှူးချုပ်ရဲ့ ​အထူးကိုယ်စားလှယ် ​ဗီဂျေးနမ်ဘီးယားဟာ ​မနေ့တုန်းက ​ကချင်ပြည်နယ် ​မြစ်ကြီးနားမြို့မှာ ​ရောက်ရှိနေပြီး ​စစ်ပွဲတွေကြောင့် ​ထွက်ပြေးခိုလှုံနေ ကြတဲ့ ​ဒုက္ခသည်စခန်းတွေကို ​သွားရောက်လေ့လာခဲ့သလို ​မြစ်ကြီးနား ​မြို့တော်ခန်းမမှာပြည်သူလူထုတွေနဲ့ ​တွေ့ဆုံခဲ့တယ်လို့ ​သိရပါတယ်။

ကုလသမဂ္ဂ ​အထူးကိုယ်စားလှယ် ​ဗီဂျေးနမ်ဘီးယားနဲ့ ​အတူ ​သမ္မတရုံးဝန်ကြီး ​ဦးစိုးသိမ်းနဲ့ ​လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ​ဦးခင်ရီတို့လည်း ​လိုက်ပါလာတယ်လို့ ​ပြောပါတယ်။ ​ဗီဂျေးနမ်ဘီးယားနဲ့ ​အဖွဲ့ဟာ ​ဒုက္ခသည်တွေကို ​အကူအညီပေးဖို့ ​မြစ်ကြီးနားမြို့ ​မှာရှိတဲ့ ​ဂျာမိုင်ကောင်၊ ​တပ်ကုန်းဒုက္ခသည်စခန်းနဲ့ ​၀ိုင်းမော်မြို့က ​မိုင်းနားဒုက္ခသည်စခန်းတွေကို ​သွားရောက်လေ့ ​လာခဲ့တာဖြစ်တယ်လို့ ​ကချင်ပြည်နယ်အစိုးရ ​စက်မှုလက်မှုဝန်ကြီး ​ဦးစိုင်းမောင်ရွေက ​အခုလိုပြောပါတယ်။

“ဒီနေ့ရောက်တယ် ​ဒုက္ခသည် ​camp ​တွေကို ​လိုက်လံပြီးတော့ ​ကြည့်တယ်လေ၊ ​အဓိကတော့ ​သူလေ့လာပြီး ​တော့မှ ​ဒုက္ခသည်တွေကို ​အကူအညီပေးဖို့၊ ​မြစ်ကြီးနားcamp ​မှာတွေရောသွားတယ်၊ ​၀ိုင်းမော် ​camp ​မှာ ​တွေရောသွားတယ်။”
နေ့လည်ပိုင်းမှာတော့ ​မြစ်ကြီးနားမြို့တော်ခန်းမမှာ ​ကုလသမဂ္ဂအထူးကိုယ်စားလှယ် ​ဗီဂျေးနမ်ဘီးယားနဲ့ ​အဖွဲ့တို့ဟာ ​ပြည်သူလူထုတွေနဲ့ ​တွေ့ဆုံခဲ့တဲ့အကြောင်း ​အဲဒီပွဲကို ​တက်ရောက်ခဲ့တဲ့ ​ကချင် ​ပြည်နယ် ​တိုးတက်ရေးပါတီ(KSPP) ​ဥက္ကဌ ​ဒေါက်တာမနန်တူးဂျာက ​ပြောပါတယ်။

“လူမှုအဖွဲ့အစည်းကခေါင်းဆောင်တွေ၊ ​ပါတီကခေါင်းဆောင်တွေ၊ ​မြို့မိမြို့ဖတွေနဲ့ကတော့ ​မြို့တော်ခန်းမမှာ ​၁နာရီ ​လောက်တော့ ​တွေ့ပါတယ်၊ ​IDP ​နဲ့ဆိုင်တာတွေ ​သူလေ့လာသွားတယ်၊ ​နောက်ပြီးဒီငြိမ်းချမ်းရေးကိစ္စတွေပေါ့၊ ​အပစ်အခတ်ရပ်ပြီးတော့မှ ​တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ ​ဒါကို ​တိုက်တွန်းတာပေါ့။ ​လက်ရှိအစိုးရအနေနဲ့လည်း ​ငြိမ်းချမ်းရေးဖော်ဆောင်မှု ​ကော်မတီဖွဲ့စည်းထားပြီးတော့မှ ​လုပ်ဆောင်နေတဲ့ဥစ္စာလည်း ​ထောက်ခံတယ်ပေါ့။”
ဗီဂျေးနမ်ဘီးယားဟာ ​ကချင်ပြည်နယ်ကို ​ပထမဆုံးအကြိမ်ရောက်ရှိလာတာဖြစ်ပြီး ​အခုလိုလာ ​ရောက်တဲ့အတွက် ​ကြိုဆိုတယ်လို့လည်း ​ဒေါက်တာတူးဂျာက ​ပြောပါတယ်။

မြစ်ကြီးနားမြို့နဲ့ ​အနီးတ၀ိုက်မှာ ​ဒုက္ခသည်စခန်း ​၇ခုလောက်ရှိနေပြီး ​ဒုက္ခသည်တွေအတွက် ​နိုင်ငံတကာအ ​ကူအညီတွေကိုလည်း ​အစိုးရဘက်က ​အကန့်အသတ်နဲ့သာ ​ခွင့်ပြုတဲ့အတွက် ​ဒုက္ခသည်တွေဟာ ​ဆေးဝါး၊ ​အစားအသောက်၊ ​အ၀တ်အထည်အကူအညီတွေ ​လိုအပ်နေဆဲပဲလို့သိရပါတယ်။

No comments: