Wednesday, February 20, 2013

သပိတ်စခန်းဖြိုခွင်းခဲ့သည့်တရားခံ မထုတ်ပြန်နိုင်ပါက ဆန္ဒထုတ်ဖော်ရန်စီစဉ်နေ

Myit Makha

လာမည့် ဖေဖော်ဝါရီလကုန်ပိုင်းတွင် စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ လက်ပံတောင်းတောင်ကြေး နီ စီမံကိန်း သပိတ်စခန်းဖြိုခွင်း ခဲ့သည့် အကြောင်းအ ရာနှင့်ပတ်သက်၍ ပြည်သူများအ တွက် ထုတ်ပြန် ကြေ ညာခြင်းမရှိပါက ဆန္ဒပြမှုများဆက်လက်လုပ်ဆောင်သွားရန် အစီအစဉ်ရှိသည်ဟု ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ ကိုအောင်စိုးက ဆိုသည်။

“ကျွန်တော်တို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဆုံးဖြတ်ချက်ကို မစောင့်နိုင်လို့ လုပ်တာလည်း ဟုတ်တယ် ၊ စောင့်လာတာ တစ်လ လောက်ကြာနေပြီ ၊ ဒီလ၂၈ ရက် နေ့ မှ အဖြေမထုတ်ပြန်ပဲ အချိန်ဆွဲထား မယ်ဆိုရင် ဆန္ဒပြပွဲဖြစ်ပေါ်လာအုံးမှာပါ ” ဟု ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန် ယက်မှ ကိုအောင်စိုးက ပြောသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသပိတ်စခန်းဖြိုခွဲမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးကော် မရှင်မှ ၂၀၁၃ခုနှစ် ဇန်န၀ါရီလလယ်ပိုင်းတွင် အစိုးရထံသို့ ကြားဖြတ်အစီရင်ခံစာတင်ခဲ့ကြောင်း နိုင်ငံပိုင်သ တင်းစာတွင် ဖော်ပြခဲ့ပြီးနောက် မည်သူ့တွင်အပြစ်ရှိကြောင်း ၊ ဗုံးသည် မည်သို့သော အမျိုးအစားဖြစ်ကြောင်းနှင့်မည်သူမျှအရေး ယူဆောင်ရွက်ခြင်း မရှိဘဲ ပြည်သူများထံသို့ သတင်းထုတ် ပြန်ခြင်းလည်း မရှိသေးကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အထိ အစီရင်ခံစာကို ပြည်သူများထံ ထုတ်ပြန်နိုင်ခြင်းမရှိပါက မုံရွာမြို့နှင့် ရန်ကုန်မြို့တို့မှ သံဃာတော်များ ၊ တောင်သူလယ်သမားနှင့် ပြည် သူများက စုပေါင်း၍ ဆန္ဒပြရန် အစီအ စဉ်ရှိကြောင်း ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်က ဆိုသည်။

လက်ပံတောင်းတောင်ဒေသခံများအနေဖြင့် ဆက်လက်ဆန္ဒပြဖြစ်မည်ဆိုပါက စီမံကိန်း လုံးဝ ဖျက်သိမ်းရေး ၊ လက်ပံတောင်းတောင်မှ ပြည် သူများ၏ဆန္ဒအား လေးစားပေးရန်နှင့် သပိတ်စခန်း ဖြိုခွင်းခဲ့သူများ အား ဖော်ထုတ်ပေးရန် စသည့်အချက်များကို တောင်းဆိုသွားမည်ဟု ဒေသခံ ဦးမြင့်တင်က ဆိုသည်။

“စီမံကိန်းဖျက်သိမ်းဖို့ ၊ ပြည်သူတွေရဲ့ဆန္ဒကို လေးစားပေးဖို့ နဲ့သပိတ်စခန်းဖြိုခွင်းခဲ့သူတွေကို ဖော်ထုတ်အရေးယူပေးဖို့ ဆန္ဒပြသွားမှာပါ “ ဟု ဒေသခံ ဦးမြင့်တင်က ပြောသည်။

လက်ပံတောင်းကြေးနီစီမံကိန်းကို ဖျက်သိမ်းရန်တောင်းဆိုရခြင်းမှာ ၄င်းကုမ္ပဏီမှာ ညအခါတွင် လုပ်ငန်းဆက် လက်လုပ်ကိုင်နေခြင်းကြောင့် ဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။

“ ကျွန်တော်တို့လိုချင်တာ လုံးဝ ရပ်ဆိုင်းသွားတာကိုပါ ၊ ဒီလို ညအချိန်မှလုပ်တယ်ဆိုတာတော့ မလိုချင်ပါဘူး ” ဟု ကိုမြင့်တင်က ပြောသည်။

ဖေဖော်ဝါရီလ(၁၇)ရက်နေ့တွင် လက်ပံတောင်းတောင်ရှိ ဆည်းတည်းရွာမှ တောင်သူ လယ်သမားများမှာလက်ပံတောင်းတောင်အရေးဖော် ထုတ်မှုနှင့်ပတ်သက်၍ ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ယက်နှင့် ပူးပေါင်းကာ အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့သည်။

“အစည်းအဝေးလုပ်တဲ့ ရည်ရွယ်ချက်ကတော့ စီမံကိန်း ဖျက်သိမ်း ဖို့ပါပဲ ၊ ကျွန်တော်တို့ ပြည်သူ တွေရဲ့ ဆန္ဒကိုလေးစားမှု ထားပေးပါ ၊ စုံ စမ်းစစ်ဆေးရေး ကော်မရှင်မှ အစီရင်ခံစာ ကို မစောင့် နိုင်လို့ပါ ” ဟု ရန်ကုန်ပြည်သူ့ကွန်ရက်မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းကို ၂၀၁၂ခုနှစ် နိုဝင်ဘာလ (၂၉)ရက်နေ့တွင် သက်ဆိုင်ရာအာဏာပိုင်များမှ အကြမ်း ဖက်ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။

No comments: