Monday, February 11, 2013

ငါးများ အဆိပ်ခတ် ဖမ်းယူခြင်း နောက်ဆက်တွဲ ပြဿနာများ

ဂျွန်ပေါ(လ်)၊ မီရယ်

ကယား(ကရင်နီ)ပြည်နယ် သံလွင်အရှေ့ဘက်ခြမ်းရှိ စမ်းချောင်းတွေမှာ သဘာဝအလျောက် ကြီးပြင်းနေတဲ့ ငါးတွေကို တံငါသည်များက အ ဆိပ်ခတ်ပြီး ဖမ်းယူနေကြတဲ့အတွက် ချောင်းရေ ထဲက ရေသတ္တ၀ါတွေကိုပါ ထိခိုက်စေသာမက အဆိပ်သင့်ငါးကို ပြန်လည်စားသုံးသူတွေအ ဖို့ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တယ်လို့ တာဝန်ရှိသူကပြောပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့မြန်မာအစိုးရတို့အကြား အပစ်ခတ်ရပ်စဲရေး ပြုလုပ်ပြီးနောက် တောလိုက်မုဆိုးနဲ့ တံငါသည် များ သိသိသာသာများပြားလာပြီး ငါးတွေကိုအ ဆိပ်ခတ်ဖမ်းယူမှုတွေလည်း များပြားလာတယ်လို့ KNPP မှ ပြည်ထဲရေးဌာနမှ ဒုဝန်ကြီးခူးညေး ရယ်က ပြောပါတယ်။

ခူးညေးရယ်က "အရင်ကလည်း ရှိတယ် ဒါပေမဲ့ နည်းတယ် ဒါပေမဲ့ ဒီအခု ဒီနည်းနည်း လွတ်လပ်လာတယ်လို့ ပြောရမှာပေါ့ဆိုတော့လူတွေ လည်း သွား လာပိုစိတ်လာတယ်ပေါ့။ ဆိုတော့ အဲ့ဒီလို လုပ်တာပိုများလာတယ်လို့ ပြောလို့ရတယ်ပေါ့။ ဒီဆွေးနွေးမှုလုပ်နေတဲ့ နောက်ပိုင်း ပေါ့" လို့ပြောပါတယ်။

ယခုလို ငါးတွေကို အဆိပ်ကျွေးဖမ်းဆီးခြင်းဖြင့် ငါးအမျိုးတုံးနိုင်ရုံ တင်မက ရေထဲရှိ သတ္တ၀ါတွေပါ သေဆုံးပြီး ရေအရင်းအမြစ်ကိုပါထိခိုက် စေနိုင်တယ်လို့ ခူးညေးရယ်က ယခုလိုဆက်ရှင်းပြ ပါတယ်။

"ဆေးကျွေးတာတို့ ရှော့တိုက်တာတို့ဆိုတာ အများကြီး ထိခိုက်တယ်လေး ဥပမာ ရေထဲမှာအဆိပ်ခတ်တယ် ဆေးထည့်တယ်ဆိုတာ အဆိပ် ခတ်တာဘဲ လေး ဆိုတော့ ငါးတစ်မျိုးထဲမှ မကဘူး ကျန်တဲ့ အကောင်သေးသေးလေးတွေ ရေထဲမှာနေတဲ့ သတ္တဝါတွေပေါ့နော် နောက်သူ့ မျိုးဥတွေရှိမယ် ဥပမာ ဖားဆို ဥတွေ သေးသေး ရေပေါ်မှာရှိ တယ်ဆိုတော့ လျှပ်စစ်တို့တာဘဲဖြစ်ဖြစ် အဆိပ်ခတ်ဆေးထည့်တာဘဲဖြစ်ဖြစ် အဲ့ဒါက ဒီ ဥတွေပါ ပျတ်တယ်လေး အကောင်သေးတွေပါ သေတယ်ပေါ့ သေတော့ တကယ့်သူတို့ ပြန်လိုက် ဖမ်းတဲ့အခါတော့ အကောင်ကြီး ကြီး သူတို့ အတွက်စားနိုင်တဲ့ အကောင်တွေပဲ ဖမ်းတယ်လေ ဟိုမလိုအပ်တဲ့အခြား အကောင်ငယ်ငယ်တွေကပါ သေတော့ ရည် ရှည် အတွက် ဒီလိုဆက် လုပ်မယ်ဆိုရင် သူ့ ဟာ အမျိုးတုံးသွားနိုင်တယ်လေ"

တံငါသည် များက ငါးများကို အလွယ်တကူဖမ်းဆီးနိုင်ဖို့နဲ့ များများရရှိနိုင်ဖို့ ရည်ရွယ်ပြီး ခုလို အဆိပ်ခတ်ဖမ်းတာဖြစ်တယ်လို့ ဆိုပါတယ်။ ငါး တွေကို အဆိပ်ခတ်ပြီး ဖမ်းယူတဲ့အကြောင်းနဲ့ ပတ်သက်ပြီး သိရှိထားတဲ့ ရွာသားတဦးက ယခုလိုရှင်းပြပါတယ်။

"ငါးများကို အဆိပ်ပြင်းတဲ့ ဆေးတစ်မျိုးကို ငါးအစာနဲ့ရောနှောပြီး ကျွေးရင် မိနစ်ပိုင်းအတွင်း ငါးများမူးပြီး မလှုပ်ရှားနိုင်ဘဲအလွယ်တကူဖမ်း ဆီးပြီး အူ များကို အမြန်ထုတ်ရတယ်။ အဲ့ဒီအဆိပ်စားမိတဲ့ ငါးတွေနဲ့ သာမာန် ငါးသေကောင်များရဲ့ ကွာခြားမှုတွေကတော့ အဆိပ်သင့်ငါးတွေ က ပုတ်သိုးမြန်ပြီး အသားလည်း သာမာန်ငါးတွေထက် ပျော့ပျောင်းတယ် ပွလည်းပိုပြီးပွတယ်"

ရပ်ရွာထဲမှာ အလွယ်တကူရနိုင်တဲ့ အဆိပ်ဆေးများမှာ ပိုးသတ်ဆေးနဲ့ ကြွက်သတ်ဆေး တွေဖြစ်ပါတယ်။ ယခုငါးများကိုခတ်တဲ့အဆိပ်ဟာ မည်သည့်အဆိပ်ဆေးဖြစ်တာကို တိတိကျကျ မသိရှိရပေမဲ့လို့ အဆိပ်သင့်ငါးတွေကို စားမိခြင်းအားဖြင့် အသက်ငယ်ရွယ်စဉ်အချိန်မှာ မသိ သာပေမဲ့ အသက်ကြီးလာတဲ့အခါမှာ ကျန်းမာရေးထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ဆိုပါတယ်။

အပစ်ခပ်ရပ်စဲရေး ယူပြီးတဲ့ကာလအတောအတွင်း သံလွင်အရှေ့ခြမ်းမှာ အမဲလိုက်ခြင်းနဲ့ ဟင်းရှာထွက်သူ များပြားလာတဲ့အတွက် KNPP အ စိုးရမှ အတည်ပြုပြဌါန်းထားတဲ့ တောရိုင်းတိ ရိစ္ဆာန်များနှင့် သဘာဝပေါက်ပင်များကို ကာကွယ်ရေးနှင့် သဘာဝနယ်မြေများကို ထိန်းသိမ်းရေး ဥပဒေ၊ သစ်တောဥပဒေများနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာမှ ဇန်န၀ါရီလ ၂၂ရက် နေ့ က အမိန့်စာ ထုတ်ပြန်ထားပါတယ်။

ရုံးအမိန့်စာအမှတ် (၀၀၃/၂၀၁၃) အရ လုံးဝကာကွယ်ထားတဲ့ တောဆင်၊ တောနွား၊ တောကျွှဲ(စိုင်)၊ ကျားအမျိုးမျိုး စတဲ့တောရိုင်း တိရိစ္ဆာန် များကို အမဲလိုက်ရာမှာ ပစ်ခတ်ကျူးလွန်ပါက ပုဒ်မ ၂၁ အရ ထောင်ဒဏ် (၇) နှစ်သော်လည်းကောင်း၊ ရာသီအလိုက် ကာကွယ်ထားတဲ့ ဆတ်၊ တောကြောင် အမျိုးမျိုး၊ မြောက်လေပွေ၊ ဒရယ်၊ ဥသြငှက်မျိုးများစတဲ့ တောရိုင်း တိရိစ္ဆာန် များကို အမဲလိုက်ရာမှာ ပစ်ခတ်ကျူးလွန် ပါက မုဒ်မ (၂၀) အရ ထောင်ဒဏ် (၅) နှစ်ထိ ချမှတ်ခြင်းခံရမယ်လို့ ဖေါ်ပြထားပါတယ်။

No comments: